ဒူးခေါက်ကြောနဲ့ ဒူးဒဏ်ရာကြောင့် လိုက်ပ်ဇစ်ပွဲကို မက်ဆီလွဲမယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီတိုက်စစ်မှူးလီယွန်နယ်မက်ဆီဟာ ဒူးခေါက်ကြောနဲ့ ဒူးဒဏ်ရာပြဿ နာတွေကြောင့် လိုက်ပ်ဇစ်နဲ့ကစားရမယ့်ပွဲကို လွဲချော်ရမှာဖြစ်ပါတယ်။

မက်ဆီဟာ လိုင်လီကိုအနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာပဲ အီကာဒီနဲ့ လူစားလဲခံခဲ့ရပါတယ်။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုထုတ်ပြန်ခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ပွဲအတွက် ၂၁ဦးလူစာရင်းမှာ မက်ဆီ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

မက်ဆီ ဘယ်လောက်ကြာကြာနားရမလဲဆိုတာကို ပီအက်စ်ဂျီကအတိအကျမပြောပေမယ့် သတင်းတွေမှာတော့ ပွဲအတော်များများလွဲရဖွယ်ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့စက်တင်ဘာနိုင်ငံတကာပွဲတွေကတည်းက ဒူးနာကျင်မှု ခံ စားခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ စပိန်မှာသွားရောက်ကုသခံဖို့ စီစဉ်နေပါပြီ။

ဒါကြောင့် လာမယ့်စနေ ဘော်ဒိုးနဲ့ကစားရမယ့်ပွဲကိုဆက်လွဲဖို့များသလို အာဂျင်တီးနားအသင်းရဲ့ နိုဝင်ဘာကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုလည်း ကစားနိုင်ဖွယ်မရှိပါဘူး။

မက်ဆီဟာ ပီအက်စ်ဂျီကိုရောက်လာပြီးကတည်းက ကြံ့ခိုင်မှုပြဿနာကြောင့် အကောင်းဆုံးခြေစွမ်းထုတ်ပြနိုင်ခြင်းမရှိသေးဘဲ ချန်ပီယံလိဂ်မှာ ၃ဂိုးသွင်းထားပေမယ့် လီဂူး ၁မှာတော့ ဂိုးဈေးဦးမပေါက်သေးပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒူးေခါက္ေၾကာနဲ႔ ဒူးဒဏ္ရာေၾကာင့္ လိုက္ပ္ဇစ္ပြဲကို မက္ဆီလြဲမယ္

ပီအက္စ္ဂ်ီတိုက္စစ္မႉးလီယြန္နယ္မက္ဆီဟာ ဒူးေခါက္ေၾကာနဲ႔ ဒူးဒဏ္ရာျပႆ နာေတြေၾကာင့္ လိုက္ပ္ဇစ္နဲ႔ကစားရမယ့္ပြဲကို လြဲေခ်ာ္ရမွာျဖစ္ပါတယ္။ မက္ဆီဟာ လိုင္လီကိုအႏိုင္ရခဲ့တဲ့ပြဲမွာ ဒဏ္ရာရခဲ့တာျဖစ္ၿပီး ပထမပိုင္းအၿပီးမွာပဲ အီကာဒီနဲ႔ လူစားလဲခံခဲ့ရပါတယ္။

ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏိုထုတ္ျပန္ခဲ့တဲ့ လိုက္ပ္ဇစ္နဲ႔ပြဲအတြက္ ၂၁ဦးလူစာရင္းမွာ မက္ဆီ ပါဝင္လာခဲ့ျခင္းမရွိပါဘူး။ မက္ဆီ ဘယ္ေလာက္ၾကာၾကာနားရမလဲဆိုတာကို ပီအက္စ္ဂ်ီကအတိအက်မေျပာေပမယ့္ သတင္းေတြမွာေတာ့ ပြဲအေတာ္မ်ားမ်ားလြဲရဖြယ္ရွိတယ္လို႔ေဖာ္ျပခဲ့ပါတယ္။

မက္ဆီဟာ ၿပီးခဲ့တဲ့စက္တင္ဘာႏိုင္ငံတကာပြဲေတြကတည္းက ဒူးနာက်င္မႈ ခံ စားခဲ့ရတာျဖစ္ၿပီး လက္ရွိမွာေတာ့ စပိန္မွာသြားေရာက္ကုသခံဖို႔ စီစဥ္ေနပါၿပီ။ ဒါေၾကာင့္ လာမယ့္စေန ေဘာ္ဒိုးနဲ႔ကစားရမယ့္ပြဲကိုဆက္လြဲဖို႔မ်ားသလို အာဂ်င္တီးနားအသင္းရဲ႕ ႏိုဝင္ဘာကမာၻ႔ဖလားေျခစစ္ပြဲေတြကိုလည္း ကစားႏိုင္ဖြယ္မရွိပါဘူး။

မက္ဆီဟာ ပီအက္စ္ဂ်ီကိုေရာက္လာၿပီးကတည္းက ႀကံ့ခိုင္မႈျပႆနာေၾကာင့္ အေကာင္းဆုံးေျခစြမ္းထုတ္ျပႏိုင္ျခင္းမရွိေသးဘဲ ခ်န္ပီယံလိဂ္မွာ ၃ဂိုးသြင္းထားေပမယ့္ လီဂူး ၁မွာေတာ့ ဂိုးေဈးဦးမေပါက္ေသးပါဘူး။