ဒုတိယဂိုးပေးရအပြီး ဒေါသပေါက်ကွဲဖို့အတွက် ရေဘူးတောင်းခဲ့တဲ့ ဟာလန်း

photo-daily mail

photo-EPA

လီဗာပူးနဲ့ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲက ဆဲလ်ဘတ်တိုက်စစ်မှုးလေးဟာလန်းရဲ့ဒေါသပေါက်ကွဲပုံကတော့ တကယ့်ကို ရယ်စရာကောင်းလှပါတယ်။ မန်ယူနဲ့သတင်းထွက်နေတဲ့ ဟာလန်းဟာ အဲဒီပွဲမှာ သူ့ရဲ့ဒေါသတွေကို ရေဘူးလေးတစ်ဘူးအပေါ်မှာ ပုံချခဲ့တာပါ။ လီဗာပူးဟာ အဲဒီပွဲမှာ ဒုတိယပိုင်းရောက်မှ ကီတာရဲ့ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ဆာလာက အိမ်ရှင်အသင်းကို ပြန်မလာနိုင်စေမယ့် ဒုတိယဂိုးထပ်သွင်းလိုက်ပါတယ်။

photo-EPA

ဆာလာက သူ့အသင်းဖော်တွေနဲ့ အောင်ပွဲခံနေစဉ်မှာပဲ ဟာလန်းဟာ ကွင်းဘေးလျှောက်လာပြီး နည်းပြအဖွဲ့ဝင်တွေထဲက တစ်ယောက်ဆီမှာ ရေဘူးတောင်းလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီရေဘူးကိုသောက်မယ့်အစား ဟာလန်းဟာ ဒေါသနဲ့ ကွင်းမြက်ခင်းပေါ် ပစ်ပေါက်ခဲ့ပါတယ်။ သူ့ရဲ့ပေါက်ကွဲမှုတွေကို ဖြေရှင်းတဲ့အနေနဲ့ပါ။ တကယ်လည်း အဲဒီပွဲမှာ ဟာလန်းဟာ ဆဲလ်ဘတ်ကို စတင်ဦးဆောင်နိုင်စေမယ့် အခွင့်အရေးကောင်း ၂ ကြိမ်လောက်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

photo-reuters

လီဗာပူးကို ရှုံးသွားလို့လည်း ဟာလန်းရဲ့ဆဲလ်ဘတ်ဟာ အုပ်စုတတိယနဲ့ပဲ ကျေနပ်လိုက်ရကာ ယူရိုပါလိဂ်မှာပဲ ဆင်းကန်ရတော့မှာပါ။ အဲဒီနော်ဝေသားလေးဟာ လီဗာပူးနဲ့အဆုံးအဖြတ်ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့ရပေမယ့်လည်း ဒီရာသီမှာ ဆဲလ်ဘတ်အတွက် ပြိုင်ပွဲအရပ်ရပ် ၂၈ ဂိုးတောင် သွင်းပေးထားပါတယ်။ ဒါကြောင့်လည်း သူ့ကို မန်ယူအပြင် ဥရောပထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်တစားဖြစ်နေကြတာပါ။

[Zawgyi]

ဒုတိယဂိုးေပးရအၿပီး ေဒါသေပါက္ကြဲဖို႔အတြက္ ေရဘူးေတာင္းခဲ့တဲ့ ဟာလန္း

လီဗာပူးနဲ႔ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲက ဆဲလ္ဘတ္တိုက္စစ္မႈးေလးဟာလန္းရဲ႕ေဒါသေပါက္ကြဲပုံကေတာ့ တကယ့္ကို ရယ္စရာေကာင္းလွပါတယ္။ မန္ယူနဲ႔သတင္းထြက္ေနတဲ့ ဟာလန္းဟာ အဲဒီပြဲမွာ သူ႔ရဲ႕ေဒါသေတြကို ေရဘူးေလးတစ္ဘူးအေပၚမွာ ပုံခ်ခဲ့တာပါ။ လီဗာပူးဟာ အဲဒီပြဲမွာ ဒုတိယပိုင္းေရာက္မွ ကီတာရဲ႕ဂိုးနဲ႔ စတင္ဦးေဆာင္ႏိုင္ခဲ့ၿပီး ခ်က္ခ်င္းဆုိသလုိပဲ ဆာလာက အိမ္ရွင္အသင္းကို ျပန္မလာႏိုင္ေစမယ့္ ဒုတိယဂိုးထပ္သြင္းလိုက္ပါတယ္။

ဆာလာက သူ႔အသင္းေဖာ္ေတြနဲ႔ ေအာင္ပြဲခံေနစဥ္မွာပဲ ဟာလန္းဟာ ကြင္းေဘးေလွ်ာက္လာၿပီး နည္းျပအဖြဲ႔၀င္ေတြထဲက တစ္ေယာက္ဆီမွာ ေရဘူးေတာင္းလုိက္ပါတယ္။ ဒါေပမဲ့ အဲဒီေရဘူးကိုေသာက္မယ့္အစား ဟာလန္းဟာ ေဒါသနဲ႔ ကြင္းျမက္ခင္းေပၚ ပစ္ေပါက္ခဲ့ပါတယ္။ သူ႔ရဲ႕ေပါက္ကြဲမႈေတြကို ေျဖရွင္းတဲ့အေနနဲ႔ပါ။ တကယ္လည္း အဲဒီပြဲမွာ ဟာလန္းဟာ ဆဲလ္ဘတ္ကို စတင္ဦးေဆာင္ႏိုင္ေစမယ့္ အခြင့္အေရးေကာင္း ၂ ႀကိမ္ေလာက္ရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့ပါဘူး။

လီဗာပူးကို ရႈံးသြားလို႔လည္း ဟာလန္းရဲ႕ဆဲလ္ဘတ္ဟာ အုပ္စုတတိယနဲ႔ပဲ ေက်နပ္လိုက္ရကာ ယူရိုပါလိဂ္မွာပဲ ဆင္းကန္ရေတာ့မွာပါ။ အဲဒီေနာ္ေ၀သားေလးဟာ လီဗာပူးနဲ႔အဆုံးအျဖတ္ပြဲမွာ ဂိုးေပါက္ေပ်ာက္ခဲ့ရေပမယ့္လည္း ဒီရာသီမွာ ဆဲလ္ဘတ္အတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၂၈ ဂိုးေတာင္ သြင္းေပးထားပါတယ္။ ဒါေၾကာင့္လည္း သူ႔ကို မန္ယူအျပင္ ဥေရာပထိပ္တန္းအသင္းႀကီးေတြက စိတ္၀င္တစားျဖစ္ေနၾကတာပါ။