
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပီအက်စ်ဂျီအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး နေမာတစ်ယောက်ကတော့ သူ့ရဲ့ ကြွယ်ဝမှုကို ထပ်မံချပြလိုက်ပြီး ပရိသတ်တွေသရေကျအောင်လုပ်လိုက်ပြန်ပါပြီ။
နေမာရဲ့ အမိုက်စား ဟယ်လီကော်ပတာဟာ ဒေါ်လာ ၁၅သန်း အထိ တန်ကြေး ရှိပြီး စစ်ဘက်ဆိုင်ရာ အကြမ်းခံမှုတွေလည်း စမ်းသပ်ထားကြောင်း သိရပါတယ်။
နေမာဟာသူ့ရဲ့ကိုယ်ပိုင်မာစီးဒီးဟယ်လီကော်ပတာရှေ့မှာရိုက်ကူးထားတဲ့ဓာတ်ပုံအား လူမှုကွန်ရက်တွင်တင်ပြီး ပရိသတ်များအံ့ဩသင့်အောင်လုပ်ဆောင်ခဲ့ပါတယ်။
ပီအက်စ်ဂျီစတားဟာဘရာဇီးလ်အသင်းနှင့်အတူကိုပါအမေရိကဖလားဝင်ရောက်ယှဉ်ပြိုင်ပြီးနောက်ရီယိုဒီဂနဲလ်ရိုးရှိနေအိမ်တွင်အနားယူနေတာဖြစ်ပါတယ်။
ကမ္ဘာ့ပြောင်းရွှေကြေးအမြင့်မားဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့အသက်၂၉နှစ်ရှိနေမာဟာဘောင်းဘီတို၊Hoodie တို့ဝတ်ဆင်ကာသက်တောင့်သက်သာစတိုင်ထုတ်ထားပါတယ်။
နေမာရဲ့နေအိမ်ဟာပေါင်၇သန်းတန်အထိတန်ကြေးရှိတဲ့နေအိမ်ဖြစ်ပြီးရီယိုကမ်းခြေနဲ့မိုင်၆၀အကွာတွင်ရှိတယ်လို့ယူဆရပါတယ်။
ခပ်ချေချေ နေမာဟာ ဒေါ်လာသန်းချီတန်တဲ့ မာစီးဒီးဟယ်လီကော်ပတာကိုဘရာဇီးလ်အသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းရန်သွားတဲ့အခါအသုံးပြုလေ့ရှိပါတယ်။
နေမာရဲ့ မာစီးဒီးဟယ်လီကော်ပတာကH-145 မော်ဒယ်ဖြစ်ပြီးမာစီးဒီးထုတ်နောက်ဆုံးထွက်ဟယ်လီကော်ပတာမော်ဒယ်များထဲမှတစ်ခုဖြစ်ပါတယ်။
အဲဒီဟယ်လီကော်ပတာတွင်ခရီးသည်၁၀ဦးလိုက်ပါစီးနင်းနိုင်ပါတယ်။
ဓါတ်ပုံ အနေအထားအရ နေမာရဲ့ ကြွယ်ဝမှုနဲ့ အမိုက်စား ဟယ်လီကော်ပတာတို့က တကယ့်ကို လိုက်ဖက်လွန်းပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ဟယ်လီကော်ပတာနဲ့ ခပ်ချေချေ အမိုက်စား နေမာ