ဒီရာသီ ဥရောပပြိုင်ပွဲတွေကနေ ဆုကြေးရရှိမှုအများဆုံး ပရီးမီးယားလိဂ်ကလပ်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိကျင်းပနေတဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီ ဥရောပပြိုင်ပွဲတွေမှာ ရောက်ရှိနေတဲ့အဆင့်အလိုက် ဆုကြေးအများဆုံးရရှိနေတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေကို Football coefficient ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပြီး ချယ်လ်ဆီးနဲ့မန်စီးတီးအသင်းတို့က ဆုကြေးရရှိမှုအများဆုံးအသင်းတွေအဖြစ် ရပ်တည်နေပါတယ်။

ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ပေါ်တို၊ ဒေ့ါမွန်တို့ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်တက်ရောက်နိုင်ခဲ့သလို နှစ်သင်းစလုံးဟာ ဆုကြေးငွေအဖြစ် ပေါင်သန်း(၈၀)နီးပါးရရှိခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၁-၁၂ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဆုကြေးအဖြစ် ပေါင်(၇၉.၈)သန်းရရှိခဲ့ပြီး မန်စီးတီးအသင်းကတော့ ပေါင်(၇၆.၈)သန်းရရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်းထက် ပေါင်(၃)သန်းလျော့နည်းခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေစစ်ပွဲအဆင့်ကနေစပြီး ဗိုလ်လုပွဲအထိ အဆင့်အလိုက်ဆုကြေးသတ်မှတ်ချက်တွေရှိပြီး ချယ်လ်ဆီးနဲ့မန်စီးတီးအသင်းတို့ဟာ ကွာတားဖိုင်နယ်အဆင့်ကို ကိုယ်စီကျော်ဖြတ်နိုင်ခဲ့လို့ ပေါင်(၁၀.၄)သန်းစီ ပိုင်ဆိုင်ခဲ့ကြတာပါ။ တကယ်လို့ ဒီနှစ်သင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကနေ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်မယ်ဆိုရင်တော့ ဆုကြေးငွေအဖြစ် ပေါင်(၁၃)သန်းရရှိမှာဖြစ်ပါတယ်။

အခုလောလောဆယ်တော့ ချန်ပီယံလိဂ်မှာ ဘယ်အသင်းဗိုလ်စွဲမလဲဆိုတာ အဖြေထုတ်ဖို့ခက်နေပေမယ့် ချန်ပီယံဖြစ်မယ့်အသင်းက နောက်ထပ်အပိုဆုကြေးပေါင်(၃.၅)သန်းရရှိဦးမှာပါ။ ၂၀၁၉ ချန်ပီယံလီဗာပူးလ်အသင်းဟာ ကွာတားဖိုင်နယ်မှာ ရီးယဲလ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပေမယ့် ကွာတားဖိုင်နယ်အဆင့်အထိတက်ရောက်ခဲ့တာကြောင့် သူတို့အသင်းဟာ ဆုကြေးငွေပေါင်(၆၀.၉)သန်းရရှိခဲ့ပါတယ်။

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ဆုကြေးခွဲတမ်းက ကွာခြားချက်ကြီးမားတာကြောင့် ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်နေရတဲ့ ပရီးမီးယားလိဂ်ကလပ်တွေကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းတွေထက် ဆုကြေးရရှိမှုနည်းပါးခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီ ချန်ပီယံလိဂ်အုပ်စုတတိယနေရာသာ ရခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ဆုကြေးအဖြစ် ပေါင်(၅၀.၇)သန်းအထိရရှိခဲ့ပြီး ချယ်လ်ဆီး၊ မန်စီးတီး၊ လီဗာပူးလ်တို့ပြီးရင် ဆုကြေးရရှိမှုအများဆုံးဖြစ်ခဲ့ပါတယ်။

