ဒုတိယမြောက်ရင်သွေးလေးကြောင့် ပိုပြီးပြည့်စုံတော့မယ့် ဖာနန်ဒက်စ်ရဲ့မိသားစုဘဝ

 

Bruno Fernandes posted this picture of partner Ana Pinho and daughter Matilde

 

The family of three will soon become four, as the couple announced on Instagram

 

Pinho posted this snap and wrote that a 'boy is on the way', their second child

 

Fernandes has had a stellar start to life with Manchester United and won player of the month

https://twitter.com/i/status/1240928354401910785

 

အားလုံးပဲ မင်္ဂလာပါ။ M Diary channel ကနေ ပြန်လည်ကြိုဆိုပါတယ်။ အခုတစ်ခေါက်မှာတော့ ဒုတိယမြောက်ရင်သွေးလေးကြောင့် ပိုပြီးပြည့်စုံတော့မယ့် ဖာနန်ဒက်စ်ရဲ့မိသားစုဘဝဆိုတဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ မန်ယူကြယ်ပွင့်ဘရူနိုဖာနန်ဒက်စ်ရဲ့လက်တွဲဖော်ဖြစ်တဲ့ အန်နာပင်ဟိုဟာ ဒုတိယမြောက်ကိုယ်ဝန်လွယ်ထားရတာဖြစ်ပြီး ဒီတစ်ခါမွေးမှာက ယောကျ်ားလေးဖြစ်တယ်လို့ သိရပါတယ်။ ဖာနန်ဒက်စ်နဲ့ပင်ဟိုတို့ဟာ ဒုတိယမြောက်ရင်သွေးလေးအကြောင်းကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ ဒီပျော်စရာသတင်းကို ပရိသတ်တွေဆီ ဖွင့်ဟအသိပေးခဲ့တာပါ။ ပင်ဟိုက သားယောကျ်ားလေးရောက်လာတော့မယ်လို့ ရေးတင်ခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်ကတော့ သမီးဖြစ်သူမာတီလ်ဒီက မိခင်ဖြစ်သူပင်ဟိုရဲ့ပူဖောင်းလာတဲ့ဗိုက်ကို နမ်းနေတဲ့အဖြူအမဲဓာတ်ပုံတစ်ပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။

မွေးလာမယ့် ဒုတိယမြောက်ရင်သွေးလေးက သားယောကျ်းလေးဖြစ်တာကြောင့် အရင်ကတည်းက သမီးတစ်ယောက်ရှိထားတဲ့ ဖာနန်ဒက်စ်ရဲ့မိသားစုဘဝဟာ ပိုပြီးပြည့်စုံသွားတော့မှာပါ။ လက်ရှိ ၃ နှစ်အရွယ်ဖြစ်တဲ့ သမီလေးမာတီလ်ဒီဟာ ဖာနန်ဒက်စ်နဲ့ ပင်ဟိုတို့ရဲ့ဘဝထဲကို ၂၀၁၇ ဇန်နဝါရီက ဝင်ရောက်လာခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်ပြင်မထွက်ရတဲ့အချိန်တွေကိုလည်း ဖာနန်ဒက်စ်ဟာ သမီးနဲ့အတူ အိမ်နောက်ဖေးပန်းခြံထဲမှာ ဘောလုံးကန်ရင်းနဲ့ဖြတ်သန်းနေတာပါ။ ဖာနန်ဒက်စ်ဟာ လက်တွဲဖော်ဖြစ်သူအန်နာပင်ဟိုနဲ့ အထက်တန်းကျောင်းသားအရွယ်ဖြစ်တဲ့ ၁၆ နှစ်ကတည်းက ကျောင်းမှာစတွေ့ပြီး ချစ်ကျွမ်းဝင်ခဲ့တာပါ။ သူဟာ ကွင်းထဲက စွမ်းဆောင်ရည်နဲ့ ပရိသတ်တွေရဲ့အသည်းစွဲဖြစ်လာရုံတင်မဟုတ်ဘဲ ကွင်းပြင်ပမှာလည်း အချစ်ရေးနဲ့ မိသားစုရေးမှာ စံတင်လောက်သူဖြစ်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ၁၆ နှစ်အရွယ်ကတည်းက တွဲလာတဲ့အန်ပင်ဟိုဟာ သူ့ရဲ့ပထမဆုံးနဲ့ တစ်ဦးတည်းသောချစ်သူဖြစ်လာလို့ပါပဲ။ ပင်ဟိုဟာ ကစားသမားဘဝအစောပိုင်းမှာ ဖာနန်ဒက်စ်တစ်ယောက် အီတလီကိုပြောင်းရွှေ့ကစားရတော့လည်း လိုက်ပါအဖော်ပြုပေးခဲ့တာပါ။ ဒါကြောင့် သူ့ကစားသမားရဲ့အရေးပါသူဖြစ်ခဲ့ပြီး မန်ယူမှာ ကျောနံပါတ် ၁၈ ကိုရွေးချယ်တော့လည်း အဲဒါဟာ သူ့ဇနီးဖြစ်သူရဲ့မွေးနေ့ပါလို့ ဖာနန်ဒက်စ်က ဖွင့်ဟခဲ့ပါတယ်။

လက်ရှိမှာလည်း ၂၅ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ် ၈ ပွဲမှာ ၄ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးပေးထားပါတယ်။ နယ်မြေသစ်အင်္ဂလန်နဲ့ ပြိုင်ပွဲသစ်ပရီးမီးယားလိဂ်တို့မှာ အချိန်တိုအတွင်း ချက်ချင်းအထိုင်ကျခြေစွမ်းပြနိုင်ခဲ့လို့လည်း ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုနဲ့ မန်ယူတစ်လတာအကောင်းဆုံးကစားသမားဆုတို့ကို ရရှိထားပါတယ်။ သူ့ရဲ့အိပ်မက်အသင်းဖြစ်တဲ့မန်ယူမှာ အကောင်းဆုံးတာထွက်နိုင်ခဲ့သလို မကြာခင်မှာ သမီးတစ်ယောက်၊သားတစ်ယောက်နဲ့ ပိုမိုပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်တော့မှာမို့ ဖာနန်ဒက်စ်အတွက် မှတ်မှတ်ရရနှစ်တစ်နှစ်လည်း ဖြစ်ပါလိမ့်မယ်။

 
