ဒေးဗစ်ဘက်ခမ်းရဲ့ အသင်းမှာ အတူတွဲကစားရမယ့် မက်ဆီနဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နာမည်ကျော်ကစားသမားတွေဟာ ဘောလုံးသမားဘဝက အနားယူပေမယ့် တစ်နည်းမဟုတ် တစ်နည်းနဲ့ ဘောလုံးလောကမှာ ကျင်လည်တတ်ကြပါတယ်။ နာမည်ကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းဟာလည်း ဘောလုံးမကန်တော့ပေမယ့် မေဂျာလိဂ်ကလပ်အသင်း အင်တာမီယာမီအသင်းမှာ
ရင်းနှီးမြုပ်နှံမှု ပြုလုပ်ကာ ကလပ်အသင်းပိုင်ရှင်အဖြစ် ရပ်တည်လျက်ရှိနေပါတယ်။

ဒေးဗစ်ဘက်ခမ်းက မက်ဆီ နဲ့ ရော်နယ်ဒို တို့ကို အနာဂတ်မှာ မေဂျာလိဂ် ပြိုင်ပွဲကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ ပြောဆိုလာပါတယ်။ မက်ဆီ နဲ့ ဘာစီလိုနာ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အခုရာသီမှာ မက်ဆီရဲ့ အပြောင်းအရွှေ့ကလည်း ဟိုးလေးတကျော်ဖြစ်နေတာပါ။

ရော်နယ်ဒို ကတော့ လာမယ့်နှစ်ရာသီအကုန်မှ ဂျူဗင်တပ်စ် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ရော်နယ်ဒို ကတော့ သူ့ရဲ့ကစားသမားဘဝ မကုန်‌ဆုံးချိန်မှာ မြောက်အမေရိကမှာ သွားရောက်ကစားချင်တယ်လို့ ပြောဆိုထားခဲ့ဖူးပါတယ်။ ဒေးဗစ်ဘက်ခမ်းက “ကျွန်တော့်အနေနဲ့ အမြဲတမ်းပြောနေကြပါ။ အင်တာမီ ယာမီအသင်းရဲ့ လူငယ်အကယ်ဒမီကို တည်ဆောက်သွားမှာဖြစ်သလို နာမည်ကျော်ကစားသမားတွေကိုလည်း ခေါ်ယူသွားမှာပါ။”

“အခုမှ အသင်းကို စတင်တည်ထောင်ခါစမို့ အသင်းကို လူသိများဖို့ လိုပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ ဟာ ထိပ်ဆုံးနေရာမှာရှိနေပြီး သူတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့် ပြီးခဲ့တဲ့ (၁၅)နှစ်လုံး အကောင်းဆုံးကစားသမားတွေအဖြစ် ရှိခဲ့တာပါ။”

“သူတို့ကကောင်းမွန်တဲ့ ကံရှိကြသလို၊ မှန်ကန်တဲ့ အသင်းတွေမှာ ရှိနေပြီး ရည်မှန်းချက်တွေရှိနေ‌ဆဲပါ။ ကျွန်တော့်အနေနဲ့ နာမည်ကြီး ကစားသမားတွေကို ‌‌ဆွဲဆောင်ခေါ်ချင်ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒို တို့လို ကစားသမားတွေကို အသင်းထံ ခေါ်ယူဖို့ မျှော်လင့်ပါတယ်”လို့ ဆိုခဲ့ပါတယ်။လက်ရှိအသင်းမှာတော့ ဟီဂူအင်နဲ့ မာတူဒီတို့လို နာမည်ကျော်ကစားသမားတွေ ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဒးဗစ္ဘက္ခမ္းရဲ႕ အသင္းမွာ အတူတြဲကစားရမယ့္ မက္ဆီနဲ႔ စီေရာ္နယ္ဒို

