နဂိုကတည်းက ရော်နယ်ဒိုကို အထင်မကြီးခဲ့တဲ့ ဇလာတန် အခုရော ဘယ်လိုသဘောထားနေလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီကြယ်ပွင့်စီရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းမှာ ၂၀၀၃ခုနှစ်ကနေ ၂၀၀၉ခုနှစ်အထိ ပထမတစ်ကြိမ်ကစားခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်အသင်းမှာရှိခဲ့တဲ့ကာလအတွင်း ပြည်တွင်းအမှတ်ပေးဖလား ၃ကြိမ်အပြင် ချန်ပီယံလိဂ်ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အသက်၃၆နှစ်အရွယ်ရှိလာချိန်မှာ ဂျူဗင်တပ်စ်အသင်းကနေ ယူနိုက်တက်အသင်းကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကိုအောင်မြင်မှုတွေပြန်လည်ရယူပေးဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုနဲ့ ပတ်သက်လာရင်တော့ အိုးထရက်ဖို့ဒ်က ပထမအကြိမ်အောင်ပွဲခံနိုင်မှုမှာ မထောက်ခံပေးနိုင်တဲ့သူတစ်ဦးရှိနေပြီး

အဲဒီသူကတော့ သူ့ရဲ့စီနီယာပြိုင်ဘက်ကောင်းကြီး ဇလာတန် အီဘရာဟီမိုဗစ်ချ်ပါ။ သူကတော့ ရော်နယ်ဒိုရဲ့ ယူနိုက်တက်ဂျာစီကို ဝတ်ဆင်ခဲ့ချိန်က ခြေစွမ်းတွေကို အထင်မကြီးလှဘူးလို့ သိရှိရပါတယ်။

၂၀၁၅ ခုနှစ်က BBC နဲ့ အင်တာဗျူးမှာ မိုဗစ်ချ်က ရော်နယ်ဒိုရဲ့လုပ်ဆောင်မှုတွေနဲ့ အောင်မြင်မှုအများစုဟာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ကျေးဇူးကြောင့်သာဖြစ်ပြီး

ဒီထက်ပိုပြီး ဂုဏ်ပြုထိုက်တဲ့သူက ကွင်းထဲမှာ ရော်နယ်ဒိုတောက်ပနိုင်ဖို့အတွက် သူ့ကိုယ်သူ အနစ်နာခံပြီး ဝန်းရံပေးဆပ်ခဲ့တဲ့ ဝိန်းရွန်းနီသာဖြစ်တယ်လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ချ်က ” တကယ့် ထိပ်တန်း ကစားသမားတွေက သူတို့ရဲ့အခိုက်အတန့်တွေကို ၁နှစ်ကနေ၃နှစ်အတွင်း ထိန်းထားတတ်ကြပါတယ်။

ဒါပေမယ့် ရွန်းနီလိုမျိုး ၅နှစ်၊ ၁၀နှစ်လောက်ထိန်းထားဖို့ဆိုတာ မလွယ်ကူပါဘူး။

အသင်းကြီးအတွက်ကစားပေးရတာ နေ့တိုင်းဖိအားတွေနဲ့ပါ”

” ရွန်းနီက ရော်နယ်ဒိုနဲ့တွဲကစားခဲ့တုန်းက အောက်ခြေသိမ်းကအစ မတွက်ကပ်ဘူး။

အကုန်လိုက်လုပ်ပေးခဲ့သူပါ။ ဒါပေမယ့် ရွန်းနီက သူနဲ့ထိုက်တန်တဲ့ အသိအမှတ်ပြုခံရတဲ့ ဂုဏ်သိက္ခာကိုတော့ သိပ်များများစားစား မရခဲ့ရှာပါဘူး။

ဘာကြောင့်လဲဆိုတော့ ရော်နယ်ဒိုကပဲ ရလာတဲ့ ဂိုးအခွင့်အရေးတိုင်းကို ဒိုင်ခံသွင်းယူနေနိုင်ခဲ့လို့ပါ။” လို့ ပြောဆိုသွားခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နဂိုကတည္းက ေရာ္နယ္ဒိုကို အထင္မႀကီးခဲ့တဲ့ ဇလာတန္ အခုေရာ ဘယ္လိုသေဘာထားေနလဲ

