ဒီေရာ့စီကို ျပန္ေခၚျခင္းနဲ႔ အီတလီနည္းျပမန္စီနီ ဂုဏ္ျပဳဖြယ္ရွိေန

PC ; AP

ယူရို ၂၀၂၀ ေျခစစ္ပြဲအုပ္စု(J)မွာ ရမွတ္ ၁၈မွတ္နဲ႔ ထိပ္ဆံုးကဦးေဆာင္ေနတဲ့ အီတလီအသင္းဟာ ေျခစစ္ပြဲေအာင္ဖို႔ အေျခအေနေကာင္းေနပါတယ္။တတိယေနရာက အာေမးနီးယားကို ၉မွတ္၊ဒုတိယေနရာက ဖင္လန္ကို ၆မွတ္ျဖတ္ထားတာေၾကာင့္ ၄ပြဲသာကစားဖို႔က်န္ေတာ့ခ်ိန္မွာ အဇူရီေတြ သက္ေသာင့္သက္သာရွိေနပါၿပီ။ဒါဟာ ကစားသမားတစ္ေယာက္အတြက္ အခြင့္အေရးျဖစ္လာလိမ့္မယ္လို႔ အီတလီမီဒီယာေတြက ဆိုပါတယ္။အေၾကာင္းကေတာ့ လက္ေရြးစင္အသင္းနည္းျပမန္စီနီဟာ ရိုးမားဂႏၳ၀င္ကြင္းလယ္လူဒီေရာ့စီကို ျပန္လည္ေရြးခ်ယ္ဖို႔ရွိေနတယ္ဆိုတာပါပဲ။အာဂ်င္တီးနားကလပ္ဘိုကာဂ်ဴနီယာမွာ ကစားေနတဲ့ဒီေရာ့စီဟာ ၂၀၁၈ ကမာၻ႔ဖလား ပေလးေအာ့ဖ္ပြဲစဥ္မွာ ဆြီဒင္ကိုရံႈးၿပီးတဲ့ေနာက္ လက္ေရြးစင္ဘ၀ကေန အနားယူသြားခဲ့သူပါ။

PC ; Getty

အသက္ ၃၆ႏွစ္ရွိၿပီျဖစ္ၿပီး အီတလီအတြက္ ပြဲေပါင္း၁၁၇ပြဲမွာ ၂၁ဂိုးသြင္းေပးခဲ့တဲ့ ဒီကြင္းလယ္လူကို မန္စီနီျပန္လည္ေခၚယူမယ့္အဓိက အေၾကာင္းဟာ စာနာေဖးမမႈနဲ႔အသိအမွတ္ျပဳဂုဏ္ျပဳျခင္းကလြဲလို႔ အျခားထူးျခားမႈမရွိႏိုင္ဘူးလို႔ ေဒသခံမီဒီယာေတြရဲ႕ ေရးသားမႈအရျမင္ႏိုင္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ လက္ေရြးစင္ဘ၀ကေန အနားယူခ်ိန္မွာ စိတ္ပ်က္စရာရလဒ္နဲ႔အဆံုးသတ္ခဲ့ရတာေၾကာင့္ ယူရိုေျခစစ္ပြဲေအာင္ျမင္ျခင္းနဲ႔ျပန္လည္အဆံုးသတ္ေပးဖို႔ မန္စီနီဆႏၵရွိေနတယ္လို႔ ေရးသားေနၾကလို႔ပါပဲ။အီတလီဟာ လာမယ့္ ေအာက္တိုဘာလမွာ ဂရိ၊လက္ခ်င္စတိန္းတို႔နဲ႔ယူရိုေျခစစ္ပြဲေတြ ကစားဖို႔ရွိေနပါတယ္။တစ္နည္းအားျဖင့္ ေအာက္တိုဘာ ၁၂ရက္ ေရာက္ရင္ ဒီေရာ့စီရဲ႕အသင္းေဟာင္း ရိုးမားရဲ႕အိမ္ကြင္းမွာ ဂရိနဲ႔ကစားရမွာပါ။

PC ; Getty

ရိုးမားဟာ ဒီေရာ့စီကို စာခ်ဳပ္သက္တမ္းထပ္မတိုးဖို႔ဆံုးျဖတ္ခဲ့ေပမယ့္ အသင္းမွာဆက္ေနဖို႔ ဒါရိုက္တာရာထူးတစ္ေနရာေပးၿပီး ကမ္းလွမ္းခဲ့ပါေသးတယ္။ဒါေပမဲ့ ကာယကံရွင္က ျငင္းဆန္ခဲ့ၿပီး သူ႔ရဲ႕ကစားသမားဘ၀ကို ဘိုကာဂ်ဴနီယာနဲ႔ဆက္လက္ျဖတ္သန္းခဲ့တာပါ။သူဟာ ေရာမကလပ္အတြက္ ၆၃ဂိုးသြင္းေပးခဲ့ၿပီး ေတာ့တီၿပီးတဲ့ေနာက္ ပြဲအမ်ားဆံုးကစားထားသူအျဖစ္ မွတ္တမ္း၀င္ထားပါတယ္။

