
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာတက္ကသိုလ်ဟာ ရပ်ရှ်ဖို့ဒ်ကို ဒေါက်တာဘွဲ့ချီးမြှင့်လိုက်ပါတယ်။
မန်ချက်စတာနှင့်အင်္ဂလန်တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်ဟာမန်ချက်စတာတက္ကသိုလ်ရဲ့ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခံရတဲ့အသက်အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်လာပါတယ်။
မန်ချက်စတာ တက္ကသိုလ်ဟာ မန်ချက်စတာမြို့တွင်းမှာ ထူးချွန်တဲ့ လူပုဂ္ဂိုလ်တွေကို ဂုဏ်ပြုဆုတံဆိပ်တွေ ပေးအပ်ချီးမြှင့်လေ့ ရှိပြီး၊ မားကပ် စ်ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်း အတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို
ဆင်းရဲတဲ့ မိသားစုတွေ အတွက် စားနပ်ရိက္ခာ ပြည့်စုံအောင် ကူညီမှုတွေကြောင့် အခုလို ဒေါက်တာဘွဲ့ကို ရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။
မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာကိုဗစ်ကာလတုန်းကကျောင်းပိတ်ရက်တွင်လည်းနွမ်းပါးကလေးငယ်များအာဟာရပြည့်အစားအစာများစားသောက်နိုင်ရေးအတွက်ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့သူပါ။
မန်ချက်စတာတက္ကသိုလ်မှချီးမြှင့်တဲ့ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုအိုးထရက်ဖို့ဒ်ဂန္ထဝင်များဖြစ်ကြတဲ့ဆာအဲလက်စ်ဖာဂူဆန်နှင့်ဆာဘော်လ်ဘီချာလ်တန်တို့လည်းဆွတ်ခူးခဲ့ဖူးပါတယ်။
မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာအမ်ဘီအီးဘွဲ့ချီးမြှင့်ခံခဲ့ရသူလည်းဖြစ်ပါတယ်။
သူဟာလက်ရှိအချိန်တွင်ပုခုံးခွဲစိတ်ဒဏ်ရာမှပြန်လည်ကောင်းမွန်ကာယူနိုက်တက်နှင့်အတူပြန်လည်လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ပြီဖြစ်ပြီးလာမယ့်အပတ်တွင်ယူနိုက်တက် အတွက်ပြန်လည်ကစားပေးလာနိုင်ဖို့ရှိနေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဒေါက်တာဘွဲ့ချီးမြှင့်ခံရတဲ့ ယူနိုက်တက်က ပရဟိတဘောလုံးသမား