ေပၚတူဂီၾကယ္ပြင့္စီေရာ္နယ္ဒိုဟာ ယူႏိုက္တက္အသင္းမွာ ၂၀၀၃ခုႏွစ္ကေန ၂၀၀၉ခုႏွစ္အထိ ပထမတစ္ႀကိမ္ကစားခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းထံ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

စီေရာ္နယ္ဒိုအေနနဲ႔ ယူႏိုက္တက္အသင္းမွာရွိခဲ့တဲ့ကာလအတြင္း ျပည္တြင္းအမွတ္ေပးဖလား ၃ႀကိမ္အျပင္ ခ်န္ပီယံလိဂ္ဖလားကိုပါ ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ အသက္၃၆ႏွစ္အ႐ြယ္ရွိလာခ်ိန္မွာ ဂ်ဴဗင္တပ္စ္အသင္းကေန ယူႏိုက္တက္အသင္းကို တစ္ေက်ာ့ျပန္ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းကိုေအာင္ျမင္မႈေတြျပန္လည္ရယူေပးဖို႔ စိတ္အားထက္သန္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္ ေရာ္နယ္ဒိုနဲ႔ ပတ္သက္လာရင္ေတာ့ အိုးထရက္ဖို႔ဒ္က ပထမအႀကိမ္ေအာင္ပြဲခံႏိုင္မႈမွာ မေထာက္ခံေပးႏိုင္တဲ့သူတစ္ဦးရွိေနၿပီး အဲဒီသူကေတာ့ သူ႔ရဲ႕စီနီယာၿပိဳင္ဘက္ေကာင္းႀကီး ဇလာတန္ အီဘရာဟီမိုဗစ္ခ်္ပါ။ သူကေတာ့ ေရာ္နယ္ဒိုရဲ႕ ယူႏိုက္တက္ဂ်ာစီကို ဝတ္ဆင္ခဲ့ခ်ိန္က ေျခစြမ္းေတြကို အထင္မႀကီးလွဘူးလို႔ သိရွိရပါတယ္။

၂၀၁၅ ခုႏွစ္က BBC နဲ႔ အင္တာဗ်ဴးမွာ မိုဗစ္ခ်္က ေရာ္နယ္ဒိုရဲ႕လုပ္ေဆာင္မႈေတြနဲ႔ ေအာင္ျမင္မႈအမ်ားစုဟာ ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ေက်းဇူးေၾကာင့္သာျဖစ္ၿပီး ဒီထက္ပိုၿပီး ဂုဏ္ျပဳထိုက္တဲ့သူက ကြင္းထဲမွာ ေရာ္နယ္ဒိုေတာက္ပႏိုင္ဖို႔အတြက္ သူ႔ကိုယ္သူ အနစ္နာခံၿပီး ဝန္းရံေပးဆပ္ခဲ့တဲ့ ဝိန္း႐ြန္းနီသာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ခ်္က ” တကယ့္ ထိပ္တန္း ကစားသမားေတြက သူတို႔ရဲ႕အခိုက္အတန႔္ေတြကို ၁ႏွစ္ကေန၃ႏွစ္အတြင္း ထိန္းထားတတ္ၾကပါတယ္။ ဒါေပမယ့္ ႐ြန္းနီလိုမ်ိဳး ၅ႏွစ္၊ ၁၀ႏွစ္ေလာက္ထိန္းထားဖို႔ဆိုတာ မလြယ္ကူပါဘူး။ အသင္းႀကီးအတြက္ကစားေပးရတာ ေန႔တိုင္းဖိအားေတြနဲ႔ပါ”

” ႐ြန္းနီက ေရာ္နယ္ဒိုနဲ႔တြဲကစားခဲ့တုန္းက ေအာက္ေျခသိမ္းကအစ မတြက္ကပ္ဘူး။ အကုန္လိုက္လုပ္ေပးခဲ့သူပါ။ ဒါေပမယ့္ ႐ြန္းနီက သူနဲ႔ထိုက္တန္တဲ့ အသိအမွတ္ျပဳခံရတဲ့ ဂုဏ္သိကၡာကိုေတာ့ သိပ္မ်ားမ်ားစားစား မရခဲ့ရွာပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေရာ္နယ္ဒိုကပဲ ရလာတဲ့ ဂိုးအခြင့္အေရးတိုင္းကို ဒိုင္ခံသြင္းယူေနႏိုင္ခဲ့လို႔ပါ။” လို႔ ေျပာဆိုသြားခဲ့တာပါ။