
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
UNICEF ရန်ပုံငွေခြေစမ်းပွဲအဖြစ် Soccer Aid ပွဲစဉ်ကို မနေ့က မန်စီးတီးအသင်းရဲ့အစ်တီဟတ်ကွင်းမှာ World XI အသင်းနဲ့ အင်္ဂလန်နာမည်ကျော်ကစားသမားဟောင်းတွေပါဝင်တဲ့ England XI အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး World XI အသင်းက (၃-၀)ဂိုးရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။
England XI အသင်းမှာ လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားရွန်နီ၊ ဂယ်ရီနဗီးလ်၊ ကာရေဂါ၊ ပေါလ်စခိုးလ်၊ ဂျိုးကိုးလ်၊ ဂျေမီရက်နက်ဒ်စတဲ့ကစားသမားဟောင်းတွေပါဝင်ခဲ့ပြီး
World XI အသင်းမှာတော့ အူစိန်းဘော့၊ ဆီးဒေါဖ့်၊ နယ်သာလန်နာမည်ကျော်ကွင်းလယ်လူဟောင်းဒီယွန်းတို့အပြင် အားကစားကဏ္ဍပြင်ပက နာမည်ကျော်တွေပါဝင်ခဲ့ကြပါတယ်။
အဲဒီပွဲက ရန်ပုံငွေအတွက်ခြေစမ်းပွဲသာဖြစ်ပေမယ့် ကာရေဂါက ငယ်မူငယ်သွေးကြွပြီး ပြိုင်ဘက်ကစားသမား ကမ်စီတီနေးကို ခြေထောက်နဲ့မသိမသာပိတ်ကန်ခဲ့တာကြောင့် ပရိသတ်တွေက ကာရေဂါရဲ့လုပ်ရပ်ကို ဝေဖန်ပြစ်တင်နေကြတာပါ။
ကာရေဂါဟာ ပယ်နယ်တီဧရိယာအတွင်း ကမ်စီတီနေးနဲ့ဘောလုံးယှဉ်အလုမှာ ကမ်စီတီနေး လဲကျသွားတဲ့အခါ ရင်ဘတ်ကို ခြေဖနောင့်နဲ့မသိမသာကန်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်ကစားသမားဘဝတုန်းကလည်း ခပ်ကြမ်းကြမ်းကစားခဲ့တဲ့ ကာရေဂါဟာ အသက်(၄၃)နှစ်အရွယ်ရောက်တာတောင် မိုက်သွေးကြွနေဆဲလို့သတ်မှတ်ရမှာဖြစ်ပြီး
ပရိသတ်တွေကတော့ ကာရေဂါရဲ့လုပ်ရပ်က ရှက်စရာကောင်းသလို ပြိုင်ပွဲအပေါ်မှာလေးစားမှုမရှိဘဲ အနီကတ်နဲ့အထုတ်ခံရသင့်တယ်လို့ Twitter မှာ ဝေဖန်ရေးသားခဲ့ကြပါတယ်။
ပြင်ပဘဝမှာ ရုပ်သံတင်ဆက်သူအဖြစ် လူသိများတဲ့ ကမ်စီတီနေးဟာ အဲဒီပွဲမှာခြေစွမ်းပြကစားခဲ့ပြီး နှစ်ဂိုးသွင်းယူခဲ့တဲ့အပြင် Man Of The Match ဆုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အခုခြေစမ်းပွဲကနေ ပေါင်(၁၃)သန်းကျော်ရရှိခဲ့တာကြောင့် ဒါဟာ ခြေစမ်းပွဲတွေမှာ ရန်ပုံငွေအများဆုံးရရှိခဲ့တဲ့ပွဲအဖြစ်စံချိန်တင်ခဲ့ပြီး ဒီငွေကြေးတွေအားလုံးကို မသန်စွမ်းကလေးငယ်တွေ ထောက်ပံ့ပေးရေးအတွက် UNICEF ဆီ လှူဒါန်းသွားမှာပဲဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဒီအသက္အ႐ြယ္ေရာက္တာေတာင္ ကြင္းထဲမွာ မိုက္ေသြးျပခဲ့တဲ့ ကာေရဂါရဲ႕ကစားပုံကို ပရိသတ္ေတြေဝဖန္
