ဒေ့ါမွန်အသင်းမှာ ဆန်ချိုနဲ့ ဟာလန်းတို့ ဆက်ရှိနေနိုင်မယ့် အကြောင်းရင်း
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အခုရက်ပိုင်းအတွင်း ပြည်ပက အားကစားမီဒီယာစာမျက်နှာတွေပေါ်မှာ ရေပန်းစားနေတာက ဒေ့ါမွန်အသင်းက လူငယ်ကြယ်ပွင့်ကစားသမားနှစ်ဦးဖြစ်တဲ့ ဆန်ချိုနဲ့ ဟာလန်းတို့ရဲ့ အနာဂတ်က ဘယ်အသင်းမှာဖြစ်မလဲဆိုတာပါပဲ။
အသက်(၂၀)သာရှိသေးတဲ့ ဆန်ချိုနဲ့ ဟာလန်းတို့ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်၊ ချယ်လ်ဆီးစတဲ့ ဥရောပထိပ်သီးအသင်းတွေက ပစ်မှတ်ထားနေကြပြီး ဒေ့ါမွန်အသင်းကလည်း ဘဏ္ဍာရေးအခက်အခဲတွေကြောင့် သူတို့နှစ်ဦးထဲက တစ်ဦးကို ရောင်းချဖို့ စီစဉ်နေပြီဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ ဒေ့ါမွန်ပရိသတ်တွေကတော့ ဆန်ချိုနဲ့ ဟာလန်းတို့ဟာ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ အကျိုးအကြောင်းအခိုင်အမာနဲ့ပြောဆိုနေကြပြီး အဲဒီအကြောင်းရင်းက ဒေ့ါမွန်အသင်းဟာ ဒီကစားသမားနှစ်ဦးကို လစာတိုးမြှင့်ပြီး စာချုပ်သက်တမ်းတိုးဖို့ မဟုတ်ဘဲ အလီကာရှမစ်လို့ အမည်ရတဲ့ စွဲမက်စရာလှပျိုဖြူလေးကြောင့်ဖြစ်ပါတယ်။
အသက်(၂၂)နှစ်သာရှိသေးသူ ဂျာမန်လူမျိုးအချောအလှလေး အလီကာရှမစ်ဟာ အခုနှစ်ထဲ ကျင်းပမယ့် တိုကျိုအိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတဲ့ အပြေးမယ်တစ်ဦးဖြစ်ပြီး Puma နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်အရ ပြီးခဲ့တဲ့နှစ်ကတည်းက ဒေ့ါမွန်အသင်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့အပြင် အသင်းက ကစားသမားတွေကို ကြံ့ခိုင်ရေးမှူးသဘောမျိုးနဲ့ လေ့ကျင့်သင်ကြားပေးနေတာပါ။
ဆွဲဆောင်မှုရှိတဲ့ ငွေရောင်ဆံနွယ်တွေနဲ့အတူ ပုရိသတွေ ငေးကြည့်ရလောက်တဲ့ မျက်နှာ၊ အားကစားသမားပီပီ ကျစ်လျစ်တောင့်တင်းပြီး စွဲမက်စရာကောက်ကြောင်းပိုင်ရှင် အလီကာရှမစ်ဟာ ပြင်ပလူနေမှုဘဝမှာ မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။ အဲဒါကြောင့် ဒေ့ါမွန်ပရိသတ်တွေက အလီကာရှမစ်ကြောင့် ဆန်ချိုနဲ့ဟာလန်းတို့ဟာ တခြားအသင်းကို ပြောင်းရွှေ့ဖို့မဖြစ်နိုင်ဘူးဆိုပြီး နောက်ပြောင်နေကြတာပဲဖြစ်ပါတယ်။
Instagram မှာ ပရိသတ်တစ်ဦးက “ဆန်ချိုဟာ အသင်းပြောင်းမှာမဟုတ်ဘူးဆိုတာ လောင်းတောင်လောင်းလိုက်ချင်တယ်”လို့ ရေးသားခဲ့သလို တခြားပရိသတ်တွေကလည်း “ဒေ့ါမွန်က ဘောလုံးသမားတွေ အသင်းမှာမြဲနေတာက ဒါကြောင့်ကိုး”၊ “ကိုယ့်အသင်းက အဓိက ကစားသမားတွေကို လက်မလွှတ်ရဖို့အတွက် ဒီနည်းဗျူဟာက အကောင်းဆုံးပါပဲ”၊
“ဒေါ့မွန်ကနေ ဟာလန်း မထွက်ဖြစ်တဲ့အကြောင်းက ဒါကြောင့်ပဲဆိုတာ အသေအချာပြောရဲတယ်”စသဖြင့် အမျိုးမျိုးရေးသားနေကြတာဖြစ်ပါတယ်။ ဒီလိုမျိုး ရုပ်ရှည်အရရော၊ ခန္ဓာကိုယ်အလှပါ ပြည့်စုံနေတဲ့ မိန်းကလေးတစ်ဦး ကိုယ်နဲ့နီးနီးစပ်စပ်ရှိနေမယ့်အခွင့်အရေးကို ဆန်ချိုရော ဟာလန်းပါ လက်လွှတ်ခံချင်ပ့ါမလား၊ ဒေ့ါမွန်အသင်းကလည်း အလီကာရှမစ်ရဲ့ အလှအပကို အသုံးချပြီး ဆန်ချိုနဲ့ ဟာလန်းကို ဆက်ထိန်းထားနိုင်မလားဆိုတာကတော့ . . . . .
