ဒီလစ္ကို ေပါင္ ၆၇.၅ သန္းနဲ႔ေခၚဖို႔ ေအဂ်က္နဲ႔သေဘာတူညီမႈရသြားတဲ့ ဂ်ဴဗင္တပ္

ဂ်ဴဗင္တပ္အသင္းဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕ရဲ႕လူႀကိဳက္မ်ားကစားသမားျဖစ္တဲ့ ေနာက္ခံလူဒီလစ္ကို ေပါင္ ၆၇.၅ သန္းနဲ႔ ေခၚယူဖို႔အတြက္ သူ႔ရဲ႕ေအဂ်က္အသင္းနဲ႔ သေဘာတူညီမႈရရွိသြားၿပီလို႔ အီတလီက Sky Sports သတင္းဌာနက ေဖာ္ျပလိုက္ပါတယ္။ အဲဒီစီးရီးေအခ်န္ပီယံအသင္းဟာ နယ္သာလန္ေနာက္ခံလူဒီလစ္ရဲ႕ေအးဂ်င့္ျဖစ္သူ ရြိဳင္အိုလာနဲ႔လည္း သေဘာတူညီမႈရထားၿပီးသားပါ။ အခုဆုိရင္ ဒီလစ္ဟာ ဂ်ဴဗင္တပ္နဲ႔ ေဆးစစ္ဖု႔ိအတြက္ ၂၄ နာရီအတြင္းမွာပဲ တူရင္ၿမိဳ႕ကိုေရာက္လာေတာ့မယ္လို႔ သိရပါတယ္။

photo-gettyimages

၁၉ ႏွစ္သာရွိေသးတဲ့ ဒီလစ္ဟာ တစ္ႏွစ္ေပါင္ ၁၀.၈ သန္းတန္ေၾကးရွိတဲ့အျပင္ ဆုေၾကးလညး္ပါမယ့္ ၅ ႏွစ္စာခ်ဳပ္ကို ဂ်ဴဗင္တပ္နဲ႔ ခ်ဳပ္ဆိုသြားမယ္လုိ႔ သိရပါတယ္။ အေျပာင္းအေရႊ႕ကိစၥရပ္ေၾကာင့္ ၿပီးခဲ့တဲ့အပတ္ကတည္းက ေအဂ်က္ဟာ သူတို႔ရဲ႕ရာသီႀကိဳလူစာရင္းမွာ ဒီလစ္ကိုခ်န္လွပ္ထားခဲ့တာပါ။ သူဟာ မန္ယူနဲ႔ဘာစီလုိနာတို႔အပါအ၀င္ ဥေရာပထိပ္တန္းအသင္းအမ်ားစုရဲ႕စိတ္၀င္စားျခင္းကိုခံခဲ့ရေပမယ့္ ဂ်ဴဗင္တပ္ကသာ လက္ဦးမႈရယူႏိုင္ခဲ့ပါတယ္။

photo-screenshot

ၿပီးခဲ့တဲ့လ ေပၚတူဂီနဲ႔နယ္သာလန္တို႔ရဲ႕ေနးရွင္းလိဂ္ဗိုလ္လုပြဲအၿပီး ကြင္းထဲမွာပဲ ဂ်ဴဗင္တပ္တိုက္စစ္မႈးစီေရာ္နယ္ဒုိက သူတုိ႔ဆီကို လာသင့္တဲ့အေၾကာင္း ဒီလစ္ကိုတိုက္တြန္းခဲ့တာပါ။ အခုေတာ့ စီေရာ္နယ္ဒိုရဲ႕တိုက္တြန္းမႈဟာ ေအာင္ျမင္သြားၿပီလုိ႔ ဆိုရပါမယ္။ ဒီလစ္ဟာ ၿပီးခဲ့တဲ့ရာသီေအဂ်က္ရဲ႕ျပည္တြင္းေအာင္ျမင္မႈေတြနဲ႔ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ေရာက္ရွိမႈေတြမွာ အဓိကက်ခဲ့သူျဖစ္ပါတယ္။

[Unicode]

ဂျူဗင်တပ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ရဲ့လူကြိုက်များကစားသမားဖြစ်တဲ့ နောက်ခံလူဒီလစ်ကို ပေါင် ၆၇.၅ သန်းနဲ့ ခေါ်ယူဖို့အတွက် သူ့ရဲ့အေဂျက်အသင်းနဲ့ သဘောတူညီမှုရရှိသွားပြီလို့ အီတလီက Sky Sports သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အဲဒီစီးရီးအေချန်ပီယံအသင်းဟာ နယ်သာလန်နောက်ခံလူဒီလစ်ရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာနဲ့လည်း သဘောတူညီမှုရထားပြီးသားပါ။ အခုဆိုရင် ဒီလစ်ဟာ ဂျူဗင်တပ်နဲ့ ဆေးစစ်ဖု့ိအတွက် ၂၄ နာရီအတွင်းမှာပဲ တူရင်မြို့ကိုရောက်လာတော့မယ်လို့ သိရပါတယ်။

၁၉ နှစ်သာရှိသေးတဲ့ ဒီလစ်ဟာ တစ်နှစ်ပေါင် ၁၀.၈ သန်းတန်ကြေးရှိတဲ့အပြင် ဆုကြေးလည်းပါမယ့် ၅ နှစ်စာချုပ်ကို ဂျူဗင်တပ်နဲ့ ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ကိစ္စရပ်ကြောင့် ပြီးခဲ့တဲ့အပတ်ကတည်းက အေဂျက်ဟာ သူတို့ရဲ့ရာသီကြိုလူစာရင်းမှာ ဒီလစ်ကိုချန်လှပ်ထားခဲ့တာပါ။ သူဟာ မန်ယူနဲ့ဘာစီလိုနာတို့အပါအဝင် ဥရောပထိပ်တန်းအသင်းအများစုရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပေမယ့် ဂျူဗင်တပ်ကသာ လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လ ပေါ်တူဂီနဲ့နယ်သာလန်တို့ရဲ့နေးရှင်းလိဂ်ဗိုလ်လုပွဲအပြီး ကွင်းထဲမှာပဲ ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုက သူတို့ဆီကို လာသင့်တဲ့အကြောင်း ဒီလစ်ကိုတိုက်တွန်းခဲ့တာပါ။ အခုတော့ စီရော်နယ်ဒိုရဲ့တိုက်တွန်းမှုဟာ အောင်မြင်သွားပြီလို့ ဆိုရပါမယ်။ ဒီလစ်ဟာ ပြီးခဲ့တဲ့ရာသီအေဂျက်ရဲ့ပြည်တွင်းအောင်မြင်မှုတွေနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရောက်ရှိမှုတွေမှာ အဓိကကျခဲ့သူဖြစ်ပါတယ်။