ဒီရာသီ ယူနိုက်တက်အတွက် သွင်းဂိုးပတ်သက်မှု အကြိမ် ( ၃၀ ) ထိ ရှိလာတဲ့ ဖာနန်ဒက်စ်

ဘရူနို ဖာနန်ဒက်စ်ဟာ ဝက်စ်ဘရွန်းအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဥ်မှာ ထုံးစံအတိုင်း မန်ချက်စတာ ယူနိုက်တက်အတွက် ခြေစွမ်းပြ ကစားခဲ့ပါတယ်။ ဖာနန်ဒက်စ်က ပထမပိုင်းပြီးခါနီးမှာ လှပတဲ့ volley ကန်ချက်နဲ့အတူ မန်ချက်စတာ ယူနိုက်တက် လိုအပ်နေတဲ့ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

အဆိုပါ သွင်းဂိုးကြောင့် ဖာနန်ဒက်စ်ဟာ ဒီရာသီ ယူနိုက်တက်အတွက် သွင်းဂိုး နှင့့် ဖန်တီးမှု ( ၃၀ ) ပြည့်မြောက်သွားခဲ့ပါတယ်။ သူ့အနေနဲ့ ပြိုင်ပွဲစုံ ( ၃၅ ) ပွဲ ကစားထားရမှာ ( ၁၉ ) ဂိုး သွင်းယူပြီး ( ၁၁ ) ကြိမ်ဖန်တီးပေးထားကာ ယူနိုက်တက် ကစားသမားတွေထဲမှာ အများဆုံးဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ( ၅၇ ) ပွဲ ကစားထားရာမှာ စုစုပေါင်း ( ၃၁ ) ဂိုး သွင်းယူထားပြီး ဇလာတန် အီဗရာဟီမိုဗစ် ( ၂၉ – ဂိုး ) ၊ နစ်ကီ ဘတ် ( ၂၆ – ဂိုး ) ၊ အန်တိုနီ ဗလင်စီယာ ( ၂၄ – ဂိုး ) ၊ မိုက်ကယ် ကားရစ် ( ၂၄ – ဂိုး ) ၊ ဖယ်လိုင်နီ ( ၂၂ – ဂိုး ) ၊ ဟာရဲရား ( ၂၀ – ဂိုး ) နှင့် မိုက်ကယ် အိုဝင် ( ၂၇ – ဂိုး ) တို့ထက် အသင်းအတွက် သွင်းဂိုးပိုမို ရယူေပးထားနိုင်တာ တွေ့ရပါတယ်။

ဖာနန်ဒက်စ်ဟာ ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့ အချိန်တိုအတွင်းမှာ ယခုလို သွင်းဂိုးတွေ ရယူထားနိုင်တာ အံ့သြဖို့ ကောင်းပါတယ်။ ဒါ့အပြင် Teddy Sheringham ( ၄၆ – ဂိုး ) ၊ လူကာကူ ( ၄၂ – ဂိုး ) ၊ နာနီ ( ၄၁ – ဂိုး ) နှင့် ကားလို့စ် တိဗက်စ် တို့ရဲ့ မှတ်တမ်းနဲ့ နီးစပ်နေပါတယ်။ ဖာနန်ဒက်စ်က ယူနိုက်တက်နဲ့ ကာလရှည် စာချုပ်ချုပ်ဆိုထားပြီး ( ၂၀၂၁ ) အတွင်းမှာပဲ အဆိုပါ ကစားသမားတွေရဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ ရှိနေပါတယ်။

မကြာသေးမီက မားကတ်ရတ်ဖို့ဒ် ဖြတ်ကျော်ထားတဲ့ အဲရစ် ကန်တိုနာရဲ့ ( ၈၂ ) ဂိုး စံချိန်က လာမယ့်ရာသီတွေမှာ ဖာနန်ဒက်စ်အတွက် ပစ်မှတ် ဖြစ်လာဖို့ရှိနေပါတယ်။ ဖာနန်ဒက်စ်ဟာ ဝက်စ်ဘရွန်းနဲ့ ခက်ခဲတဲ့ ပွဲစဥ်မှာ အခွင့်အရေး ( ၃ ) ကြိမ် ဖန်တီးခဲ့ေပမယ့် အသင်းေဖာ်ေတွက အသုံးချနိုင်ခြင်း မရှိခဲ့ပါဘူး။

