ဒီအချိန်မှာ မာနေးကို ဘာစီလိုနာ ခေါ်ယူရင် ပေါင် ၈၉ သန်းသက်သာသွားမှာဖြစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းအနေနဲ့ လာမယ့်ဇန်နဝါရီလအတွင်း လီဗာပူးတိုက်စစ်မှူး မာနေးကို ခေါ်ယူဖို့ ကြိုးစားခဲ့ရင် ပေါင် ၈၉ သန်းသက်သာတော့မှာဖြစ်ကြောင်း သိရပါတယ်။

အကြောင်းကတော့ ကော်တင်ညိုကို လီဗာပူးကနေ ဘာစီလိုနာအသင်း ခေါ်ယူခဲ့စဉ်က ထည့်သွင်းခဲ့တဲ့ အချက်အလက်ထဲက တစ်ခု သက်တမ်းကုန်ဆုံးသွားတာကြောင့်ဖြစ်ပါတယ်။

The Times သတင်းစာရဲ့ဖော်ပြချက်အရ ၂၀၁၈ ဇန်နဝါရီလမှာ ကော်တင်ညိုကို ဘာစီလိုနာအသင်းထံ ရောင်းချခဲ့စဉ်က လီဗာပူးအသင်းတာဝန်ရှိသူတွေဟာ နောက်ထပ်ကြယ်ပွင့်တွေကို ဘာစီလိုနာအသင်းထံ မဆုံးရှုံးရစေရေးအတွက် အချက်အလက်တွေထည့်သွင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

၂၀၁၄ ခုနှစ်ကလည်း ဘာစီလိုနာအသင်းဟာ လီဗာပူးရဲ့အဓိကတိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူခဲ့ဖူးတဲ့အစဉ်အလာရှိခဲ့လို့ လီဗာပူးအသင်းက ကော်တင်ညိုကို ရောင်းချခဲ့တုန်းက ဘာစီလိုနာအသင်း ကြိုးစားဖို့မဖြစ်နိုင်လောက်တဲ့အချက်အလက် ထည့်သွင်းခဲ့တာပါ။

လီဗာပူးအသင်းအားကစားဒါရိုက်တာ မိုက်ကယ်အက်ဝက်ဒ်က ဦးဆောင်ဆွေးနွေးခဲ့တာဖြစ်ပြီး ကော်တင်ညိုကို ရောင်းချခဲ့တဲ့ ၂၀၁၈ ကနေ ၂၀၁၉-၂၀ ရာသီကုန်အချိန်အတွင်း ဘာစီလိုနာအသင်းအနေနဲ့ လီဗာပူးးအသင်းသားတစ်ဦးဦးကို ခေါ်ယူဖို့ ကြိုးစားခဲ့ရင် လီဗာပူးဘက်က တောင်းဆိုတဲ့ပြောင်းရွှေ့ကြေးအပြင် နောက်ထပ် ပေါင် ၈၉သန်းပေးချေရမယ့် အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့တာပါ။

ဘာစီလိုနာဟာ လီဗာပူးအသင်းသားတွေဖြစ်တဲ့ မာနေး၊ ဆာလာ၊ ဖာမီနိုနဲ့ အခုနောက်ဆုံး ဝှစ်ချ်နယ်ဒမ်းတို့ကို ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်ခဲ့ဖူးပေမယ့် အဲဒီအချက်ကြောင့် အဆင်မပြေဖြစ်ခဲ့ရပါတယ်။

ဝှစ်ချ်နယ်ဒမ်းက လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပေမယ့် လီဗာပူးအသင်းဟာ ၂၀၁၈ မှာ ကော်တင်ညို ထွက်ခွာသွားပြီးနောက် အသင်းရဲ့တိုက်စစ်မှူးတွေကို ၂၀၂၃ အထိရှိမယ့် စာချုပ်သစ်အသီးသီးချုပ်ဆိုခဲ့ပါတယ်။

၂၀၁၆ နွေရာသီက ဆောက်သမ်တန်ကနေ ရောက်လာပြီးချိန်ကတည်းက ခြေစွမ်းပြနေတဲ့ မာနေးဟာ လက်ရှိအချိန်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၀၈ သန်းတန်ကြေးရှိပြီး ဘာစီလိုနာအနေနဲ့ ပေါင် ၈၉ သန်းအပိုပေးချေရတော့မှာမဟုတ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးကျပ်တည်းနေလို့ နွေရာသီမှာ မာနေးကို ခေါ်ယူဖို့က ရာခိုင်နှုန်းနည်းနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီအခ်ိန္မွာ မာေနးကို ဘာစီလုိနာ ေခၚယူရင္ ေပါင္ ၈၉ သန္းသက္သာသြားမွာျဖစ္

