ဒုတိယလူသာဖြစ်ခဲ့ပေမယ့် ဆုရသွားတဲ့မက်ဆီကို လေးစားအသိအမှတ်ပြုပေးခဲ့တဲ့ ဗန်ဒစ်ဂျ်

photo-daily mail

photo-gettyimages

လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်ဟာ မနေ့ည Ballon d’Or ဆုပေးပွဲမှာ ဒုတိယနဲ့သာ ကျေနပ်လိုက်ရပေမယ့် ဆုရသွားတဲ့မက်ဆီကိုတော့ ချီးကျူးဂုဏ်ပြုပေးခဲ့ပါတယ်။ အဲဒီနယ်သာလန်နောက်ခံလူဟာ Ballon d’Or ဆုအတွက် ရေပန်းစားခဲ့သေးပေမယ့် နောက်ဆုံးတော့ မက်ဆီကို ပွတ်ကာသီကာနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒါပေမဲ့ ဗန်ဒစ်ဂျ်ဟာ ဂုဏ်သိက္ခာရှိစွာနဲ့ သူ့အရှုံးကို လက်ခံခဲ့ပြီး မက်ဆီကို ချီးကျူးဂုဏ်ပြုပေးခဲ့ပါတယ်။

photo-AP

အရင်ဆုံး ဗန်ဒစ်ဂျ်ဟာ ဒီလိုဂုဏ်သိက္ခာကြီးမားတဲ့ဆုအတွက် မျှော်မှန်းနိုင်မယ်လို့ တစ်ခါမှ မယုံကြည်ဖူးကြောင်း ဝန်ခံခဲ့ပါတယ်။”အရိုးသားဆုံးပြောရမယ်ဆိုရင် တကယ်တန်းဆန်ခါတင်စာရင်းသွင်းခံရတဲ့အချိန်ထိ Ballon d’Or ဆုအတွက် မျှော်မှန်းနိုင်မယ်လို့ ကျွန်တော်တစ်ခါမှ မတွေးမိခဲ့ပါဘူး။ ကျွန်တော့်ကစားသမားဘ၀ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို အဲဒါက အများကြီးပြောပြနေတာပါ။ ဘယ်တုန်းကမှ မလွယ်ကူခဲ့ဘူးလေ။ ဒီနေရာမှာ ဆုရမယ်ဆိုတာထက်ကို ကျွန်တော့်ကစားသမားဘဝဟာ ကွဲပြားခြားနားခဲ့တာပါ။ ကျွန်တော်အရောက်နောက်ကျခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့အိပ်မက်အတွက် ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ခြေလှမ်းတိုင်းအတွက် ကျွန်တော်အများကြီးကြိုးစားရမှာပါ”လို့ Ballo d’Or ဆုပေးပွဲက ဧည့်ပရိသတ်တွေရှေ့မှောက်မှာ ဗန်ဒစ်ဂျ်က ပြောခဲ့တာပါ။

photo-gettyimages

အဲဒီနောက် မက်ဆီနဲ့ပတ်သက်ပြီး ချီးကျူးပြောကြားခဲ့လို့ အဲဒီအာဂျင်တီးနားသားတောင် စင်ပေါ်မှာ ရှက်ကိုးရှက်ကန်းဖြစ်သွားပါတယ်။ ”ကံမကောင်းချင်တော့ ပုံမှန်ထက်ကို ထူးခြားတဲ့ မက်ဆီလိုကစားသမားတွေကလည်း ရှိနေပါတယ်။ သူတို့ဟာ သိပ်ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကြည့်လေဗျာ Ballon d’Or ဆု ၆ ကြိမ်တောင်။ဒီလိုကြီးကျယ်မှုကို ကျွန်တော်တု့ိလေးစားဖို့ လိုအပ်တာပေါ့။ ကျွန်တော် နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ အနည်းငယ်ပိုကောင်းတဲ့ တစ်စုံတစ်ယောက်ရှိခဲ့တာပါ”လို့ ဗန်ဒစ်ဂျ်က ဆက်လက်ပြောကြားခဲ့တာပါ။

[Zawgyi]