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဒေါ့မွန်အသင်းမှာ ဆန်ချိုနဲ့ ဟာလန်းတို့ ဆက်ရှိနေနိုင်မယ့် အကြောင်းရင်း
အခုရက်ပိုင်းအတွင်း ပြည်ပက အားကစားမီဒီယာစာမျက်နှာတွေပေါ်မှာ ရေပန်းစားနေတာက ဒေါ့မွန်အသင်းက လူငယ်ကြယ်ပွင့်ကစားသမားနှစ်ဦးဖြစ်တဲ့ ဆန်ချိုနဲ့ ဟာလန်းတို့ရဲ့ အနာဂတ်က ဘယ်အသင်းမှာဖြစ်မလဲဆိုတာပါပဲ။ အသက်(၂၀)သာရှိသေးတဲ့ ဆန်ချိုနဲ့ ဟာလန်းတို့ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်၊ ချယ်လ်ဆီးစတဲ့ ဥရောပထိပ်သီးအသင်းတွေက ပစ်မှတ်ထားနေကြပြီး ဒေါ့မွန်အသင်းကလည်း ဘဏ္ဍာရေးအခက်အခဲတွေကြောင့် သူတို့နှစ်ဦးထဲက တစ်ဦးကို ရောင်းချဖို့ စီစဉ်နေပြီဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ဒေါ့မွန်ပရိသတ်တွေကတော့ ဆန်ချိုနဲ့ ဟာလန်းတို့ဟာ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ အကျိုးအကြောင်းအခိုင်အမာနဲ့ပြောဆိုနေကြပြီး အဲဒီအကြောင်းရင်းက ဒေါ့မွန်အသင်းဟာ ဒီကစားသမားနှစ်ဦးကို လစာတိုးမြှင့်ပြီး စာချုပ်သက်တမ်းတိုးဖို့ မဟုတ်ဘဲ အလီကာရှမစ်လို့ အမည်ရတဲ့ စွဲမက်စရာလှပျိုဖြူလေးကြောင့်ဖြစ်ပါတယ်။
Instagram မှာ ပရိသတ်တစ်ဦးက “ဆန်ချိုဟာ အသင်းပြောင်းမှာမဟုတ်ဘူးဆိုတာ လောင်းတောင်လောင်းလိုက်ချင်တယ်”လို့ ရေးသားခဲ့သလို တခြားပရိသတ်တွေကလည်း “ဒေါ့မွန်က ဘောလုံးသမားတွေ အသင်းမှာမြဲနေတာက ဒါကြောင့်ကိုး”၊ “ကိုယ့်အသင်းက အဓိက ကစားသမားတွေကို လက်မလွှတ်ရဖို့အတွက် ဒီနည်းဗျူဟာက အကောင်းဆုံးပါပဲ”၊ “ဒေါ့မွန်ကနေ ဟာလန်း မထွက်ဖြစ်တဲ့အကြောင်းက ဒါကြောင့်ပဲဆိုတာ အသေအချာပြောရဲတယ်”စသဖြင့် အမျိုးမျိုးရေးသားနေကြတာဖြစ်ပါတယ်။ ဒီလိုမျိုး ရုပ်ရှည်အရရော၊ ခန္ဓာကိုယ်အလှပါ ပြည့်စုံနေတဲ့ မိန်းကလေးတစ်ဦး ကိုယ်နဲ့နီးနီးစပ်စပ်ရှိနေမယ့်အခွင့်အရေးကို ဆန်ချိုရော ဟာလန်းပါ လက်လွှတ်ခံချင်ပ့ါမလား၊ ဒေါ့မွန်အသင်းကလည်း အလီကာရှမစ်ရဲ့ အလှအပကို အသုံးချပြီး ဆန်ချိုနဲ့ ဟာလန်းကို ဆက်ထိန်းထားနိုင်မလားဆိုတာကတော့ . . . . .