ဒေါ့မွန်အသင်းနည်းပြအဖြစ် မော်ရင်ညိုကို မြင်တွေ့ရတော့မှာလား…သူတို့ကြား ပုံမှန်အဆက်အသွယ်ရှိနေဟုဆို

Photo Credit

Photo Credit

ယူနိုက်တက်အသင်းနည်းပြဟောင်း မော်ရင်ညိုကို နည်းပြသစ်ခန့်အပ်ဖို့ ဒေါ့မွန်အသင်းက စိတ်ဝင်စားနေပြီး အဆိုပါပေါ်တူဂီလူမျိုးနည်းပြနဲ့လည်း ပုံမှန်အဆက်အသွယ်ရှိနေကြောင်း ဂျာမန်မီဒီယာတွေက ရေးသားဖော်ပြနေပါတယ်။ မော်ရင်ညိုက ဘောလုံးလောကထဲ ပြန်ဝင်ဖို့ ဆန္ဒပြင်းပြနေသလို ဒေါ့မွန်အသင်းကလည်း မော်ရင်ညိုကို ဆွဲဆောင်နိုင်တဲ့အချက်တွေအများအပြားရှိနေပြီး အထင်ရှားဆုံးက ချန်ပီယံလိဂ်ဝင်ခွင့်ပုံမှန်ရရှိနေမှုနဲ့ ဆန်ချို၊ မာကိုရူးစ်တို့လို ကြယ်ပွင့်ကစားသမားတွေရှိနေမှုတို့ကြောင့်ဖြစ်ပါတယ်။

Photo Credit

မော်ရင်ညိုဟာ ယမန်နှစ်ဒီဇင်ဘာလက ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးချိန်ကတည်းက ကလပ်လက်မဲ့ဖြစ်နေပေမယ့် အခုကတည်းက ဂျာမန်ကစားပြောသင်ကြားနေပြီလို့ ဂျာမန်သတင်းစာ Bild က ရေးသားဖော်ပြခဲ့ပါတယ်။ အသက် ၅၆နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ ဘောလုံးရေးရာကျွမ်းကျင်သူအဖြစ် စကိုင်းစပို့တ်သတင်းဌာနမှာ ဆောင်ရွက်နေပေမယ့် နည်းပြအဖြစ် ဘောလုံးလောကထဲ ပြန်ဝင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။

Photo Credit

ဒါ့အပြင် ဂျာမန်ဘောလုံးလောကကို လွှမ်းမိုးထားတဲ့ဘိုင်ယန်မြူးနစ်အသင်းကို အကောင်းဆုံးစိန်ခေါ်နိုင်ဖို့ကလည်း မော်ရင်ညိုလိုနည်းပြမျိုးကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ အဲဒီသတင်းတွေက ရေးသားဖော်ပြခဲ့ပါတယ်။ Bild သတင်းစာရဲ့ဖော်ပြချက်အရ ဒေါ့မွန်အသင်းတာဝန်ရှိသူတွေဟာ လက်ရှိနည်းပြဖာဗရီရဲ့နေရာမှာ အစားထိုးဖို့ မော်ရင်ညိုကို နံပါတ် ၁ဦးစားပေးအဖြစ် သတ်မှတ်ထားပြီး အသင်းကလည်း ဒီရာသီမှာ ခြေစွမ်းတစ်သမတ်တည်းပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit

မော်ရင်ညိုဟာ ဒေါ့မွန်နည်းပြရာထူးအတွက် အမှုဆောင်အရာရှိချုပ် ဝက်ဇ်ကီနဲ့ ဆွေးနွေးပြီးသားဖြစ်ပေမယ့် Bild သတင်းစာက လိုက်ပ်ဇစ်အသင်းနည်းပြဟောင်း ရန်းနစ်လည်း ဒေါ့မွန်အသင်းနည်းပြဖြစ်လာနိုင်ခြေရှိတယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းကိုသာ မော်ရင်ညို တာဝန်ယူရင် နောက်ဆုံးရရှိခဲ့တဲ့ လုပ်ခလစာထက် အများကြီးလျှော့ယူရဖွယ်ရှိနေပြီး သူဟာ ယူနိုက်တက်မှာတုန်းက တစ်နှစ်လုပ်ခ ပေါင် ၂၄သန်းအထိရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit

ဖာဗရီရဲ့အနာဂတ်က ချက်ချင်းအတိအကျမထွက်ပေါ်လာနိုင်သေးပေမယ့် ဒေါ့မွန်အသင်းတာဝန်ရှိသူတွေကတော့ ဘိုင်ယန်ကို ယှဉ်နိုင်ဖို့အတွက် ရေရည်စီမံကိန်းအဖြစ် မော်ရင်ညိုကို ခန့်အပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒေါ့မွန်ဟာ ဒီရာသီဘွန်ဒက်စ်လီဂါပွဲစဉ် ၈ပွဲကစားပြီးချိန်မှာ ၄ပွဲနိုင်၊ ၃ပွဲသရေ၊ ၁ပွဲရှုံးနဲ့ အမှတ်ပေးဇယားရဲ့အဆင့် ၄နေရာမှာ ရပ်တည်နေပါတယ်။ သူတု့ိဟာ ချန်ပီယံလိဂ်မှာလည်း ရှုံးပွဲမရှိသေးဘဲ ၂ပွဲကစားပြီးချိန်မှာ ရမှတ် ၄ မှတ်နဲ့ ဘာစီလိုနာ၊ အင်တာမီလန်တို့ရဲ့အထက်မှာ ရပ်တည်နေပါတယ်။

Photo Credit ; Reuters

Zawgyi

ေဒါ့မြန္အသင္းနည္းျပအျဖစ္ ေမာ္ရင္ညိဳကို ျမင္ေတြ႕ရေတာ့မွာလား…သူတုိ႔ၾကား ပုံမွန္အဆက္အသြယ္ရွိေနဟုဆို

