ဒုတိယအကြိမ် ဆေးစစ်မှုမှာ ပရီးမီးယားလိဂ်ကလပ်အသင်း ၂သင်းမှ ၂ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ

Photo Credit

Photo Credit

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ ဒုတိယအကြိမ်မြောက်အဖြစ် ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေးခဲ့ရာမှာ ပရီးမီးယားလိဂ်ကလပ်အသင်း ၂သင်းမှ လူ ၂ဦး Positive ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေဟာ အင်္ဂါ၊ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ လေ့ကျင့်ခန်းဆင်းခဲ့ပြီးနောက် စနေနေ့က ပရီးမီးယားလိဂ်ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို ဒုတိယအကြိမ်မြောက်အဖြစ် ဆေးစစ်ခဲ့တာဖြစ်ပါတယ်။

Photo Credit

ဒုတိယမြောက်စစ်ဆေးမှုမှာ ၉၉၆ ဦးကို စစ်ဆေးခဲ့တာဖြစ်ပြီး ကလပ်အသင်းတစ်သင်းချင်းစီက စစ်ဆေးမှုအရေအတွက်လည်း ၄၀ ကနေ ၅၀ ကို တိုးတက်များပြားလာပါတယ်။ ကလပ်အသင်း ၂၀စလုံးက ဒုတိယမြောက်စစ်ဆေးမှုမှာ ပါဝင်ခဲ့တာဖြစ်ပြီး တနလာနဲ့ အင်္ဂါနေ့တို့မှာ ထရိန်နင်ပြန်မဆင်းခင် တတိယမြောက် စစ်ဆေးခံရဦးမှာဖြစ်ပါတယ်။

Photo Credit

ယခုအချိန်အထိ စုစုပေါင်း ၁၇၄၄ ဦးကို စစ်ဆေးခဲ့ရာမှာ Positive လူနာ ၈ဦးရှိခဲ့ရာ Positive တွေ့ရှိမှုက စစ်ဆေးမှုရဲ့ ဝ.၄၅%ပဲရှိခဲ့ပါတယ်။ ပထမအကြိမ်စစ်ဆေးခဲ့ရာမှာ ဝက်ဖို့ဒ်အသင်းနောက်ခံလူ မာရီယာပါနဲ့ ဝန်ထမ်း ၂ဦးနဲ့ ဘန်လေအသင်းလက်ထောက်နည်းပြ အီယန်ဝိုယန်တို့အပါအဝင် ၆ဦး Positive ထွက်ခဲ့တာဖြစ်ပြီး သူတို့က ၇ ရက်ကြာ Isolation ဝင်နေရလို့ ဒုတိယအကြိမ် စစ်ဆေးမှုမှာတော့ မပါဝင်ခဲ့ပါဘူး။

Photo Credit

ပြီးခဲ့တဲ့တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ပထမအကြိမ် စစ်ဆေးခဲ့ရာ ၇၄၈ဦးကို စစ်ဆေးခဲ့ပါတယ်။ ဝက်ဖို့ဒ်အသင်းနည်းပြ နီဂယ်ပီယာဆန်က အသင်းသား ၂ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိခဲ့သူတွေနဲ့ ထိတွေ့ဆက်ဆံမှုရှိခဲ့လို့ Self-isolation ဝင်နေရကြောင်း ပြီးခဲ့တဲ့သောကြာနေ့က ကြေညာခဲ့ပါတယ်။ အသင်းခေါင်းဆောင် ဒီနေးအပါအဝင် ဝက်ဖု့ိဒ်ကစားသမားအများအပြားဟာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိတ်မချရသေးလု့ိ ထရိန်နင်ပြန်ဆင်းဖို့ ငြင်းဆန်ထားပါတယ်။

Photo Credit

Zawgyi

ဒုတိယအႀကိမ္ ေဆးစစ္မႈမွာ ပရီးမီးယားလိဂ္ကလပ္အသင္း ၂သင္းမွ ၂ဦး ကိုဗစ္-၁၉ ေရာဂါပိုး ထပ္မံေတြ႕ရွိ

ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ဟာ ဒုတိယအႀကိမ္ေျမာက္အျဖစ္ ကိုဗစ္-၁၉ ေရာဂါပိုးရွိ မရွိ စစ္ေဆးခဲ့ရာမွာ ပရီးမီးယားလိဂ္ကလပ္အသင္း ၂သင္းမွ လူ ၂ဦး Positive ျဖစ္ခဲ့ေၾကာင္း သိရပါတယ္။ ပရီးမီးယားလိဂ္ကလပ္ေတြဟာ အဂၤါ၊ ၾကာသပေတးနဲ႔ ေသာၾကာေန႔ေတြမွာ ေလ့က်င့္ခန္းဆင္းခဲ့ၿပီးေနာက္ စေနေန႔က ပရီးမီးယားလိဂ္ကစားသမားေတြနဲ႔ ၀န္ထမ္းေတြကို ဒုတိယအႀကိမ္ေျမာက္အျဖစ္ ေဆးစစ္ခဲ့တာျဖစ္ပါတယ္။
ဒုတိယေျမာက္စစ္ေဆးမႈမွာ ၉၉၆ ဦးကို စစ္ေဆးခဲ့တာျဖစ္ၿပီး ကလပ္အသင္းတစ္သင္းခ်င္းစီက စစ္ေဆးမႈအေရအတြက္လည္း ၄၀ ကေန ၅၀ ကို တုိးတက္မ်ားျပားလာပါတယ္။ ကလပ္အသင္း ၂၀စလုံးက ဒုတိယေျမာက္စစ္ေဆးမႈမွာ ပါ၀င္ခဲ့တာျဖစ္ၿပီး တနလာနဲ႔ အဂၤါေန႔တုိ႔မွာ ထရိန္နင္ျပန္မဆင္းခင္ တတိယေျမာက္ စစ္ေဆးခံရဦးမွာျဖစ္ပါတယ္။
ယခုအခ်ိန္အထိ စုစုေပါင္း ၁၇၄၄ ဦးကို စစ္ေဆးခဲ့ရာမွာ Positive လူနာ ၈ဦးရွိခဲ့ရာ Positive ေတြ႕ရွိမႈက စစ္ေဆးမႈရဲ႕ ၀.၄၅%ပဲရွိခဲ့ပါတယ္။ ပထမအႀကိမ္စစ္ေဆးခဲ့ရာမွာ ၀က္ဖုိ႔ဒ္အသင္းေနာက္ခံလူ မာရီယာပါနဲ႔ ၀န္ထမ္း ၂ဦးနဲ႔ ဘန္ေလအသင္းလက္ေထာက္နည္းျပ အီယန္၀ိုယန္တို႔အပါအ၀င္ ၆ဦး Positive ထြက္ခဲ့တာျဖစ္ၿပီး သူတုိ႔က ၇ ရက္ၾကာ Isolation ၀င္ေနရလုိ႔ ဒုတိယအႀကိမ္ စစ္ေဆးမႈမွာေတာ့ မပါ၀င္ခ့ဲပါဘူး။
ၿပီးခဲ့တဲ့တနဂၤေႏြနဲ႔ တနလၤာေန႔ေတြမွာ ပထမအႀကိမ္ စစ္ေဆးခဲ့ရာ ၇၄၈ဦးကို စစ္ေဆးခဲ့ပါတယ္။ ၀က္ဖို႔ဒ္အသင္းနည္းျပ နီဂယ္ပီယာဆန္က အသင္းသား ၂ဦးဟာ ကို႐ိုနာဗုိင္းရပ္စ္ေရာဂါပိုးေတြ႕ရွိခဲ့သူေတြနဲ႔ ထိေတြ႕ဆက္ဆံမႈရွိခဲ့လုိ႔ Self-isolation ၀င္ေနရေၾကာင္း ၿပီးခဲ့တဲ့ေသာၾကာေန႔က ေၾကညာခဲ့ပါတယ္။ အသင္းေခါင္းေဆာင္ ဒီေနးအပါအ၀င္ ၀က္ဖု႔ိဒ္ကစားသမားအမ်ားအျပားဟာ ေဘးအႏၱရာယ္ကင္းရွင္းေရးအတြက္ စိတ္မခ်ရေသးလု႔ိ ထရိန္နင္ျပန္ဆင္းဖို႔ ျငင္းဆန္ထားပါတယ္။