ဒီအချိန်မှာ စီးတီးနဲ့ပတ်သက်သူတွေဘယ်သူမှ အမှတ်ပေးဇယားကို ကြည့်မနေဘူးလု့ိ ဂန်ဒိုဂန် ဖွင့်ဟ

Photo Credit ; Getty Images

Photo Credit ; Getty Images

စီးတီးအသင်းကွင်းလယ်လူ ဂန်ဒိုဂန်က လက်ရှိအချိန်မှာ မိမိတို့အသင်းအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၈မှတ်အထိကွာဟနေမှုကို စိတ်ထဲထည့်ထားဖို့ လိုအပ်ကြောင်းနဲ့ အခွင့်အရေးတွေရောက်လာနိုင်တာကို စောင့်ဆိုင်းရမှာဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

Photo Credit ; Reuters

စီးတီးဟာ တနင်္ဂနွေညမှာ ဝုဗ်အသင်းကို မထင်မှတ်ဘဲ အိမ်ကွင်းမှာ ဝ-၂ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီး ဝုဗ်က ကြာသပတေးနေ့ကမှ ပေါ်တူဂီမြေမှာ ဘက်ဆစ်တပ်အသင်းကို ဝ-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။

Photo Credit

လီဗာပူးက စနေညမှာ လက်စတာအသင်းကို အကြိတ်အနယ်ကစားကာ ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိအချိန်မှာ ချန်ပီယံလုပွဲက လီဗာပူးအသင်းရဲ့လက်ထဲ ပိုရောက်လာပြီး ဂန်ဒိုဂန်ကလည်း ခက်ခဲတဲ့ကာလကို ဖြတ်သန်းခဲ့ရပြီးနောက် စိတ်ပျက်နေပါတယ်။

Photo Credit

”ကျွန်တော်တို့အသင်း ဒီထက်ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်ပါတယ်။ ဝုဗ်က ကစားပုံကောင်းခဲ့ပေမယ့် ကျွန်တော်တို့ ဘယ်လိုကစားနိုင်တယ်ဆိုတာ သိသလို ကိုယ့်အရည်အသွေးကိုလည်း သိပါတယ်။ အဲဒီအချက်တွေကို ဒီနေ့ကွင်းထဲမှာ ချမပြနိုင်ခဲ့ပါဘူး။ ဒါက အဓိကအချက်ဖြစ်ခဲ့ပြီး နာကျင်စရာလည်းကောင်းခဲ့ပါတယ်”

Photo Credit

”ဒီလိုတိုက်စစ်အင်အားစုကြောင့် ကျွန်တော်တို့အသင်း ဂိုးသွင်းနိုင်စွမ်းရှိတယ်လို့ အမြဲတမ်းခံစားခဲ့ရပါတယ်။ ဒီနေ့ကတော့ ကစားရတာ အရမ်းခက်ခဲခဲ့ပါတယ်။ အခုချိန်မှာတော့ အဲဒီအရှုံးကနေ သင်ခန်းစာရယူနိုင်ဖို့ လိုအပ်ပါတယ်”လို့ ဂန်ဒိုဂန်က ပြောပါတယ်။

Photo Credit

စီးတီးဟာ တော့တင်ဟမ်၊ နောဝစ်ချ်တို့နဲ့ပွဲတွေမှာလည်း အမှတ်လျော့ကျခဲ့ပြီးဖြစ်ရာ ရာသီကုန်ဖို့ လက်ကျန်ပွဲ ၃၀ အထိကျန်သေးတယ်ဆိုပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့အမှတ်ကွာဟချက်က ပိုမိုကြီးမားလာပါတယ်။

Photo Credit

”တကယ်လု့ိ ကိုယ်က ထိပ်ဆုံးမှာရှိနေရင်တော့ အမှတ်ပေးဇယားကို ကြည့်ရတာက အတော်လေးဖီးလ်ရှိပါတယ်။ အခုတော့ ကျွန်တော်တို့အတွက် အမှတ်ပေးဇယားကို ကြည့်ဖို့ ပိုကြမ်းတမ်းလာပါတယ်။ စီးတီးနဲ့ပတ်သက်တဲ့ဘယ်သူမှလည်း ဒီအချိန်မှာ အမှတ်ပေးဇယားကို ကြည့်မနေပါဘူး။ လာမယ့်လတွေမှာ ကျွန်တော်တို့အသင်း အခွင့်အရေးတွေရလာနိုင်တာမှန်ပေမယ့် လက်ရှိအချိန်မှာတော့ အခုဖြစ်ပျက်နေတာကို လက်သင့်ခံနိုင်ရမှာပါ”လို့ ဂန်ဒိုဂန်က ဆက်ပြောပါတယ်။

Photo Credit

Zawgyi

ဒီအခ်ိန္မွာ စီးတီးနဲ႔ပတ္သက္သူေတြဘယ္သူမွ အမွတ္ေပးဇယားကို ၾကည့္မေနဘူးလု႔ိ ဂန္ဒိုဂန္ ဖြင့္ဟ