နာမည္ေက်ာ္ကစားသမားေတြဟာ ေဘာလုံးသမားဘဝက အနားယူေပမယ့္ တစ္နည္းမဟုတ္ တစ္နည္းနဲ႔ ေဘာလုံးေလာကမွာ က်င္လည္တတ္ၾကပါတယ္။ နာမည္ေက်ာ္ ေဘာလုံးသမား ေဒးဗစ္ဘက္ခမ္းဟာလည္း ေဘာလုံးမကန္ေတာ့ေပမယ့္ ေမဂ်ာလိဂ္ကလပ္အသင္း အင္တာမီယာမီအသင္းမွာ ရင္းႏွီးျမဳပ္ႏွံမႈ ျပဳလုပ္ကာ ကလပ္အသင္းပိုင္ရွင္အျဖစ္ ရပ္တည္လ်က္ရွိေနပါတယ္။

ေဒးဗစ္ဘက္ခမ္း က မက္ဆီ နဲ႔ ေရာ္နယ္ဒို တို႔ကို အနာဂတ္မွာ ေမဂ်ာလိဂ္ ၿပိဳင္ပြဲကို ေခၚယူဖို႔ စိတ္ဝင္စားတယ္လို႔ ေျပာဆိုလာပါတယ္။မက္ဆီ နဲ႔ ဘာစီလိုနာ အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ ဒီရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အခုရာသီမွာ မက္ဆီရဲ႕ အေျပာင္းအေ႐ႊ႕ကလည္း ဟိုးေလးတေက်ာ္ျဖစ္ေနတာပါ။ ေရာ္နယ္ဒို ကေတာ့ လာမယ့္ႏွစ္ရာသီအကုန္မွ ဂ်ဴဗင္တပ္စ္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။ေရာ္နယ္ဒို ကေတာ့ သူ႔ရဲ႕ကစားသမားဘဝ မကုန္‌ဆုံးခ်ိန္မွာ ေျမာက္အေမရိကမွာ သြားေရာက္ကစားခ်င္တယ္လို႔ ေျပာဆိုထားခဲ့ဖူးပါတယ္။

ေဒးဗစ္ဘက္ခမ္းက “ကြၽန္ေတာ့္အေနနဲ႔ အၿမဲတမ္းေျပာေနၾကပါ။ အင္တာမီ ယာမီအသင္းရဲ႕ လူငယ္အကယ္ဒမီကို တည္ေဆာက္သြားမွာျဖစ္သလို နာမည္ေက်ာ္ကစားသမားေတြကို လည္း ေခၚယူသြားမွာပါ။” “အခုမွ အသင္းကို စတင္တည္ေထာင္ခါစမို႔ အသင္းကို လူသိမ်ားဖို႔ လိုပါတယ္။ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ ဟာ ထိပ္ဆုံးေနရာမွာရွိေနၿပီး သူတို႔ရဲ႕ႀကိဳးစားအားထုတ္မႈေၾကာင့္ ၿပီးခဲ့တဲ့ (၁၅)ႏွစ္လုံး အေကာင္းဆုံးကစားသမားေတြအျဖစ္ ရွိခဲ့တာပါ။”

“သူတို႔ကေကာင္းမြန္တဲ့ ကံရွိၾကသလို၊ မွန္ကန္တဲ့ အသင္းေတြမွာ ရွိေနၿပီး ရည္မွန္းခ်က္ေတြရွိေန‌ဆဲပါ။ ကြၽန္​ေတာ့္အ​ေနနဲ႔ နာမည္ႀကီး ကစားသမား​ေတြကို ‌‌ဆြဲေဆာင္​ေခၚခ်င္ပါတယ္။ မက္ဆီ နဲ႔ ေရာ္နယ္ဒို တို႔လို ကစားသမား​ေတြကို အသင္းထံ ေခၚယူဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။လက္ရွိအသင္းမွာေတာ့ ဟီဂူအင္နဲ႔ မာတူဒီတို႔လို နာမည္ေက်ာ္ကစားသမားေတြ ရွိပါတယ္။