ဒေးဗစ်မွိုက်စ်လက်ထက် ယူနိုက်တက်အသင်းထက် ရလဒ်ပိုဆိုးနေတဲ့ လီဗာပူးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ လက်ရှိချန်ပီယံလီဗာပူးလ်အသင်းဟာ ပွဲစဉ်(၂၅)အပြီး သူတို့အသင်းရဲ့ စွမ်းဆောင်ရည်က မန်ချက်စတာယူနိုက်တက်အသင်းကို ဒေးဗစ်မွိုက်စ်ကိုင်တွယ်ခဲ့တုန်းကထက် ပိုဆိုးရွားနေပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက နှစ်ပေါင်း(၃၀)ကြာဝေးကွာခဲ့တဲ့ အမှတ်ပေးဖလား ဆွတ်ခူးခဲ့တဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာတော့ ချန်ပီယံကာကွယ်ရေးမျှော်လင့်ချက် အဆုံးသတ်ခဲ့ရပြီဖြစ်သလို အဆင့်(၆)နေရာရောက်ရှိနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်ရဖို့ရှိနေပါပြီ။

လီဗာပူးလ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ပွဲတုန်းက အဲဗာတန်အသင်းကို (၂၁)ရာစုအတွင်း ပထမဆုံးအကြိမ်ရှုံးနိမ့်ခဲ့ပြီး ၁၉၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအိမ်ကွင်း(၄)ပွဲဆက်ရှုံးပွဲ၊ ပရီးမီးယားလိဂ်နောက်ဆုံး(၄)ပွဲဆက်အရှုံးစတဲ့ မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

ဒ့ါအပြင် လီဗာပူးလ်အသင်းဟာ ပွဲစဉ်(၂၅)အပြီး အဆိုးရွားဆုံးရလဒ်ပိုင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအသင်းတွေထဲမှာ တတိယမြောက်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ ပွဲစဉ်(၂၅)ကစားပြီးချိန်မှာ (၁၁)ပွဲသာနိုင်ခဲ့သလို (၇)ပွဲသရေ၊ (၇)ပွဲအထိရှုံးခဲ့ပြီး ရမှတ်(၄၀)သာရရှိထားတာပါ။

ဒီမှတ်တမ်းက ၂၀၁၃-၁၄ ရာသီတုန်းက ဒေးဗစ်မွိုက်စ်လက်ထက် လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်း ရလဒ်တွေထက်တောင် ပိုဆိုးရွားနေတာဖြစ်ပါတယ်။

အဲဒီရာသီမှာ ယူနိုက်တက်အသင်းဟာ ပွဲစဉ်(၂၅)အပြီးမှာ (၁၂)ပွဲအနိုင်ရခဲ့ပြီး (၆)ပွဲရှုံးနိမ့်ခဲ့သလို ရာသီကုန်မှာတော့ အဆင့်(၇)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ လက်ရှိချန်ပီယံအသင်းတွေထဲမှာ အဆိုးရွားဆုံးရလဒ်ပိုင်ဆိုင်ခဲ့တာက လက်စတာအသင်းဖြစ်ပြီး ၂၀၁၆-၁၇ ရာသီပွဲစဉ်(၂၅)အပြီးမှာ (၅)ပွဲသာအနိုင်ရခဲ့သလို (၁၄)ပွဲအထိရှုံးနိမ့်ခဲ့တဲ့အပြင် ရာသီကုန်မှာလည်း အဆင့်(၁၂)နေရာသာရရှိခဲ့ပါတယ်။

လက်စတာပြီးရင်တော့ ချယ်လ်ဆီးအသင်းက ဒုတိယနေရာမှာရှိနေပြီး ၂၀၁၅-၁၆ ရာသီမှာ (၇)ပွဲနိုင်၊ (၉)ပွဲသရေ၊ (၉)ပွဲရှုံးနဲ့ ရာသီကုန်မှာ အဆင့်(၁၀)သာရရှိခဲ့တာပါ။ အခုစာရင်းထဲမှာ ၁၉၉၅-၉၆ ရာသီတုန်းက လက်ရှိချန်ပီယံ ဘလက်ဘန်း(၁၂ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၆ပွဲရှုံး-ရာသီကုန် အဆင့် ၇)၊ ၂၀၁၀-၁၁ တုန်းက ချယ်လ်ဆီး (၁၃ပွဲနိုင်၊ ၅ ပွဲသရေ၊ ၇ပွဲရှုံး – ရာသီကုန်အဆင့် ၂)တို့လည်း ပါဝင်ခဲ့ပါတယ်။

အခုစာရင်းထဲမှာ ပါဝင်ခဲ့တဲ့အသင်းတွေထဲက ၂၀၁၀-၁၁ ရာသီမှာ ချယ်လ်ဆီးအသင်း အဆင့်(၂)ရခဲ့တာကလွဲလို့ ကျန်တဲ့အသင်းတွေဟာ ဆိုးရွားတဲ့ရပ်တည်မှုတွေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် လွဲချော်ခဲ့တာကြောင့် အခု လီဗာပူးလ်အသင်းအနေနဲ့ အဲဒီလိုအခြေအနေဆိုး မကြုံရအောင် ကြိုးစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဒးဗစ္မြိဳက္စ္လက္ထက္ ယူႏိုက္တက္အသင္းထက္ ရလဒ္ပိုဆိုးေနတဲ့ လီဗာပူးလ္

ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ရလဒ္ေတြ ဆိုး႐ြားေနတဲ့ လက္ရွိခ်န္ပီယံလီဗာပူးလ္အသင္းဟာ ပြဲစဥ္(၂၅)အၿပီး သူတို႔အသင္းရဲ႕ စြမ္းေဆာင္ရည္က မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေဒးဗစ္မြိဳက္စ္ကိုင္တြယ္ခဲ့တုန္းကထက္ ပိုဆိုး႐ြားေနပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ႏွစ္ေပါင္း(၃၀)ၾကာေဝးကြာခဲ့တဲ့ အမွတ္ေပးဖလား ဆြတ္ခူးခဲ့တဲ့ လီဗာပူးလ္အသင္းဟာ လက္ရွိအခ်ိန္မွာေတာ့ ခ်န္ပီယံကာကြယ္ေရးေမွ်ာ္လင့္ခ်က္ အဆုံးသတ္ခဲ့ရၿပီျဖစ္သလို အဆင့္(၆)ေနရာေရာက္ရွိေနတာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ႐ုန္းကန္ရဖို႔ရွိေနပါၿပီ။ လီဗာပူးလ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ပြဲတုန္းက အဲဗာတန္အသင္းကို (၂၁)ရာစုအတြင္း ပထမဆုံးအႀကိမ္ရႈံးနိမ့္ခဲ့ၿပီး ၁၉၂၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအိမ္ကြင္း(၄)ပြဲဆက္ရႈံးပြဲ၊ ပရီးမီးယားလိဂ္ေနာက္ဆုံး(၄)ပြဲဆက္အရႈံးစတဲ့ မွတ္တမ္းဆိုးေတြ ပိုင္ဆိုင္ခဲ့ပါတယ္။

ဒ့ါအျပင္ လီဗာပူးလ္အသင္းဟာ ပြဲစဥ္(၂၅)အၿပီး အဆိုး႐ြားဆုံးရလဒ္ပိုင္ဆိုင္ခဲ့တဲ့ ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံအသင္းေတြထဲမွာ တတိယေျမာက္အျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။လီဗာပူးလ္အသင္းဟာ ပြဲစဥ္(၂၅)ကစားၿပီးခ်ိန္မွာ (၁၁)ပြဲသာႏိုင္ခဲ့သလို (၇)ပြဲသေရ၊ (၇)ပြဲအထိရႈံးခဲ့ၿပီး ရမွတ္(၄၀)သာရရွိထားတာပါ။ ဒီမွတ္တမ္းက ၂၀၁၃-၁၄ ရာသီတုန္းက ေဒးဗစ္မြိဳက္စ္လက္ထက္ လက္ရွိခ်န္ပီယံ မန္ခ်က္စတာယူႏိုက္တက္အသင္း ရလဒ္ေတြထက္ေတာင္ ပိုဆိုး႐ြားေနတာျဖစ္ပါတယ္။ အဲဒီရာသီမွာ ယူႏိုက္တက္အသင္းဟာ ပြဲစဥ္(၂၅)အၿပီးမွာ (၁၂)ပြဲအႏိုင္ရခဲ့ၿပီး (၆)ပြဲရႈံးနိမ့္ခဲ့သလို ရာသီကုန္မွာေတာ့ အဆင့္(၇)ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ လက္ရွိခ်န္ပီယံအသင္းေတြထဲမွာ အဆိုး႐ြားဆုံးရလဒ္ပိုင္ဆိုင္ခဲ့တာက လက္စတာအသင္းျဖစ္ၿပီး ၂၀၁၆-၁၇ ရာသီပြဲစဥ္(၂၅)အၿပီးမွာ (၅)ပြဲသာအႏိုင္ရခဲ့သလို (၁၄)ပြဲအထိရႈံးနိမ့္ခဲ့တဲ့အျပင္ ရာသီကုန္မွာလည္း အဆင့္(၁၂)ေနရာသာရရွိခဲ့ပါတယ္။

လက္စတာၿပီးရင္ေတာ့ ခ်ယ္လ္ဆီးအသင္းက ဒုတိယေနရာမွာရွိေနၿပီး ၂၀၁၅-၁၆ ရာသီမွာ (၇)ပြဲႏိုင္၊ (၉)ပြဲသေရ၊ (၉)ပြဲရႈံးနဲ႔ ရာသီကုန္မွာ အဆင့္(၁၀)သာရရွိခဲ့တာပါ။ အခုစာရင္းထဲမွာ ၁၉၉၅-၉၆ ရာသီတုန္းက လက္ရွိခ်န္ပီယံ ဘလက္ဘန္း(၁၂ ပြဲႏိုင္၊ ၅ ပြဲသေရ၊ ၆ပြဲရႈံး-ရာသီကုန္ အဆင့္ ၇)၊ ၂၀၁၀-၁၁ တုန္းက ခ်ယ္လ္ဆီး (၁၃ပြဲႏိုင္၊ ၅ ပြဲသေရ၊ ၇ပြဲရႈံး – ရာသီကုန္အဆင့္ ၂)တို႔လည္း ပါဝင္ခဲ့ပါတယ္။ အခုစာရင္းထဲမွာ ပါဝင္ခဲ့တဲ့အသင္းေတြထဲက ၂၀၁၀-၁၁ ရာသီမွာ ခ်ယ္လ္ဆီးအသင္း အဆင့္(၂)ရခဲ့တာကလြဲလို႔ က်န္တဲ့အသင္းေတြဟာ ဆိုး႐ြားတဲ့ရပ္တည္မႈေတြနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္ခြင့္ လြဲေခ်ာ္ခဲ့တာေၾကာင့္ အခု လီဗာပူးလ္အသင္းအေနနဲ႔ အဲဒီလိုအေျခအေနဆိုး မႀကဳံရေအာင္ ႀကိဳးစားရမွာျဖစ္ပါတယ္။