ဒုတိယလူသာျဖစ္ခဲ့ေပမယ့္ ဆုရသြားတဲ့မက္ဆီကို ေလးစားအသိအမွတ္ျပဳေပးခဲ့တဲ့ ဗန္ဒစ္ဂ်္

လီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္ဟာ မေန႔ည Ballon d’Or ဆုေပးပြဲမွာ ဒုတိယနဲ႔သာ ေက်နပ္လုိက္ရေပမယ့္ ဆုရသြားတဲ့မက္ဆီကိုေတာ့ ခ်ီးက်ဴးဂုဏ္ျပဳေပးခဲ့ပါတယ္။ အဲဒီနယ္သာလန္ေနာက္ခံလူဟာ Ballon d’Or ဆုအတြက္ ေရပန္းစားခဲ့ေသးေပမယ့္ ေနာက္ဆုံးေတာ့ မက္ဆီကို ပြတ္ကာသီကာနဲ႔ အေရးနိမ့္ခဲ့ရပါတယ္။ ဒါေပမဲ့ ဗန္ဒစ္ဂ်္ဟာ ဂုဏ္သိကၡာရွိစြာနဲ႔ သူ႔အရႈံးကို လက္ခံခဲ့ၿပီး မက္ဆီကို ခ်ီးက်ဴးဂုဏ္ျပဳေပးခဲ့ပါတယ္။

အရင္ဆုံး ဗန္ဒစ္ဂ်္ဟာ ဒီလုိဂုဏ္သိကၡာႀကီးမားတဲ့ဆုအတြက္ ေမွ်ာ္မွန္းႏိုင္မယ္လို႔ တစ္ခါမွ မယုံၾကည္ဖူးေၾကာင္း ၀န္ခံခဲ့ပါတယ္။”အရုိးသားဆုံးေျပာရမယ္ဆုိရင္ တကယ္တန္းဆန္ခါတင္စာရင္းသြင္းခံရတဲ့အခ်ိန္ထိ Ballon d’Or ဆုအတြက္ ေမွ်ာ္မွန္းႏုိင္မယ္လုိ႔ ကၽြန္ေတာ္တစ္ခါမွ မေတြးမိခဲ့ပါဘူး။ ကၽြန္ေတာ့္ကစားသမားဘ၀ ဘယ္လိုျဖစ္ခဲ့တယ္ဆိုတာကို အဲဒါက အမ်ားႀကီးေျပာျပေနတာပါ။ ဘယ္တုန္းကမွ မလြယ္ကူခ့ဲဘူးေလ။ ဒီေနရာမွာ ဆုရမယ္ဆုိတာထက္ကို ကၽြန္ေတာ့္ကစားသမားဘ၀ဟာ ကြဲျပားျခားနားခဲ့တာပါ။ ကၽြန္ေတာ္အေရာက္ေနာက္က်ခဲ့ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ့္ရဲ႕အိပ္မက္အတြက္ ဘယ္ေတာ့မွ လက္ေလွ်ာ႔မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ေျခလွမ္းတိုင္းအတြက္ ကၽြန္ေတာ္အမ်ားႀကီးႀကိဳးစားရမွာပါ”လုိ႔ Ballo d’Or ဆုေပးပြဲက ဧည့္ပရိသတ္ေတြေရွ႕ေမွာက္မွာ ဗန္ဒစ္ဂ်္က ေျပာခဲ့တာပါ။

အဲဒီေနာက္ မက္ဆီနဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးေျပာၾကားခဲ့လို႔ အဲဒီအာဂ်င္တီးနားသားေတာင္ စင္ေပၚမွာ ရွက္ကိုးရွက္ကန္းျဖစ္သြားပါတယ္။ ”ကံမေကာင္းခ်င္ေတာ့ ပုံမွန္ထက္ကို ထူးျခားတဲ့ မက္ဆီလိုကစားသမားေတြကလည္း ရွိေနပါတယ္။ သူတုိ႔ဟာ သိပ္ေကာင္းတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ၾကည့္ေလဗ်ာ Ballon d’Or ဆု ၆ ႀကိမ္ေတာင္။ဒီလိုႀကီးက်ယ္မႈကို ကၽြန္ေတာ္တု႔ိေလးစားဖို႔ လိုအပ္တာေပါ့။ ကၽြန္ေတာ္ နီးစပ္ခဲ့ပါတယ္။ ဒါေပမဲ့ အနည္းငယ္ပိုေကာင္းတဲ့ တစ္စုံတစ္ေယာက္ရွိခဲ့တာပါ”လို႔ ဗန္ဒစ္ဂ်္က ဆက္လက္ေျပာၾကားခဲ့တာပါ။