ဒီအသင္းကို ကၽြန္ေတာ္မႀကိဳက္ဘူး…

Photo internet

၀က္စ္ဟမ္းကိုရံႈးတဲ့ပြဲက မန္ယူရဲ႕စြမ္းေဆာင္မႈကို နည္းျပေဟာင္းေမာ္ရင္ညိဳက ေ၀ဖန္ျပစ္တင္လိုက္ၿပီး ဆိုးလ္ရွားရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ရာသီကတည္းက တိုးတက္လာတာကိုမျမင္ရဘူးလို႔လည္း ေျပာဆိုလိုက္ ပါတယ္။အဲဒီပြဲမွာ အိမ္ရွင္အသင္းရဲ႕ ယာမိုလန္ကိုနဲ႔ခရက္စ္၀ဲလ္တို႔ရဲ႕ ပြဲတစ္ပိုင္းဆီက သြင္းဂိုးေတြဟာ မန္ယူကို ပရီးမီးယားလိဂ္ ၆ပြဲမွာ ၂ပြဲေျမာက္အရံႈးနဲ႔ေတြ႔ႀကံဳေစခဲ့ပါတယ္။

Photo internet

လန္ဒန္ကြင္းက မန္ယူရဲ႕ေျခစြမ္းဟာ အသက္မပါခဲ့ဘူးလို႔ ေမာ္ရင္ညိဳက ေ၀ဖန္လိုက္တာပါ။ဒါ့အျပင္ ဆိုးလ္ရွားတာ၀န္မယူခင္ ၂၀၁၈-၁၉ ရာသီအေစာပိုင္းမွာ သူကိုယ္တြယ္ခဲ့တဲ့ မန္ယူဟာ အေျခအေနဆိုးခဲ့တာကိုလည္း ၀န္ခံသြားပါတယ္။

Photo internet

ဒါေပမဲ့ ၿပီးခဲ့တဲ့ရာသီတုန္းက အဆင့္-၆ေနရာမွာ စိတ္ပ်က္စရာအဆံုးသတ္ခဲ့သလို ဒီရာသီမွာလည္း ဘစ္ဆာကာ၊ မက္ဂိြဳင္းနဲ႔ဒန္နီရယ္ဂ်ိမ္းစ္တို႔ေရာက္လာေပမယ့္ မန္ယူရဲ႕အေနအထားဟာ သူ တာ၀န္ယူခဲ့စဥ္ကထက္ ဘာမွတိုးတက္မလာဘူးလို႔ စပါယ္ရွယ္၀မ္းက ေျပာသြားခဲ့ပါတယ္။

Photo mirror

မန္ယူရဲ႕စြမ္းေဆာင္မႈတိုးတက္လာသလားဆိုတဲ့ Sky Sports ရဲ႕အေမးကို ေမာ္ရင္ညိဳက “ ကၽြန္ေတာ္ မေတြ႔ပါဘူး။မႏွစ္တုန္းက ကၽြန္ေတာ္တို႔ အေျခအေနဆိုးခဲ့တယ္။ဒါေပမဲ့ ဒီရာသီမွာလည္း တိုးတက္လာတာ ဘာမွကၽြန္ေတာ္မေတြ႔ပါဘူး။ကစားသမားသစ္ ၃ေယာက္ေရာက္လာတဲ့တိုင္ေအာင္ေပါ့။ဒီ ၃ေယာက္ကို ကၽြန္ေတာ္ႏွစ္သက္ပါတယ္။သူတို႔ဟာ ေကာင္းမြန္တဲ့အရည္အေသြးေတြ အသင္းဆီယူေဆာင္လာလိမ့္မယ္လို႔လည္း ထင္ပါတယ္။ဒါေပမဲ့ အသင္းတစ္သင္းအေနနဲ႔ေျပာရရင္ေတာ့ အားလံုးကို ကၽြန္ေတာ္မႀကိဳက္ပါဘူး။ဒီရလဒ္ကိုလည္း မအံ့ၾသမိပါဘူး။ဆိုးလ္ရွားဟာ ဘယ္လိုတိုးတက္မႈမ်ိဳးကိုမွ လုပ္ေပးႏိုင္ခဲ့တယ္လို႔လည္းမထင္ပါဘူး ”လို႔ ေျဖသြားခဲ့ပါတယ္။