အံ့အားသင့်ဖို့ကောင်းတာက ယူနိုက်တက်အသင်းတွေနဲ့ သူ့အောက်က အသင်းတွေရဲ့ဆုကြေးငွေပမာဏက အံ့အားသင့်ဖို့ကောင်းလောက်အောင် ကွာခြားချက်ကြီးမားနေပြီး ယူနိုက်တက်လိုပဲ ဆီမီးဖိုင်နယ်ရောက်ခဲ့တဲ့ အာဆင်နယ်အသင်းက ပေါင်(၁၄.၄)သန်း၊ ရှုံးထွက်(၁၆)သင်းအဆင့်ကနေ ထွက်ခဲ့ရတဲ့ စပါးအသင်းက ပေါင်(၁၀.၄)သန်း၊ ရှုံးထွက်(၃၂)သင်းအဆင့်အထိသာ ရောက်ရှိခဲ့တဲ့ လက်စတာအသင်းက ပေါင်(၇.၇)သန်းသာရရှိခဲ့တာပါ။

အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းက ဆီမီးဖိုင်နယ်အဆင့်တက်ရောက်ခဲ့လို့ ပေါင်(၂)သန်းစီရရှိခဲ့ကြပြီး ဗိုလ်လုပွဲတက်နိုင်ရင် ပေါင်(၃.၉)သန်း၊ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့ အပိုဆုကြေး ပေါင်(၃.၅)သန်း ထပ်မံပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီရာသီ ဥေရာပၿပိဳင္ပြဲေတြကေန ဆုေၾကးရရွိမႈအမ်ားဆုံး ပရီးမီးယားလိဂ္ကလပ္မ်ား

လက္ရွိက်င္းပေနတဲ့ ၂၀၂၀-၂၁ ေဘာလုံးရာသီ ဥေရာပၿပိဳင္ပြဲေတြမွာ ေရာက္ရွိေနတဲ့အဆင့္အလိုက္ ဆုေၾကးအမ်ားဆုံးရရွိေနတဲ့ ပရီးမီးယားလိဂ္ကလပ္အသင္းေတြကို Football coefficient ဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့ၿပီး ခ်ယ္လ္ဆီးနဲ႔မန္စီးတီးအသင္းတို႔က ဆုေၾကးရရွိမႈအမ်ားဆုံးအသင္းေတြအျဖစ္ ရပ္တည္ေနပါတယ္။ ခ်ယ္လ္ဆီးနဲ႔ မန္စီးတီးအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ေပၚတို၊ ေဒ့ါမြန္တို႔ကို ေက်ာ္ျဖတ္ၿပီး ဆီမီးဖိုင္နယ္အဆင့္တက္ေရာက္ႏိုင္ခဲ့သလို ႏွစ္သင္းစလုံးဟာ ဆုေၾကးေငြအျဖစ္ ေပါင္သန္း(၈၀)နီးပါးရရွိခဲ့ၾကတာျဖစ္ပါတယ္။ ၂၀၁၁-၁၂ ရာသီေနာက္ပိုင္း ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ကို ပထမဆုံးအႀကိမ္တက္ေရာက္ခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ ဆုေၾကးအျဖစ္ ေပါင္(၇၉.၈)သန္းရရွိခဲ့ၿပီး မန္စီးတီးအသင္းကေတာ့ ေပါင္(၇၆.၈)သန္းရရွိခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းထက္ ေပါင္(၃)သန္းေလ်ာ့နည္းခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေျခစစ္ပြဲအဆင့္ကေနစၿပီး ဗိုလ္လုပြဲအထိ အဆင့္အလိုက္ဆုေၾကးသတ္မွတ္ခ်က္ေတြရွိၿပီး ခ်ယ္လ္ဆီးနဲ႔မန္စီးတီးအသင္းတို႔ဟာ ကြာတားဖိုင္နယ္အဆင့္ကို ကိုယ္စီေက်ာ္ျဖတ္ႏိုင္ခဲ့လို႔ ေပါင္(၁၀.၄)သန္းစီ ပိုင္ဆိုင္ခဲ့ၾကတာပါ။ တကယ္လို႔ ဒီႏွစ္သင္းဟာ ဆီမီးဖိုင္နယ္အဆင့္ကေန ဗိုလ္လုပြဲအထိ တက္လွမ္းႏိုင္မယ္ဆိုရင္ေတာ့ ဆုေၾကးေငြအျဖစ္ ေပါင္(၁၃)သန္းရရွိမွာျဖစ္ပါတယ္။ အခုေလာေလာဆယ္ေတာ့ ခ်န္ပီယံလိဂ္မွာ ဘယ္အသင္းဗိုလ္စြဲမလဲဆိုတာ အေျဖထုတ္ဖို႔ခက္ေနေပမယ့္ ခ်န္ပီယံျဖစ္မယ့္အသင္းက ေနာက္ထပ္အပိုဆုေၾကးေပါင္(၃.၅)သန္းရရွိဦးမွာပါ။ ၂၀၁၉ ခ်န္ပီယံလီဗာပူးလ္အသင္းဟာ ကြာတားဖိုင္နယ္မွာ ရီးယဲလ္အသင္းကို ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရေပမယ့္ ကြာတားဖိုင္နယ္အဆင့္အထိတက္ေရာက္ခဲ့တာေၾကာင့္ သူတို႔အသင္းဟာ ဆုေၾကးေငြေပါင္(၆၀.၉)သန္းရရွိခဲ့ပါတယ္။

ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္မွာ ဆုေၾကးခြဲတမ္းက ကြာျခားခ်က္ႀကီးမားတာေၾကာင့္ ယူ႐ိုပါလိဂ္မွာ ယွဥ္ၿပိဳင္ေနရတဲ့ ပရီးမီးယားလိဂ္ကလပ္ေတြကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ရတဲ့အသင္းေတြထက္ ဆုေၾကးရရွိမႈနည္းပါးခဲ့ပါတယ္။ ဒါေပမဲ့ ဒီရာသီ ခ်န္ပီယံလိဂ္အုပ္စုတတိယေနရာသာ ရခဲ့တာေၾကာင့္ ယူ႐ိုပါလိဂ္ကို ဆင္းခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းက ဆုေၾကးအျဖစ္ ေပါင္(၅၀.၇)သန္းအထိရရွိခဲ့ၿပီး ခ်ယ္လ္ဆီး၊ မန္စီးတီး၊ လီဗာပူးလ္တို႔ၿပီးရင္ ဆုေၾကးရရွိမႈအမ်ားဆုံးျဖစ္ခဲ့ပါတယ္။ အံ့အားသင့္ဖို႔ေကာင္းတာက ယူႏိုက္တက္အသင္းေတြနဲ႔ သူ႔ေအာက္က အသင္းေတြရဲ႕ဆုေၾကးေငြပမာဏက အံ့အားသင့္ဖို႔ေကာင္းေလာက္ေအာင္ ကြာျခားခ်က္ႀကီးမားေနၿပီး ယူႏိုက္တက္လိုပဲ ဆီမီးဖိုင္နယ္ေရာက္ခဲ့တဲ့ အာဆင္နယ္အသင္းက ေပါင္(၁၄.၄)သန္း၊ ရႈံးထြက္(၁၆)သင္းအဆင့္ကေန ထြက္ခဲ့ရတဲ့ စပါးအသင္းက ေပါင္(၁၀.၄)သန္း၊ ရႈံးထြက္(၃၂)သင္းအဆင့္အထိသာ ေရာက္ရွိခဲ့တဲ့ လက္စတာအသင္းက ေပါင္(၇.၇)သန္းသာရရွိခဲ့တာပါ။ အာဆင္နယ္နဲ႔ ယူႏိုက္တက္အသင္းက ဆီမီးဖိုင္နယ္အဆင့္တက္ေရာက္ခဲ့လို႔ ေပါင္(၂)သန္းစီရရွိခဲ့ၾကၿပီး ဗိုလ္လုပြဲတက္ႏိုင္ရင္ ေပါင္(၃.၉)သန္း၊ ခ်န္ပီယံျဖစ္ခဲ့မယ္ဆိုရင္ေတာ့ အပိုဆုေၾကး ေပါင္(၃.၅)သန္း ထပ္မံပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။