(unicode)

ယူရို ၂၀၂၀ ခြေစစ်ပွဲအုပ်စု(J)မှာ ရမှတ် ၁၈မှတ်နဲ့ ထိပ်ဆုံးကဦးဆောင်နေတဲ့ အီတလီအသင်းဟာ ခြေစစ်ပွဲအောင်ဖို့ အခြေအနေကောင်းနေပါတယ်။တတိယနေရာက အာမေးနီးယားကို ၉မှတ်၊ဒုတိယနေရာက ဖင်လန်ကို ၆မှတ်ဖြတ်ထားတာကြောင့် ၄ပွဲသာကစားဖို့ကျန်တော့ချိန်မှာ အဇူရီတွေ သက်သောင့်သက်သာရှိနေပါပြီ။ဒါဟာ ကစားသမားတစ်ယောက်အတွက် အခွင့်အရေးဖြစ်လာလိမ့်မယ်လို့ အီတလီမီဒီယာတွေက ဆိုပါတယ်။အကြောင်းကတော့ လက်ရွေးစင်အသင်းနည်းပြမန်စီနီဟာ ရိုးမားဂန္ထဝင်ကွင်းလယ်လူဒီရော့စီကို ပြန်လည်ရွေးချယ်ဖို့ရှိနေတယ်ဆိုတာပါပဲ။အာဂျင်တီးနားကလပ်ဘိုကာဂျူနီယာမှာ ကစားနေတဲ့ဒီရော့စီဟာ ၂၀၁၈ ကမ္ဘာ့ဖလား ပလေးအော့ဖ်ပွဲစဉ်မှာ ဆွီဒင်ကိုရှုံးပြီးတဲ့နောက် လက်ရွေးစင်ဘဝကနေ အနားယူသွားခဲ့သူပါ။အသက် ၃၆နှစ်ရှိပြီဖြစ်ပြီး အီတလီအတွက် ပွဲပေါင်း၁၁၇ပွဲမှာ ၂၁ဂိုးသွင်းပေးခဲ့တဲ့ ဒီကွင်းလယ်လူကို မန်စီနီပြန်လည်ခေါ်ယူမယ့်အဓိက အကြောင်းဟာ စာနာဖေးမမှုနဲ့အသိအမှတ်ပြုဂုဏ်ပြုခြင်းကလွဲလို့ အခြားထူးခြားမှုမရှိနိုင်ဘူးလို့ ဒေသခံမီဒီယာတွေရဲ့ ရေးသားမှုအရမြင်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ လက်ရွေးစင်ဘဝကနေ အနားယူချိန်မှာ စိတ်ပျက်စရာရလဒ်နဲ့အဆုံးသတ်ခဲ့ရတာကြောင့် ယူရိုခြေစစ်ပွဲအောင်မြင်ခြင်းနဲ့ပြန်လည်အဆုံးသတ်ပေးဖို့ မန်စီနီဆန္ဒရှိနေတယ်လို့ ရေးသားနေကြလို့ပါပဲ။အီတလီဟာ လာမယ့် အောက်တိုဘာလမှာ ဂရိ၊လက်ချင်စတိန်းတို့နဲ့ယူရိုခြေစစ်ပွဲတွေ ကစားဖို့ရှိနေပါတယ်။တစ်နည်းအားဖြင့် အောက်တိုဘာ ၁၂ရက် ရောက်ရင် ဒီရော့စီရဲ့အသင်းဟောင်း ရိုးမားရဲ့အိမ်ကွင်းမှာ ဂရိနဲ့ကစားရမှာပါ။ရိုးမားဟာ ဒီရော့စီကို စာချုပ်သက်တမ်းထပ်မတိုးဖို့ဆုံးဖြတ်ခဲ့ပေမယ့် အသင်းမှာဆက်နေဖို့ ဒါရိုက်တာရာထူးတစ်နေရာပေးပြီး ကမ်းလှမ်းခဲ့ပါသေးတယ်။ဒါပေမဲ့ ကာယကံရှင်က ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ကစားသမားဘဝကို ဘိုကာဂျူနီယာနဲ့ဆက်လက်ဖြတ်သန်းခဲ့တာပါ။သူဟာ ရောမကလပ်အတွက် ၆၃ဂိုးသွင်းပေးခဲ့ပြီး တော့တီပြီးတဲ့နောက် ပွဲအများဆုံးကစားထားသူအဖြစ် မှတ်တမ်းဝင်ထားပါတယ်။