ဓာတ္ကူးမွာစုိးလုိ႔ ဂ်ဳံးစ္၊ယန္းတို႔နဲ႔ ေ၀းေ၀းေနဖို႔ မက္ဂြိဳင္းယားကို မန္ယူပရိသတ္ေတြေတာင္းပန္

photo-gettyimages

photo-gettyimages

ဖီးလ္ဂ်ဳံးစ္နဲ႔အက္ရွ္ေလယန္းတို႔ဟာ ကစားသမားသစ္ျဖစ္တဲ့မက္ဂြိဳင္းယားနဲ႔ ေ၀းေ၀းေနဖို႔ လိုတယ္လုိ႔ မန္ယူပရိသတ္ေတြက ေနာက္ေျပာင္ေနၾကပါတယ္။ ဒါမွသာ ကမာၻ႔ေစ်းအႀကီးဆုံးေနာက္ခံလူဟာ သူတို႔ရဲ႕ဓာတ္ကူးျခင္း ခံရမွာမဟုတ္ဘူးလို႔ မန္ယူပရိသတ္ေတြက ႀကံႀကံဖန္ဖန္ေတြးေနၾကတာပါ။

photo-twitter

မက္ဂြိဳင္းယားဟာ လက္စတာကေန ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၈၀ နဲ႔ ေရာက္လာၿပီးတဲ့ေနာက္ ခ်က္ခ်င္းဆုိသလုိပဲ အိုးလ္ထရက္ဖုိ႔ဒ္မွာ ပရိသတ္အႀကိဳက္ကစားသမားတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ သူဟာ ခ်ဲလ္ဆီးနဲ႔ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္တုနး္ကလည္း အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့တာပါ။ ဒါေပမဲ့လည္း လာမယ့္တနလၤာေန႔ကစားရမယ့္ ၀ုဗ္နဲ႔ပြဲစဥ္မတိုင္ခင္ မန္ယူအသင္းက အသင္းသားေတြေလ့က်င့္ခန္းဆင္းေနၾကတဲ့ပုံတခ်ိဳ႕ကို ဆုိရွယ္မီဒီယာေပၚတင္လုိက္ခ်ိန္မွာေတာ့ အခ်ိဳ႕ေသာပရိသတ္ေတြဟာ စိုးရိမ္စျပဳသြားပါတယ္။

photo-gettyimages

အထူးသျဖင့္ မန္ယူအသင္းတင္လုိက္တဲ့ပုံေတြထဲက တစ္ခုမွာ ဖီးလ္ဂ််ဳံးစ္နဲ႔အက္ရွ္ေလယန္းတုိ႔က မက္ဂြိဳင္းယားနဲ႔နီးနီးကပ္ကပ္ရွိေနတဲ့အေပၚ မ်က္စိလ်င္တဲ့ပရိသတ္ေတြက သတိထားမိသြားၾကတယ္။ ဖီးလ္ဂ်ံးစ္နဲ႔အက္ရွ္ေလယန္းတုိ႔ဟာ မန္ယူအသင္းရဲ႕တခ်ိဳ႕ပြဲေတြမွာ ညံ့ဖ်င္းလြန္းခဲ့ၿပီး တလြဲေတြလုပ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ Twitter ေပၚက မန္ယူပရိသတ္တစ္ေယာက္က ”မက္ဂြိဳင္းယားေရ ဂ်ံဳးစ္၊ယန္းတို႔နဲ႔ ေက်းဇူးျပဳၿပီးေ၀းေ၀းေနေပးပါ။ ႏုိ႔မိုဆုိ သူတို႔ရဲ႕အညံ့ေေတြ မင္းဆီကူးမွာစိုးလုိ႔႔ပါ”လုိ႔ ေရးတင္ခဲ့ပါတယ္။ တျခားမန္ယူပရိသတ္ေတြကလည္း ဆုိရွယ္မီဒီယာေပၚမွာ အဲဒီလိုအျမင္ရွိခဲ့ၾကပါတယ္။

[Unicode]

ဖီးလ်ဂျုံးစ်နဲ့အက်ရှ်လေယန်းတို့ဟာ ကစားသမားသစ်ဖြစ်တဲ့မက်ဂွိုင်းယားနဲ့ ဝေးဝေးနေဖို့ လိုတယ်လို့ မန်ယူပရိသတ်တွေက နောက်ပြောင်နေကြပါတယ်။ ဒါမှသာ ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူဟာ သူတို့ရဲ့ဓာတ်ကူးခြင်း ခံရမှာမဟုတ်ဘူးလို့ မန်ယူပရိသတ်တွေက ကြံကြံဖန်ဖန်တွေးနေကြပါတယ်။

မက်ဂွိုင်းယားဟာ လက်စတာကနေ ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ နဲ့ ရောက်လာပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ အိုးလ်ထရက်ဖို့ဒ်မှာ ပရိသတ်အကြိုက်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တုန်းကလည်း အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့တာပါ။ ဒါပေမဲ့လည်း လာမယ့်တနင်္လာနေ့ကစားရမယ့် ဝုဗ်နဲ့ပွဲစဉ်မတိုင်ခင် မန်ယူအသင်းက အသင်းသားတွေလေ့ကျင့်ခန်းဆင်းနေကြတဲ့ပုံတချို့ကို ဆိုရှယ်မီဒီယာပေါ်တင်လိုက်ချိန်မှာတော့ အချို့သောပရိသတ်တွေဟာ စိုးရိမ်စပြုသွားပါတယ်။

အထူးသဖြင့် မန်ယူအသင်းတင်လိုက်တဲ့ပုံတွေထဲက တစ်ခုမှာ ဖီးလ်ဂျျုံးစ်နဲ့အက်ရှ်လေယန်းတို့က မက်ဂွိုင်းယားနဲ့နီးနီးကပ်ကပ်ရှိနေတဲ့အပေါ် မျက်စိလျင်တဲ့ပရိသတ်တွေက သတိထားမိသွားကြတယ်။ ဖီးလ်ဂျံးစ်နဲ့အက်ရှ်လေယန်းတို့ဟာ မန်ယူအသင်းရဲ့တချို့ပွဲတွေမှာ ညံ့ဖျင်းလွန်းခဲ့ပြီး တလွဲတွေလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် Twitter ပေါ်က မန်ယူပရိသတ်တစ်ယောက်က ”မက်ဂွိုင်းယားရေ ဂျုံးစ်၊ယန်းတို့နဲ့ ကျေးဇူးပြုပြီးဝေးဝေးနေပေးပါ။ နို့မိုဆို သူတို့ရဲ့အညံ့ေတွေ မင်းဆီကူးမှာစိုးလို့ပါ”လို့ ရေးတင်ခဲ့ပါတယ်။ တခြားမန်ယူပရိသတ်တွေကလည်း ဆိုရှယ်မီဒီယာပေါ်မှာ အဲဒီလိုအမြင်ရှိခဲ့ကြပါတယ်။