UNICEF ရန္ပုံေငြေျခစမ္းပြဲအျဖစ္ Soccer Aid ပြဲစဥ္ကို မေန႔က မန္စီးတီးအသင္းရဲ႕အစ္တီဟတ္ကြင္းမွာ World XI အသင္းနဲ႔ အဂၤလန္နာမည္ေက်ာ္ကစားသမားေဟာင္းေတြပါဝင္တဲ့ England XI အသင္းတို႔ယွဥ္ၿပိဳင္ကစားခဲ့ၿပီး World XI အသင္းက (၃-၀)ဂိုးရလဒ္နဲ႔အႏိုင္ရခဲ့ပါတယ္။
England XI အသင္းမွာ လက္ေ႐ြးစင္အသင္းသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမား႐ြန္နီ၊ ဂယ္ရီနဗီးလ္၊ ကာေရဂါ၊ ေပါလ္စခိုးလ္၊ ဂ်ိဳးကိုးလ္၊ ေဂ်မီရက္နက္ဒ္စတဲ့ကစားသမားေဟာင္းေတြပါဝင္ခဲ့ၿပီး World XI အသင္းမွာေတာ့ အူစိန္းေဘာ့၊ ဆီးေဒါဖ့္၊ နယ္သာလန္နာမည္ေက်ာ္ကြင္းလယ္လူေဟာင္းဒီယြန္းတို႔အျပင္ အားကစားက႑ျပင္ပက နာမည္ေက်ာ္ေတြပါဝင္ခဲ့ၾကပါတယ္။ အဲဒီပြဲက ရန္ပုံေငြအတြက္ေျခစမ္းပြဲသာျဖစ္ေပမယ့္ ကာေရဂါက ငယ္မူငယ္ေသြးႂကြၿပီး ၿပိဳင္ဘက္ကစားသမား ကမ္စီတီေနးကို ေျခေထာက္နဲ႔မသိမသာပိတ္ကန္ခဲ့တာေၾကာင့္ ပရိသတ္ေတြက ကာေရဂါရဲ႕လုပ္ရပ္ကို ေဝဖန္ျပစ္တင္ေနၾကတာပါ။
ကာေရဂါဟာ ပယ္နယ္တီဧရိယာအတြင္း ကမ္စီတီေနးနဲ႔ေဘာလုံးယွဥ္အလုမွာ ကမ္စီတီေနး လဲက်သြားတဲ့အခါ ရင္ဘတ္ကို ေျခဖေနာင့္နဲ႔မသိမသာကန္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ကစားသမားဘဝတုန္းကလည္း ခပ္ၾကမ္းၾကမ္းကစားခဲ့တဲ့ ကာေရဂါဟာ အသက္(၄၃)ႏွစ္အ႐ြယ္ေရာက္တာေတာင္ မိုက္ေသြးႂကြေနဆဲလို႔သတ္မွတ္ရမွာျဖစ္ၿပီး ပရိသတ္ေတြကေတာ့ ကာေရဂါရဲ႕လုပ္ရပ္က ရွက္စရာေကာင္းသလို ၿပိဳင္ပြဲအေပၚမွာေလးစားမႈမရွိဘဲ အနီကတ္နဲ႔အထုတ္ခံရသင့္တယ္လို႔ Twitter မွာ ေဝဖန္ေရးသားခဲ့ၾကပါတယ္။
ျပင္ပဘဝမွာ ႐ုပ္သံတင္ဆက္သူအျဖစ္ လူသိမ်ားတဲ့ ကမ္စီတီေနးဟာ အဲဒီပြဲမွာေျခစြမ္းျပကစားခဲ့ၿပီး ႏွစ္ဂိုးသြင္းယူခဲ့တဲ့အျပင္ Man Of The Match ဆုပါ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အခုေျခစမ္းပြဲကေန ေပါင္(၁၃)သန္းေက်ာ္ရရွိခဲ့တာေၾကာင့္ ဒါဟာ ေျခစမ္းပြဲေတြမွာ ရန္ပုံေငြအမ်ားဆုံးရရွိခဲ့တဲ့ပြဲအျဖစ္စံခ်ိန္တင္ခဲ့ၿပီး ဒီေငြေၾကးေတြအားလုံးကို မသန္စြမ္းကေလးငယ္ေတြ ေထာက္ပံ့ေပးေရးအတြက္ UNICEF ဆီ လႉဒါန္းသြားမွာပဲျဖစ္ပါတယ္။