Photo the sun

မန္ယူအသင္းေခါင္းေဆာင္ေဟာင္းရြိဳင္ကိန္းကလည္း ေခါင္းေဆာင္ေကာင္းကင္းမဲ့ေနတာဟာ မန္ယူလက္ရွိရင္ဆိုင္ေန ရတဲ့ ျပသနာတစ္ခုလို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။

Photo internet

(Unicode Version)

ဒီအသင်းကို ကျွန်တော်မကြိုက်ဘူး…

ဝက်စ်ဟမ်းကိုရှုံးတဲ့ပွဲက မန်ယူရဲ့စွမ်းဆောင်မှုကို နည်းပြဟောင်းမော်ရင်ညိုက ဝေဖန်ပြစ်တင်လိုက်ပြီး ဆိုးလ်ရှားရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီကတည်းက တိုးတက်လာတာကိုမမြင်ရဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။အဲဒီပွဲမှာ အိမ်ရှင်အသင်းရဲ့ ယာမိုလန်ကိုနဲ့ခရက်စ်ဝဲလ်တို့ရဲ့ ပွဲတစ်ပိုင်းဆီက သွင်းဂိုးတွေဟာ မန်ယူကို ပရီးမီးယားလိဂ် ၆ပွဲမှာ ၂ပွဲမြောက်အရှုံးနဲ့တွေ့ကြုံစေခဲ့ပါတယ်။

လန်ဒန်ကွင်းက မန်ယူရဲ့ခြေစွမ်းဟာ အသက်မပါခဲ့ဘူးလို့ မော်ရင်ညိုက ဝေဖန်လိုက်တာပါ။ဒါ့အပြင် ဆိုးလ်ရှားတာဝန်မယူခင် ၂၀၁၈-၁၉ ရာသီအစောပိုင်းမှာ သူကိုယ်တွယ်ခဲ့တဲ့ မန်ယူဟာ အခြေအနေဆိုးခဲ့တာကိုလည်း ဝန်ခံသွားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီတုန်းက အဆင့်-၆နေရာမှာ စိတ်ပျက်စရာအဆုံးသတ်ခဲ့သလို ဒီရာသီမှာလည်း ဘစ်ဆာကာ၊မက်ဂွိုင်းနဲ့ဒန်နီရယ်ဂျိမ်းစ်တို့ရောက်လာပေမယ့် မန်ယူရဲ့အနေအထားဟာ သူ တာဝန်ယူခဲ့စဉ်ကထက် ဘာမှတိုးတက်မလာဘူးလို့ စပါယ်ရှယ်ဝမ်းက ပြောသွားခဲ့ပါတယ်။

မန်ယူရဲ့စွမ်းဆောင်မှုတိုးတက်လာသလားဆိုတဲ့ Sky Sports ရဲ့အမေးကို မော်ရင်ညိုက “ ကျွန်တော် မတွေ့ပါဘူး။မနှစ်တုန်းက ကျွန်တော်တို့ အခြေအနေဆိုးခဲ့တယ်။ဒါပေမဲ့ ဒီရာသီမှာလည်း တိုးတက်လာတာ ဘာမှကျွန်တော်မတွေ့ပါဘူး။ကစားသမားသစ် ၃ယောက်ရောက်လာတဲ့တိုင်အောင်ပေါ့။ဒီ ၃ယောက်ကို ကျွန်တော်နှစ်သက်ပါတယ်။သူတို့ဟာ ကောင်းမွန်တဲ့အရည်အသွေးတွေ အသင်းဆီယူဆောင်လာလိမ့်မယ်လို့လည်း ထင်ပါတယ်။ဒါပေမဲ့ အသင်းတစ်သင်းအနေနဲ့ပြောရရင်တော့ အားလုံးကို ကျွန်တော်မကြိုက်ပါဘူး။ဒီရလဒ်ကိုလည်း မအံ့သြမိပါဘူး။ဆိုးလ်ရှားဟာ ဘယ်လိုတိုးတက်မှုမျိုးကိုမှ လုပ်ပေးနိုင်ခဲ့တယ်လို့လည်းမထင်ပါဘူး ”လို့ ဖြေသွားခဲ့ပါတယ်။

မန်ယူအသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းကလည်း ခေါင်းဆောင်ကောင်းကင်းမဲ့နေတာဟာ မန်ယူလက်ရှိရင်ဆိုင်နေရတဲ့ ပြသနာတစ်ခုလို့ မှတ်ချက်ပေးလိုက်ပါတယ်။