ဘာစီလုိနာအသင္းအေနနဲ႔ လာမယ့္ဇန္န၀ါရီလအတြင္း လီဗာပူးတုိက္စစ္မွဴး မာေနးကို ေခၚယူဖုိ႔ ႀကိဳးစားခဲ့ရင္ ေပါင္ ၈၉ သန္းသက္သာေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။

အေၾကာင္းကေတာ့ ေကာ္တင္ညိဳကို လီဗာပူးကေန ဘာစီလုိနာအသင္း ေခၚယူခဲ့စဥ္က ထည့္သြင္းခဲ့တဲ့ အခ်က္အလက္ထဲက တစ္ခု သက္တမ္းကုန္ဆုံးသြားတာေၾကာင့္ျဖစ္ပါတယ္။

The Times သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ၂၀၁၈ ဇန္န၀ါရီလမွာ ေကာ္တင္ညိဳကို ဘာစီလုိနာအသင္းထံ ေရာင္းခ်ခဲ့စဥ္က လီဗာပူးအသင္းတာ၀န္ရွိသူေတြဟာ ေနာက္ထပ္ၾကယ္ပြင့္ေတြကို ဘာစီလုိနာအသင္းထံ မဆုံး႐ံႈးရေစေရးအတြက္ အခ်က္အလက္ေတြထည့္သြင္းခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

၂၀၁၄ ခုႏွစ္ကလည္း ဘာစီလုိနာအသင္းဟာ လီဗာပူးရဲ႕အဓိကတုိက္စစ္မွဴး ဆြာရက္ဇ္ကို ေခၚယူခဲ့ဖူးတဲ့အစဥ္အလာရွိခဲ့လုိ႔ လီဗာပူးအသင္းက ေကာ္တင္ညိဳကို ေရာင္းခ်ခဲ့တုန္းက ဘာစီလုိနာအသင္း ႀကိဳးစားဖုိ႔မျဖစ္ႏိုင္ေလာက္တဲ့အခ်က္အလက္ ထည့္သြင္းခဲ့တာပါ။

လီဗာပူးအသင္းအားကစားဒါ႐ိုက္တာ မုိက္ကယ္အက္၀က္ဒ္က ဦးေဆာင္ေဆြးေႏြးခဲ့တာျဖစ္ၿပီး ေကာ္တင္ညိဳကို ေရာင္းခ်ခဲ့တဲ့ ၂၀၁၈ ကေန ၂၀၁၉-၂၀ ရာသီကုန္အခ်ိန္အတြင္း ဘာစီလုိနာအသင္းအေနနဲ႔ လီဗာပူးးအသင္းသားတစ္ဦးဦးကို ေခၚယူဖုိ႔ ႀကိဳးစားခဲ့ရင္ လီဗာပူးဘက္က ေတာင္းဆုိတဲ့ေျပာင္းေရႊ႕ေၾကးအျပင္ ေနာက္ထပ္ ေပါင္ ၈၉သန္းေပးေခ်ရမယ့္ အခ်က္ကို ထည့္သြင္းခ်ဳပ္ဆုိခဲ့တာပါ။

ဘာစီလုိနာဟာ လီဗာပူးအသင္းသားေတြျဖစ္တဲ့ မာေနး၊ ဆာလာ၊ ဖာမီႏိုနဲ႔ အခုေနာက္ဆုံး ၀ွစ္ခ်္နယ္ဒမ္းတို႔ကို ေခၚယူဖုိ႔ ဆက္သြယ္ခ်ဥ္းကပ္ခဲ့ဖူးေပမယ့္ အဲဒီအခ်က္ေၾကာင့္ အဆင္မေျပျဖစ္ခဲ့ရပါတယ္။

၀ွစ္ခ်္နယ္ဒမ္းက လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ အသင္းကေန ထြက္ခြာဖြယ္ရွိေနေပမယ့္ လီဗာပူးအသင္းဟာ ၂၀၁၈ မွာ ေကာ္တင္ညိဳ ထြက္ခြာသြားၿပီးေနာက္ အသင္းရဲ႕တုိက္စစ္မွဴးေတြကို ၂၀၂၃ အထိရွိမယ့္ စာခ်ဳပ္သစ္အသီးသီးခ်ဳပ္ဆုိခဲ့ပါတယ္။

၂၀၁၆ ေႏြရာသီက ေဆာက္သမ္တန္ကေန ေရာက္လာၿပီးခ်ိန္ကတည္းက ေျခစြမ္းျပေနတဲ့ မာေနးဟာ လက္ရွိအခ်ိန္မွာ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၀၈ သန္းတန္ေၾကးရွိၿပီး ဘာစီလုိနာအေနနဲ႔ ေပါင္ ၈၉ သန္းအပိုေပးေခ်ရေတာ့မွာမဟုတ္ေပမယ့္ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ဘ႑ာေရးက်ပ္တည္းေနလုိ႔ ေႏြရာသီမွာ မာေနးကို ေခၚယူဖုိ႔က ရာခုိင္ႏႈန္းနည္းေနပါတယ္။