ဒုတိယအချီမှာပဲ ဗီရာကို ပွဲသိမ်းပြီး တိုကျိုမှာ လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်

photo-bjpenn

photo-conandaily

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပသွားခဲ့တဲ့ One Championship ရဲ့အဓိကပွဲစဉ်ကြီးမှာတော့ မြန်မာ့စပါးအုံးအောင်လအန်ဆန်ဟာ ဖိလစ်ပိုင်ရဲ့ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဘရန်ဒန်ဗီရာကို ဒုတိယအချီမှာပဲ ပွဲသိမ်းပြီး လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။ အောင်လအန်ဆန်အနေနဲ့ လိုက်ဟဲဗီးဝိတ်တန်းအတွက် ပထမဆုံးချန်ပီယံကာကွယ်ပွဲမှာပဲ အောင်မြင်စွာနဲ့ ချန်ပီယံဘွဲ့ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လိုက်ဟဲဗီးဝိတ်တန်းကို ဆင်းထိုးတဲ့ ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဘရန်ဒန်အဖို့ကတော့ ချန်ပီယံခါးပတ်နှစ်ခုပိုင်ဆိုင်နိုင်ရေးအိပ်မက် ပျက်ပြယ်သွားခဲ့ရပါတယ်။

photo-bbc burmese

အောင်လအန်ဆန်နဲ့ဘရန်ဒန်ဗီရာတို့ဟာ ပထမအချီတုန်းက လက်ရည်သိပ်မကွာခဲ့ကြပါဘူး။ နှစ်ယောက်စလုံး ခြေကန်ချက်တွေ၊လက်သီးချက်တွေနဲ့ အပြန်အလှန်ရှိခဲ့တာပါ။ ဒုတိယအချီမှာတော့ အောင်လက ပိုမိုအသာရလာခဲ့ပြီး တံတောင်နဲ့နောက်ပြန်အတွတ်မှာ ဘရန်ဒန်ကို မူးဝေေ၀ဖြစ်သွားစေခဲ့ကာ ဘရန်ဒန်က တုံ့ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် မရတော့ဘဲ လဲကျသွားခဲ့ပါတယ်။ အဲဒီမှာ အောင်လက လဲသွားတဲ့ဘရန်ဒန်ကို ဖိထိုးခဲ့ရာ ဒိုင်က ပွဲရပ်နဲ့ အနိုင်ပေးလိုက်တာဖြစ်ပါတယ်။

photo-bbc burmese

အောင်လဟာ သူ့ထက် အရပ်နဲ့ကိုယ်ထည်ကြီးမားတဲ့ဘရန်ဒန်ဗီရာကို နှစ်ချီတည်းနဲ့အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကိုအကြိမ်ကြိမ်ကာကွယ်နိုင်ခဲ့တဲ့အောင်လဟာ လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကိုလည်း တစ်ကြိမ်တည်းနဲ့ ကာကွယ်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ One Championship ရဲ့အအောင်မြင်ဆုံးဖိုက်တာက မြန်မာ့ဂုဏ်ဆောင်အောင်လအန်ဆန်ဖြစ်နေတာပါ။

[Zawgyi]

ဒုတိယအခ်ီမွာပဲ ဗီရာကို ပြဲသိမ္းၿပီး တိုက်ိဳမွာ လိုက္ဟဲဗီး၀ိတ္ခ်န္ပီယံဘဲြ႕ကို ကာကြယ္ႏိုင္ခဲ့တဲ့ ေအာင္လအန္ဆန္

ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕မွာ က်င္းပသြားခဲ့တဲ့ One Championship ရဲ႕အဓိကပြဲစဥ္ႀကီးမွာေတာ့ ျမန္မာ့စပါးအုံးေအာင္လအန္ဆန္ဟာ ဖိလစ္ပိုင္ရဲ႕ဟဲဗီး၀ိတ္တန္းကမာၻ႔ခ်န္ပီယံဘရန္ဒန္ဗီရာကို ဒုတိယအခ်ီမွာပဲ ပြဲသိမ္းၿပီး လုိက္ဟဲဗီး၀ိတ္ခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏိုင္ခဲ့ပါတယ္။ ေအာင္လအန္ဆန္အေနနဲ႔ လုိက္ဟဲဗီး၀ိတ္တန္းအတြက္ ပထမဆုံးခ်န္ပီယံကာကြယ္ပြဲမွာပဲ ေအာင္ျမင္စြာနဲ႔ ခ်န္ပီယံဘြဲ႕ကာကြယ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လိုက္ဟဲဗီး၀ိတ္တန္းကို ဆင္းထုိးတဲ့ ဟဲဗီး၀ိတ္တန္းကမာၻ႔ခ်န္ပီယံဘရန္ဒန္အဖို႔ကေတာ့ ခ်န္ပီယံခါးပတ္ႏွစ္ခုပိုင္ဆိုင္ႏိုင္ေရးအိပ္မက္ ပ်က္ျပယ္သြားခဲ့ရပါတယ္။

ေအာင္လအန္ဆန္နဲ႔ဘရန္ဒန္ဗီရာတို႔ဟာ ပထမအခ်ီတုန္းက လက္ရည္သိပ္မကြာခဲ့ၾကပါဘူး။ ႏွစ္ေယာက္စလုံး ေျခကန္ခ်က္ေတြ၊လက္သီးခ်က္ေတြန႔ဲ အျပန္အလွန္ရွိခဲ့တာပါ။ ဒုတိယအခ်ီမွာေတာ့ ေအာင္လက ပိုမိုအသာရလာခဲ့ၿပီး တံေတာင္နဲ႔ေနာက္ျပန္အတြတ္မွာ ဘရန္ဒန္ကို မူးေ၀ေ၀ျဖစ္သြားေစခဲ့ကာ ဘရန္ဒန္က တု႔ံျပန္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မရေတာ့ဘဲ လဲက်သြားခဲ့ပါတယ္။ အဲဒီမွာ ေအာင္လက လဲသြားတဲ့ဘရန္ဒန္ကို ဖိထိုးခဲ့ရာ ဒိုင္က ပြဲရပ္နဲ႔ အႏိုင္ေပးလိုက္တာျဖစ္ပါတယ္။

ေအာင္လဟာ သူ႔ထက္ အရပ္နဲ႔ကိုယ္ထည္ႀကီးမားတဲ့ဘရန္ဒန္ဗီရာကို ႏွစ္ခ်ီတည္းနဲ႔အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။ မစ္ဒယ္၀ိတ္ခ်န္ပီယံဘြဲ႕ကိုအႀကိမ္ႀကိမ္ကာကြယ္ႏိုင္ခဲ့တဲ့ေအာင္လဟာ လုိက္ဟဲဗီး၀ိတ္ခ်န္ပီယံဘြဲ႕ကိုလည္း တစ္ႀကိမ္တည္းနဲ႔ ကာကြယ္ႏိုင္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ One Championship ရဲ႕အေအာင္ျမင္ဆုံးဖိုက္တာက ျမန္မာ့ဂုဏ္ေဆာင္ေအာင္လအန္ဆန္ျဖစ္ေနတာပါ။