Zawgyi

ဒီရာသီ ယူႏိုက္တက္အတြက္ သြင္းဂိုးပတ္သက္မႈ အႀကိမ္ ( ၃၀ ) ထိ ရွိလာတဲ့ ဖာနန္ဒက္စ္

ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ထုံးစံအတိုင္း မန္ခ်က္စတာ ယူႏိုက္တက္အတြက္ ေျခစြမ္းျပ ကစားခဲ့ပါတယ္။ ဖာနန္ဒက္စ္က ပထမပိုင္းၿပီးခါနီးမွာ လွပတဲ့ volley ကန္ခ်က္နဲ႔အတူ မန္ခ်က္စတာ ယူႏိုက္တက္ လိုအပ္ေနတဲ့ ေခ်ပဂိုး သြင္းယူေပးခဲ့ပါတယ္။

အဆိုပါ သြင္းဂိုးေၾကာင့္ ဖာနန္ဒက္စ္ဟာ ဒီရာသီ ယူႏိုက္တက္အတြက္ သြင္းဂိုး ႏွင့့္ ဖန္တီးမႈ ( ၃၀ ) ျပည့္ေျမာက္သြားခဲ့ပါတယ္။ သူ႔အေနနဲ႔ ၿပိဳင္ပြဲစုံ ( ၃၅ ) ပြဲ ကစားထားရမွာ ( ၁၉ ) ဂိုး သြင္းယူၿပီး ( ၁၁ ) ႀကိမ္ဖန္တီးေပးထားကာ ယူႏိုက္တက္ ကစားသမားေတြထဲမွာ အမ်ားဆုံးျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အတြက္ ( ၅၇ ) ပြဲ ကစားထားရာမွာ စုစုေပါင္း ( ၃၁ ) ဂိုး သြင္းယူထားၿပီး ဇလာတန္ အီဗရာဟီမိုဗစ္ ( ၂၉ – ဂိုး ) ၊ နစ္ကီ ဘတ္ ( ၂၆ – ဂိုး ) ၊ အန္တိုနီ ဗလင္စီယာ ( ၂၄ – ဂိုး ) ၊ မိုက္ကယ္ ကားရစ္ ( ၂၄ – ဂိုး ) ၊ ဖယ္လိုင္နီ ( ၂၂ – ဂိုး ) ၊ ဟာရဲရား ( ၂၀ – ဂိုး ) ႏွင့္ မိုက္ကယ္ အိုဝင္ ( ၂၇ – ဂိုး ) တို႔ထက္ အသင္းအတြက္ သြင္းဂိုးပိုမို ရယူေပးထားႏိုင္တာ ေတြ႕ရပါတယ္။

ဖာနန္ဒက္စ္ဟာ ကြင္းလယ္ကစားသမားတစ္ေယာက္အေနနဲ႔ အခ်ိန္တိုအတြင္းမွာ ယခုလို သြင္းဂိုးေတြ ရယူထားႏိုင္တာ အံ့ၾသဖို႔ ေကာင္းပါတယ္။ ဒါ့အျပင္ Teddy Sheringham ( ၄၆ – ဂိုး ) ၊ လူကာကူ ( ၄၂ – ဂိုး ) ၊ နာနီ ( ၄၁ – ဂိုး ) ႏွင့္ ကားလို႔စ္ တိဗက္စ္ တို႔ရဲ႕ မွတ္တမ္းနဲ႔ နီးစပ္ေနပါတယ္။ ဖာနန္ဒက္စ္က ယူႏိုက္တက္နဲ႔ ကာလရွည္ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး ( ၂၀၂၁ ) အတြင္းမွာပဲ အဆိုပါ ကစားသမားေတြရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ဖို႔ ရွိေနပါတယ္။

မၾကာေသးမီက မားကတ္ရတ္ဖို႔ဒ္ ျဖတ္ေက်ာ္ထားတဲ့ အဲရစ္ ကန္တိုနာရဲ႕ ( ၈၂ ) ဂိုး စံခ်ိန္က လာမယ့္ရာသီေတြမွာ ဖာနန္ဒက္စ္အတြက္ ပစ္မွတ္ ျဖစ္လာဖို႔ရွိေနပါတယ္။ ဖာနန္ဒက္စ္ဟာ ဝက္စ္ဘ႐ြန္းနဲ႔ ခက္ခဲတဲ့ ပြဲစဥ္မွာ အခြင့္အေရး ( ၃ ) ႀကိမ္ ဖန္တီးခဲ့ေပမယ့္ အသင္းေဖာ္ေတြက အသုံးခ်ႏိုင္ျခင္း မရွိခဲ့ပါဘူး။