
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချဲလ်ဆီး တိုက်စစ်မှူး လူကာကူက စနေနေ့က ဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒူးထောက်လျှောထိုးအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ချဲလ်ဆီးအသင်းဆီပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ လူကာကူဟာ အက်စတွန်ဗီလာနှင့်ပွဲ၌ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ပထမဆုံးအဖြစ် တစ်ကျော့ပြန်ခြေချခွင့်ရရှိခြင်းဖြစ်ပြီး ဂိုး(၂)ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံသားဟာ တူချယ်ရဲ့ အသင်းမှာ ခြေစွမ်းဆက်တိုက်ပြသနေပြီး ဗီလာနဲ့ပွဲမှာလည်း သွင်းဂိုးထပ်မံသွင်းယူခဲ့ပြန်တာဖြစ်ပါတယ်။
ပထမဆုံး ဂိုးသွင်းပြီးနောက် ဒူးနဲ့ လျှောတိုက်အောင်ပွဲခံခဲ့တဲ့နေရာမှာ လိုရာမရောက်ဘဲ အလဲလဲအကွဲကွဲဖြစ်ခဲ့ရပါတယ်။
ခြေစွတ်စုတ်ပြဲသွားပြီးနောက်အဲဒီပုံစံမျိုးကိုရပ်တန့်ဖို့ဆုံးဖြတ်လိုက်တာပါ။
ပွဲအပြီးနောက်တစ်နေ့ မနက်ပိုင်းမှာတွစ်တာကနေတစ်ဆင့် လူကာကူက” မနေ့တုန်းကအောင်ပွဲခံမှုမျိုးဆက်လုပ်တော့မှာမဟုတ်ပါဘူး” လို့ဖော်ပြခဲ့ပါတယ်။
လူကာကူရဲ့ပို့စ်ကို like လုပ်သူပေါင်း ၈၈၀၀၀ ရှိခဲ့ပြီး မှတ်ချက်ပေးသူ ၁၅၀၇ ရှိခဲ့ရာမှာ ဒရော့ဘာလည်းပါဝင်ခဲ့ပါတယ်။
ပရိသတ်တချို့က လူမှုကွန်ရက်တွင် ဟာသလုပ် နောက်ပြောင်မှုများရှိခဲ့သလို၊ ဒရော့ဘာကလည်း ”ဟယ်လို ဒေါက်တာ ဒေးဗစ်၊ သူ့အတွက် ဒူးခေါင်းအသစ်တွေ ယူလာနိုင်မလား”လို့ ရေးသားခဲ့ပါတယ်။
ဒီလိုပုံစံအောင်ပွဲခံမှုမျိုးက အရင်ချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ ဒရော့ဘာနဲ့ ဟာဇတ် တို့လည်းပြုလုပ်ခဲ့ဖူးသေးပြီး ဟာဇတ်ဆိုရင်ဒူးခေါင်းနာကျင်မှုကြုံခဲ့ရပြီးနောက် ဒါမျိုးအောင်ပွဲခံမှုကိုရပ်တန့်ဖို့ ကလပ်ဘက်ကနေ အတည်ပြုထုတ်ပြန်ခဲ့ရပါတယ်။
အင်္ဂါနေ့မှာတော့ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပွဲအဖြစ် ဇင်းနစ် အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဒူးေထာက္ေလွ်ာထိုးေအာင္ပြဲခံတဲ့ ပုံစံကို ေနာက္ဘယ္ေတာ့မွ မလုပ္ေတာ့ဘူးလို႔ လူကာကူေျပာဆို
ခ်ဲလ္ဆီး တိုက္စစ္မႉး လူကာကူက စေနေန႔က ဗီလာအသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဒူးေထာက္ေလွ်ာထိုးေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတြင္ ခ်ဲလ္ဆီးအသင္းဆီျပန္လည္ေျပာင္းေ႐ႊ႕ခဲ့တဲ့ လူကာကူဟာ အက္စတြန္ဗီလာႏွင့္ပြဲ၌ စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းမွာ ပထမဆုံးအျဖစ္ တစ္ေက်ာ့ျပန္ေျခခ်ခြင့္ရရွိျခင္းျဖစ္ၿပီး ဂိုး(၂)ဂိုးသြင္းယူကာ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ဘယ္လ္ဂ်ီယံသားဟာ တူခ်ယ္ရဲ႕ အသင္းမွာ ေျခစြမ္းဆက္တိုက္ျပသေနၿပီး ဗီလာနဲ႔ပြဲမွာလည္း သြင္းဂိုးထပ္မံသြင္းယူခဲ့ျပန္တာျဖစ္ပါတယ္။ပထမဆုံး ဂိုးသြင္းၿပီးေနာက္ ဒူးနဲ႔ ေလွ်ာတိုက္ေအာင္ပြဲခံခဲ့တဲ့ေနရာမွာ လိုရာမေရာက္ဘဲ အလဲလဲအကြဲကြဲျဖစ္ခဲ့ရပါတယ္။ ေျခစြတ္စုတ္ၿပဲသြားၿပီးေနာက္အဲဒီပုံစံမ်ိဳးကိုရပ္တန႔္ဖို႔ဆုံးျဖတ္လိုက္တာပါ။
ပြဲအၿပီးေနာက္တစ္ေန႔ မနက္ပိုင္းမွာတြစ္တာကေနတစ္ဆင့္ လူကာကူက” မေန႔တုန္းကေအာင္ပြဲခံမႈမ်ိဳးဆက္လုပ္ေတာ့မွာမဟုတ္ပါဘူး” လို႔ေဖာ္ျပခဲ့ပါတယ္။ လူကာကူရဲ႕ပို႔စ္ကို like လုပ္သူေပါင္း ၈၈၀၀၀ ရွိခဲ့ၿပီး မွတ္ခ်က္ေပးသူ ၁၅၀၇ ရွိခဲ့ရာမွာ ဒေရာ့ဘာလည္းပါဝင္ခဲ့ပါတယ္။ပရိသတ္တခ်ိဳ႕က လူမႈကြန္ရက္တြင္ ဟာသလုပ္ ေနာက္ေျပာင္မႈမ်ားရွိခဲ့သလို၊ ဒေရာ့ဘာကလည္း ”ဟယ္လို ေဒါက္တာ ေဒးဗစ္၊ သူ႔အတြက္ ဒူးေခါင္းအသစ္ေတြ ယူလာႏိုင္မလား”လို႔ ေရးသားခဲ့ပါတယ္။
ဒီလို ပုံစံေအာင္ပြဲခံမႈမ်ိဳးက အရင္ခ်ဲလ္ဆီးကစားသမားေတြျဖစ္တဲ့ ဒေရာ့ဘာနဲ႔ ဟာဇတ္ တို႔လည္းျပဳလုပ္ခဲ့ဖူးေသးၿပီး ဟာဇတ္ဆိုရင္ဒူးေခါင္းနာက်င္မႈႀကဳံခဲ့ရၿပီးေနာက္ ဒါမ်ိဳးေအာင္ပြဲခံမႈကိုရပ္တန႔္ဖို႔ ကလပ္ဘက္ကေန အတည္ျပဳထုတ္ျပန္ခဲ့ရပါတယ္။
အဂၤါေန႔မွာေတာ့ ခ်ဲလ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ပြဲအျဖစ္ ဇင္းနစ္ အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။