
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အက်သလက်တီကို မက်ဒရစ် ဟာ ယမန်နေ့ညက နယ်သာလန် ကလပ် ဖီယင်နု အသင်းနဲ့ အဝေးကွင်းမှာ ခြေစမ်းပွဲ ကစားခဲ့ပါတယ်။
အိမ်ရှင် ဖီယင်နု က ၁ – ၀ နဲ့ အနိုင် ရနေချိန်မှာ ဘောပွဲတို့ရဲ့ ထုံးစံအတိုင်း အတွန်း အထိုး ကိစ္စတွေ ဖြစ်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံ တောင်ပံ ကစားသမားဟာ ဖီယင်နု ကစားသမား အော်ကွန် ကော့ဆူ နဲ့ ဘောလုံး လုကြရင်း မတော်တဆ ထိခိုက်မိ ရာကနေ ကော့ဆူ လဲကျ လူးလှိမ့်နေမှု အပေါ် ကာရက်စ်ကို က ဒေါပွခဲ့ပုံ ရပြီး အတင်းဆွဲထူဖို့ ကြိုးစားခဲ့ပါတယ်။
အဲဒီအချိန်မှာ ဖီယင်နု ကစားသမားတွေ ဝင်လာခဲ့ပြီး ကာရက်စ်ကို နဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ကာ သွေးထွက်တဲ့ အထိ ဖြစ်ခဲ့ကြပါတယ်။
ဒါကြောင့် နည်းပြကြီး ဆီမြွန်းနီ ဟာ ကွင်းထဲ အထိ ဝင်လာခဲ့ရပြီး သူ့ရဲ့ ကစားသမားကို နှစ်သိမ့် ဖြောင်းဖျ ခဲ့ရပါတယ်။
ကာရက်စ်ကို ကတော့ အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရပြီး ကော့ဆူ ရဲ့ မျက်နှာ နဲ့ လည်ပင်းက သွေးတွေ ထွက်တဲ့အကြောင်းကိုတော့ သေချာသိရခြင်း မရှိခဲ့ပါဘူး။
ဆီမြွန်းနီရဲ့ ကိုင်တွယ်မှုကို ကြည့်မယ်ဆိုရင် နောက်ဆုံး ၈ နှစ် အတွင်းမှာ ရီးရဲလ် မက်ဒရစ် နဲ့ ဘာစီလိုနာ တို့ ကြီးစိုး နေတဲ့ လာလီဂါ မှာ အမှတ်ပေး ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကိုလည်း ၂ ကြိမ် တက်ရောက် နိုင်ခဲ့တာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေဒါသႀကီးတဲ့ အသင္းသားေတြအေပၚ စိတ္ရွည္ ေျဖာင္းျဖရတဲ့ ဆီႁမြန္းနီ
အက္သလက္တီကို မက္ဒရစ္ ဟာ ယမန္ေန႔ညက နယ္သာလန္ ကလပ္ဖီယင္ႏု အသင္းနဲ႔ အေဝးကြင္းမွာ ေျခစမ္းပြဲ ကစားခဲ့ပါတယ္။ အိမ္ရွင္ ဖီယင္ႏုက ၁ – ၀ နဲ႔ အႏိုင္ ရေနခ်ိန္မွာ ေဘာပြဲတို႔ရဲ႕ ထုံးစံအတိုင္း အတြန္း အထိုး ကိစၥေတြ ျဖစ္ခဲ့ပါတယ္။
ဘယ္လ္ဂ်ီယံ ေတာင္ပံ ကစားသမားဟာ ဖီယင္ႏုကစားသမား ေအာ္ကြန္ ေကာ့ဆူ နဲ႔ ေဘာလုံးလုၾကရင္း မေတာ္တဆ ထိခိုက္မိရာကေန ေကာ့ဆူ လဲက် လူးလွိမ့္ေနမႈ အေပၚ ကာရက္စ္ကိုက ေဒါပြခဲ့ပုံရၿပီး အတင္းဆြဲထူဖို႔ ႀကိဳးစားခဲ့ပါတယ္။
အဲဒီအခ်ိန္မွာ ဖီယင္ႏု ကစားသမားေတြ ဝင္လာခဲ့ၿပီး ကာရက္စ္ကို နဲ႔ ႐ုန္းရင္း ဆန္ခတ္ ျဖစ္ကာ ေသြးထြက္တဲ့ အထိ ျဖစ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ နည္းျပႀကီး ဆီႁမြန္းနီ ဟာ ကြင္းထဲ အထိ ဝင္လာခဲ့ရၿပီး သူ႔ရဲ႕ ကစားသမားကို ႏွစ္သိမ့္ ေျဖာင္းဖ် ခဲ့ရပါတယ္။
ကာရက္စ္ကို ကေတာ့ အနီကတ္ နဲ႔ ထုတ္ပယ္ ခံခဲ့ရၿပီး ေကာ့ဆူ ရဲ႕ မ်က္ႏွာ နဲ႔ လည္ပင္းက ေသြးေတြ ထြက္တဲ့အေၾကာင္းကိုေတာ့ ေသခ်ာသိရျခင္း မရွိခဲ့ပါဘူး။
ဆီႁမြန္းနီရဲ႕ ကိုင္တြယ္မႈကို ၾကည့္မယ္ဆိုရင္ ေနာက္ဆုံး ၈ ႏွစ္ အတြင္းမွာ ရီးရဲလ္ မက္ဒရစ္ နဲ႔ ဘာစီလိုနာ တို႔ ႀကီးစိုး ေနတဲ့ လာလီဂါ မွာ အမွတ္ေပး ခ်န္ပီယံ ၂ ႀကိမ္ ျဖစ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ကိုလည္း ၂ ႀကိမ္ တက္ေရာက္ႏိုင္ခဲ့တာပါ။