ယူႏုိက္တက္အသင္းနည္းျပေဟာင္း ေမာ္ရင္ညိဳကို နည္းျပသစ္ခန္႔အပ္ဖို႔ ေဒါ့မြန္အသင္းက စိတ္၀င္စားေနၿပီး အဆုိပါေပၚတူဂီလူမ်ိဳးနည္းျပနဲ႔လည္း ပုံမွန္အဆက္အသြယ္ရွိေနေၾကာင္း ဂ်ာမန္မီဒီယာေတြက ေရးသားေဖာ္ျပေနပါတယ္။ ေမာ္ရင္ညိဳက ေဘာလုံးေလာကထဲ ျပန္၀င္ဖို႔ ဆႏၵျပင္းျပေနသလုိ ေဒါ့မြန္အသင္းကလည္း ေမာ္ရင္ညိဳကို ဆြဲေဆာင္ႏိုင္တဲ့အခ်က္ေတြအမ်ားအျပားရွိေနၿပီး အထင္ရွားဆုံးက ခ်န္ပီယံလိဂ္၀င္ခြင့္ပုံမွန္ရရွိေနမႈနဲ႔ ဆန္ခ်ိဳ၊ မာကို႐ူးစ္တို႔လုိ ၾကယ္ပြင့္ကစားသမားေတြရွိေနမႈတုိ႔ေၾကာင့္ျဖစ္ပါတယ္။
ေမာ္ရင္ညိဳဟာ ယမန္ႏွစ္ဒီဇင္ဘာလက ယူႏုိက္တက္နည္းျပရာထူးကေန ထုတ္ပယ္ခံရၿပီးခ်ိန္ကတည္းက ကလပ္လက္မဲ့ျဖစ္ေနေပမယ့္ အခုကတည္းက ဂ်ာမန္ကစားေျပာသင္ၾကားေနၿပီလုိ႔ ဂ်ာမန္သတင္းစာ Bild က ေရးသားေဖာ္ျပခဲ့ပါတယ္။ အသက္ ၅၆ႏွစ္အရြယ္ရွိ ေမာ္ရင္ဟိုဟာ ေဘာလုံးေရးရာကၽြမ္းက်င္သူအျဖစ္ စကိုင္းစပို႔တ္သတင္းဌာနမွာ ေဆာင္ရြက္ေနေပမယ့္ နည္းျပအျဖစ္ ေဘာလုံးေလာကထဲ ျပန္၀င္ဖုိ႔ ဆႏၵျပင္းျပေနပါတယ္။
ဒါ့အျပင္ ဂ်ာမန္ေဘာလုံးေလာကကို လႊမ္းမုိးထားတဲ့ဘုိင္ယန္ျမဴးနစ္အသင္းကို အေကာင္းဆုံးစိန္ေခၚႏုိင္ဖို႔ကလည္း ေမာ္ရင္ညိဳလုိနည္းျပမ်ိဳးကို ဆြဲေဆာင္ႏိုင္လိမ့္မယ္လုိ႔ အဲဒီသတင္းေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။ Bild သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ေဒါ့မြန္အသင္းတာ၀န္ရွိသူေတြဟာ လက္ရွိနည္းျပဖာဗရီရဲ႕ေနရာမွာ အစားထိုးဖို႔ ေမာ္ရင္ညိဳကို နံပါတ္ ၁ဦးစားေပးအျဖစ္ သတ္မွတ္ထားၿပီး အသင္းကလည္း ဒီရာသီမွာ ေျခစြမ္းတစ္သမတ္တည္းျပသႏိုင္ဖို႔ ႐ုန္းကန္ေနရပါတယ္။
ေမာ္ရင္ညိဳဟာ ေဒါ့မြန္နည္းျပရာထူးအတြက္ အမႈေဆာင္အရာရွိခ်ဳပ္ ၀က္ဇ္ကီနဲ႔ ေဆြးေႏြးၿပီးသားျဖစ္ေပမယ့္ Bild သတင္းစာက လုိက္ပ္ဇစ္အသင္းနည္းျပေဟာင္း ရန္းနစ္လည္း ေဒါ့မြန္အသင္းနည္းျပျဖစ္လာႏိုင္ေျခရွိတယ္လုိ႔ သိရပါတယ္။ ေဒါ့မြန္အသင္းကိုသာ ေမာ္ရင္ညိဳ တာ၀န္ယူရင္ ေနာက္ဆုံးရရွိခဲ့တဲ့ လုပ္ခလစာထက္ အမ်ားႀကီးေလွ်ာ့ယူရဖြယ္ရွိေနၿပီး သူဟာ ယူႏုိက္တက္မွာတုန္းက တစ္ႏွစ္လုပ္ခ ေပါင္ ၂၄သန္းအထိရရွိခဲ့တယ္လုိ႔ သိရပါတယ္။
ဖာဗရီရဲ႕အနာဂတ္က ခ်က္ခ်င္းအတိအက်မထြက္ေပၚလာႏုိင္ေသးေပမယ့္ ေဒါ့မြန္အသင္းတာ၀န္ရွိသူေတြကေတာ့ ဘုိင္ယန္ကို ယွဥ္ႏိုင္ဖို႔အတြက္ ေရရည္စီမံကိန္းအျဖစ္ ေမာ္ရင္ညိဳကို ခန္႔အပ္ဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။ ေဒါ့မြန္ဟာ ဒီရာသီဘြန္ဒက္စ္လီဂါပြဲစဥ္ ၈ပြဲကစားၿပီးခ်ိန္မွာ ၄ပြဲႏိုင္၊ ၃ပြဲသေရ၊ ၁ပြဲ႐ံႈးနဲ႔ အမွတ္ေပးဇယားရဲ႕အဆင့္ ၄ေနရာမွာ ရပ္တည္ေနပါတယ္။ သူတု႔ိဟာ ခ်န္ပီယံလိဂ္မွာလည္း ႐ံႈးပြဲမရွိေသးဘဲ ၂ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၄ မွတ္နဲ႔ ဘာစီလုိနာ၊ အင္တာမီလန္တုိ႔ရဲ႕အထက္မွာ ရပ္တည္ေနပါတယ္။