ဒေါသထွက်နေတဲ့ ပရိသတ်တွေရဲ့ အခြေအနေကို ကိုင်တွယ်နိုင်ကြောင်း ကတိပြုလိုက်တဲ့ ဆိုးလ်ရှာ

photo internet

ယူနိုက်တက်အသင်းဟာ လီဗာပူးနဲ့ ဘန်လေအသင်းတို့ကို ၂ ပွဲဆက် ရှုံးနိမ့်ပြီးနောက် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ကျယ်လောင်လာခဲ့ပြီး နည်းပြဖြစ်သူ ဆိုးလ်ရှားလည်း တုန်လှုပ်ခြောက်ခြားသွားခဲ့ပါတယ်။
ပရိသတ်တွေရဲ့ ဝေဖန်မှုတွေရှိနေပေမယ့်လည်း ဆိုးလ်ရှားက ” ခင်ဗျားတိ့ု ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ဖို့ လိုအပ်ပြီးတော့ ကျွန်တေ်ာလည်း အဲလိုခံစားရပါတယ်။

photo internet

ဝေဖန်မှုတွေဆိုတာ အမြဲတမ်းရှိနေမယ့် အရာပါ ။ ကျွန်တော်တို့ အပြင်ဖက်က ဆူညံမှုတွေအကုန်လုံးကို မတုံ့ပြန်နိုင်ပါဘူး။
အသင်းက တောင့်တင်းပါတယ်။ ဝန်ထမ်းတွေကလည်း စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိကြတာကြောင့် ဒီအခြေအနေကို ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ကျွန်တေ်ာတို့ လုပ်နိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။


ဗုဒဓဟူးနေ့က အိမ်ကွင်းမှာ ဘန်လေကို ၂ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ပရိသတ်တွေဟာ ယူနိုက်တက်အသင်းပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုနဲ့ ဒုတိယဥက္ကဌ ဝု့ဒ်ဝါ့တိ့ုကို ဝေဖန်မှုတွေ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်က မနက်ဖြန် အက်ဖ်အေဖလား စတုတ္ထအကျော့ လိဂ်ဝမ်းကလပ် ထရန်မဲအသင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ကိုပါ ဖိအားတွေ ဖြစ်လာစေပါတယ် ။
ဆန်းစပေါ့သတင်းဌာနကတေ့ာ ဥရောပမှာ အသင်းက ထွက်ခဲ့ရရင်တောင် ဆိုးလ်ရှားရဲ့ နည်းပြရာထူးက လုံခြုံနေဆဲဖြစ်တယ်လို့ ရေးသားထားပါတယ်။


ဆိုးလ်ရှားကိုယ်တိုင်ကလည်း အသင်းရဲ့ တာဝန်ရှိသူတွေက သူ့ကိုထောက်ခံထားဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဆိုးလ်ရှားက ” ခင်ဗျားတစ်ခုခုကို စတင်လိုက်ပြီဆိုရင် အဲဒါကို ကိုင်တွယ်နိုင်ရပါမယ် ။ ကျွန်တော်ကို နည်းပြရာထူးအသင်းက ပေးအပ်ထားတာကြောင့် ဒီအခြေအနေကို ကိုင်တွယ်ပြရပါမယ်။ မှန်ကန်တာတွေ သူတို့မြင်အောင် လုပ်ပြရပါမယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။