ဒီရာသီ မန်ယူရဲ့အနေအထားကို ထင်မြင်ချက်ပေးခဲ့တဲ့ လူကာကူ

photo-gettyimages

photo-gettyimages

အင်တာမီလန်တိုက်စစ်မှုးလူကာကူဟာ သူ့အသင်းဟောင်းရဲ့အခုရာသီအနေအထားနဲ့ပတ်သက်လို့ Instagram ပေါ်က အမေးအဖြေအစီအစဉ်တစ်ခုမှာ ထင်မြင်ချက်ပေးခဲ့ပါတယ်။ အဲဒီဘယ်လ်ဂျီယံသားဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အင်တာကိုပြောင်းနိုင်ဖို့ တွန်းအားပေးခဲ့ပြီး ဆိုးလ်ရှားလက်အောက်မှာ သူဟာ အရည်အသွေးအရ လျှော့တွက်ခံရတယ်လို့ ခံစားခဲ့ရသူပါ။

photo-gettyimages

တကယ်လည်း လူကာကူဟာ မော်ရင်ဟိုနဲ့ ဆိုးလ်ရှားလက်အောက် ကစားခဲ့ရတဲ့ ၂ နှစ်ကြာ မန်ယူကစားသမားဘဝမှာ ဂိုးသွင်းမှတ်တမ်းက သာမန်ထက် မပိုခဲ့ပါဘူး။ အင်တာမီလန်ရောက်မှာ အကောင်းဆုံးပုံစံပြန်ရနေကာ ဒီရာသီစီးရီးအေ ၂၄ ပွဲမှာ ၁၇ ဂိုးသွင်းထားတာပါ။ အသင်းသစ်မှာ ပျော်ရွှင်နေပေမယ့်လည်း သူဟာ အသင်းဟောင်းနဲ့ပတ်သက်လို့ မျက်ခြေမပြတ်ရှိနေဆဲပါ။ ဆိုးလ်ရှားလက်အောက်မှာ ကစားခွင့်သိပ်မရလို့ အသင်းက ထွက်ခဲ့ပေမယ့် ဆိုးလ်ရှားလက်ထက် ဒီရာသီအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ အပေါင်းလက္ခဏာဆန်ဆန်ပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

photo-gettyimages

“သူတို့ဟာ လမ်းကြောင်းမှန်ပေါ်မှာ သွားနေတာပါ။ အဲဒါဟာ လုပ်ငန်းစဉ်တစ်ခုပါ၊ ဒါပေမဲ့ အဲဒီကို သူတို့ရောက်ပါလိမ့်မယ်”လို့ လူကာကူက ဖြေခဲ့တာပါ။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီးမေးမြန်းတော့လည်း လူကာကူက ကြိုးကြိုးစားစားရှိခဲ့တဲ့ရက်ရှ်ဖို့ဒ် လုပ်ပြနေတာကို မအံ့သြကြောင်း ဖြေကြားခဲ့ပါတယ်။

[Zawgyi]

ဒီရာသီ မန္ယူရဲ႕အေနအထားကို ထင္ျမင္ခ်က္ေပးခဲ့တဲ့ လူကာကူ

အင္တာမီလန္တုိက္စစ္မႈးလူကာကူဟာ သူ႔အသင္းေဟာင္းရဲ႕အခုရာသီအေနအထားနဲ႔ပတ္သက္လို႔ Instagram ေပၚက အေမးအေျဖအစီအစဥ္တစ္ခုမွာ ထင္ျမင္ခ်က္ေပးခဲ့ပါတယ္။ အဲဒီဘယ္လ္ဂ်ီယံသားဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ အင္တာကိုေျပာငး္ႏိုင္ဖုိ႔ တြန္းအားေပးခဲ့ၿပီး ဆိုးလ္ရွားလက္ေအာက္မွာ သူဟာ အရည္အေသြးအရ ေလွ်ာ့တြက္ခံရတယ္လုိ႔ ခံစားခဲ့ရသူပါ။

တကယ္လည္း လူကာကူဟာ ေမာ္ရင္ဟိုနဲ႔ ဆိုးလ္ရွားလက္ေအာက္ ကစားခဲ့ရတဲ့ ၂ ႏွစ္ၾကာ မန္ယူကစားသမားဘ၀မွာ ဂိုးသြင္းမွတ္တမ္းက သာမန္ထက္ မပိုခဲ့ပါဘူး။ အင္တာမီလန္ေရာက္မွာ အေကာင္းဆုံးပုံစံျပန္ရေနကာ ဒီရာသီစီးရီးေအ ၂၄ ပြဲမွာ ၁၇ ဂိုးသြငး္ထားတာပါ။ အသင္းသစ္မွာ ေပ်ာ္ရႊင္ေနေပမယ့္လည္း သူဟာ အသင္းေဟာင္းနဲ႔ပတ္သက္လုိ႔ မ်က္ေျခမျပတ္ရွိေနဆဲပါ။ ဆိုးလ္ရွားလက္ေအာက္မွာ ကစားခြင့္သိပ္မရလို႔ အသင္းက ထြက္ခဲ့ေပမယ့္ ဆုိးလ္ရွားလက္ထက္ ဒီရာသီအေျခအေနနဲ႔ပတ္သက္ၿပီး ေမးျမန္းရာမွာေတာ့ အေပါင္းလကၡဏာဆန္ဆန္ပဲ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

“သူတို႔ဟာ လမ္းေၾကာင္းမွန္ေပၚမွာ သြားေနတာပါ။ အဲဒါဟာ လုပ္ငန္းစဥ္တစ္ခုပါ၊ ဒါေပမဲ့ အဲဒီကို သူတုိ႔ေရာက္ပါလိမ့္မယ္”လုိ႔ လူကာကူက ေျဖခဲ့တာပါ။ ဒါ့အျပင္ ရက္ရွ္ဖို႔ဒ္နဲ႔ပတ္သက္ၿပီးေမးျမန္းေတာ့လည္း လူကာကူက ႀကိဳးႀကိဳးစားစားရွိခဲ့တဲ့ရက္ရွ္ဖို႔ဒ္ လုပ္ျပေနတာကို မအံ့ၾသေၾကာင္း ေျဖၾကားခဲ့ပါတယ္။