ဒေါသထွက်မန်ယူပရိသတ်တွေရဲ့တိုက်ခိုက်ခြင်းခံလိုက်ရတဲ့ အက်ဝုဒ်ဝပ်ရဲ့နေအိမ်

photo-daily mail

photo-gettyimages

ဒေါသထွက်နေတဲ့ မန်ယူပရိသတ်အုပ်စုအဖွဲ့တစ်ဖွဲ့ဟာ အသင်းအမှုဆောင်ချုပ် အက်ဝုဒ်ဝပ်ရဲ့ပေါင် ၂ သန်းတန်နေအိမ်ကို မီရှုးမီးပန်းတွေ၊ မီးခိုးဗုံးတွေနဲ့ တိုက်ခိုက်မှုပြုလုပ်လိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုပြုလုပ်တဲ့ဗီဒီယိုဖိုင်ဟာလည်း ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာခဲ့တာပါ။ အဲဒီလိုအချိန်မှာ ငယ်ရွယ်တဲ့ကလေး ၂ ယောက်ရှိတဲ့ ဖခင်တစ်ယောက်ဖြစ်သူ ဝုဒ်ဝပ်ကတော့ သူ့နေအိမ်မှာ ရှိမနေခဲ့ပါဘူး။

photo-REX

မန်ယူအသင်းကတော့ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အပြင်းအထန်ရှုံ့ချလိုက်ပြီး ကျူးလွန်တဲ့ဘယ်ပရိသတ်ကိုမဆို ရာသက်ပန်ပိတ်ပင်မယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဘန်လေကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲနဲ့ ထရန်းမီးယားကို ဂိုးမိုးရွာနိုင်ခဲ့တဲ့ အက်ဖ်အေဖလားပွဲတွေမှာကတည်းက မန်ယူပရိသတ်အချို့ဟာ ဝုဒ်ဝပ်နဲ့အသင်းပိုင်ရှင်ဂလေဇာမိသားစုကို မီးတင်ရှို့မယ့်အကြောင်း သီချင်းလုပ်ဆိုနေကြတာပါ။

မအောင်မြင်တဲ့ မန်ယူရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ မန်ယူပရိသတ်တွေဟာ အသင်းအမှုဆောင်ချုပ်အက်ဝုဒ်ဝပ်ကို မကျေမနေဖြစ်နေကြတာ အတော်ကြာခဲ့ပါပြီ။ မကြာသေးခင်ရက်သတ္တပတ်တွေမှာတော့ အခြေအနေဟာ ပိုဆိုးလာခဲ့ပါတယ်။ ၂၀၀၅ မှာ အသင်းကို ဂလေဇာမိသားစု လွှဲပြောင်းရယူခဲ့တုန်းက ဝုဒ်ဝပ်ဟာ ပိုင်ရှင်မိသားစုကို အကြံပေးခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ သူဟာ အသင်းအတွက်အရေးပါတဲ့တာဝန်ရှိသူတစ်ယောက် ဖြစ်လာခဲ့တာပါ။

[Zawgyi]

ေဒါသထြက္မန္ယူပရိသတ္ေတြရဲ႕တိုက္ခိုက္ျခင္းခံလိုက္ရတဲ့ အက္၀ုဒ္၀ပ္ရဲ႕ေနအိမ္

ေဒါသထြက္ေနတဲ့ မန္ယူပရိသတ္အုပ္စုအဖြဲ႕တစ္ဖြဲ႕ဟာ အသင္းအမႈေဆာင္ခ်ဳပ္ အက္၀ုဒ္၀ပ္ရဲ႕ေပါင္ ၂ သန္းတန္ေနအိမ္ကို မီရႈးမီးပန္းေတြ၊ မီးခိုးဗုံးေတြနဲ႔ တိုက္ခိုက္မႈျပဳလုပ္လိုက္ပါတယ္။ အဲဒီတုိက္ခိုက္မႈျပဳလုပ္တဲ့ဗီဒီယိုဖိုင္ဟာလည္း ဆုိရွယ္မီဒီယာေပၚမွာ ထြက္ေပၚလာခဲ့တာပါ။ အဲဒီလုိအခ်ိန္မွာ ငယ္ရြယ္တဲ့ကေလး ၂ ေယာက္ရွိတဲ့ ဖခင္တစ္ေယာက္ျဖစ္သူ ၀ုဒ္၀ပ္ကေတာ့ သူ႔ေနအိမ္မွာ ရွိမေနခဲ့ပါဘူး။

မန္ယူအသင္းကေတာ့ အဲဒီတုိက္ခိုက္မႈနဲ႔ပတ္သက္လုိ႔ အျပင္းအထန္ရႈံ႕ခ်လိုက္ၿပီး က်ဴးလြန္တဲ့ဘယ္ပရိသတ္ကိုမဆို ရာသက္ပန္ပိတ္ပင္မယ္လို႔ ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။ ဘန္ေလကို ရႈံးနိမ့္ခဲ့တဲ့ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲနဲ႔ ထရန္းမီးယားကို ဂိုးမိုးရြာႏိုင္ခဲ့တဲ့ အက္ဖ္ေအဖလားပြဲေတြမွာကတည္းက မန္ယူပရိသတ္အခ်ိဳ႕ဟာ ၀ုဒ္၀ပ္နဲ႔အသင္းပိုင္ရွင္ဂေလဇာမိသားစုကို မီးတင္ရႈိ႕မယ့္အေၾကာင္း သီခ်င္းလုပ္ဆိုေနၾကတာပါ။

မေအာင္ျမင္တဲ့ မန္ယူရဲ႕အေျပာင္းအေရႊ႕လႈပ္ရွားမႈေတြနဲ႔ပတ္သက္လို႔ မန္ယူပရိသတ္ေတြဟာ အသင္းအမႈေဆာင္ခ်ဳပ္အက္၀ုဒ္၀ပ္ကို မေက်မေနျဖစ္ေနၾကတာ အေတာ္ၾကာခဲ့ပါၿပီ။ မၾကာေသးခင္ရက္သတၱပတ္ေတြမွာေတာ့ အေျခအေနဟာ ပိုဆုိးလာခဲ့ပါတယ္။ ၂၀၀၅ မွာ အသင္းကို ဂေလဇာမိသားစု လႊဲေျပာင္းရယူခဲ့တုန္းက ၀ုဒ္၀ပ္ဟာ ပိုင္ရွင္မိသားစုကို အႀကံေပးခဲ့သူျဖစ္ၿပီး ေနာက္ပိုင္းမွာ သူဟာ အသင္းအတြက္အေရးပါတဲ့တာ၀န္ရွိသူတစ္ေယာက္ ျဖစ္လာခဲ့တာပါ။