စီးတီးအသင္းကြင္းလယ္လူ ဂန္ဒိုဂန္က လက္ရွိအခ်ိန္မွာ မိမိတုိ႔အသင္းအေနနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၈မွတ္အထိကြာဟေနမႈကို စိတ္ထဲထည့္ထားဖို႔ လုိအပ္ေၾကာင္းနဲ႔ အခြင့္အေရးေတြေရာက္လာႏိုင္တာကို ေစာင့္ဆုိင္းရမွာျဖစ္ေၾကာင္း တိုက္တြန္းလုိက္ပါတယ္။
စီးတီးဟာ တနဂၤေႏြညမွာ ၀ုဗ္အသင္းကို မထင္မွတ္ဘဲ အိမ္ကြင္းမွာ ၀-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့ရၿပီး ၀ုဗ္က ၾကာသပေတးေန႔ကမွ ေပၚတူဂီေျမမွာ ဘက္ဆစ္တပ္အသင္းကို ၀-၁ ဂိုးနဲ႔အႏိုင္ရရွိခဲ့တာပါ။
လီဗာပူးက စေနညမွာ လက္စတာအသင္းကို အႀကိတ္အနယ္ကစားကာ ၂-၁ ဂိုးနဲ႔အႏိုင္ရရွိခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာ ခ်န္ပီယံလုပြဲက လီဗာပူးအသင္းရဲ႕လက္ထဲ ပိုေရာက္လာၿပီး ဂန္ဒိုဂန္ကလည္း ခက္ခဲတဲ့ကာလကို ျဖတ္သန္းခဲ့ရၿပီးေနာက္ စိတ္ပ်က္ေနပါတယ္။
”ကၽြန္ေတာ္တုိ႔အသင္း ဒီထက္ပိုေကာင္းေအာင္ ကစားႏိုင္ခဲ့သင့္ပါတယ္။ ၀ုဗ္က ကစားပံုေကာင္းခဲ့ေပမယ့္ ကၽြန္ေတာ္တုိ႔ ဘယ္လုိကစားႏိုင္တယ္ဆုိတာ သိသလုိ ကိုယ့္အရည္အေသြးကိုလည္း သိပါတယ္။ အဲဒီအခ်က္ေတြကို ဒီေန႔ကြင္းထဲမွာ ခ်မျပႏုိင္ခဲ့ပါဘူး။ ဒါက အဓိကအခ်က္ျဖစ္ခ့ဲၿပီး နာက်င္စရာလည္းေကာင္းခ့ဲပါတယ္”
”ဒီလုိတုိက္စစ္အင္အားစုေၾကာင့္ ကၽြန္ေတာ္တို႔အသင္း ဂိုးသြင္းႏိုင္စြမ္းရွိတယ္လုိ႔ အၿမဲတမ္းခံစားခဲ့ရပါတယ္။ ဒီေန႔ကေတာ့ ကစားရတာ အရမ္းခက္ခဲခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ အဲဒီအ႐ံႈးကေန သင္ခန္းစာရယူႏိုင္ဖို႔ လိုအပ္ပါတယ္”လုိ႔ ဂန္ဒိုဂန္က ေျပာပါတယ္။
စီးတီးဟာ ေတာ့တင္ဟမ္၊ ေနာ၀စ္ခ်္တုိ႔နဲ႔ပြဲေတြမွာလည္း အမွတ္ေလ်ာ့က်ခဲ့ၿပီးျဖစ္ရာ ရာသီကုန္ဖုိ႔ လက္က်န္ပြဲ ၃၀ အထိက်န္ေသးတယ္ဆုိေပမယ့္ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔အမွတ္ကြာဟခ်က္က ပိုမိုႀကီးမားလာပါတယ္။
”တကယ္လု႔ိ ကုိယ္က ထိပ္ဆုံးမွာရွိေနရင္ေတာ့ အမွတ္ေပးဇယားကို ၾကည့္ရတာက အေတာ္ေလးဖီးလ္ရွိပါတယ္။ အခုေတာ့ ကၽြန္ေတာ္တုိ႔အတြက္ အမွတ္ေပးဇယားကို ၾကည့္ဖို႔ ပိုၾကမ္းတမ္းလာပါတယ္။ စီးတီးနဲ႔ပတ္သက္တဲ့ဘယ္သူမွလည္း ဒီအခ်ိန္မွာ အမွတ္ေပးဇယားကို ၾကည့္မေနပါဘူး။ လာမယ့္လေတြမွာ ကၽြန္ေတာ္တုိ႔အသင္း အခြင့္အေရးေတြရလာႏုိင္တာမွန္ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အခုျဖစ္ပ်က္ေနတာကို လက္သင့္ခံႏိုင္ရမွာပါ”လုိ႔ ဂန္ဒိုဂန္က ဆက္ေျပာပါတယ္။