ဒီရာသီ ပြဲတိုင္းဂိုးသြင္းၿပီး ၿပီးျပည့္စုံတဲ့ရာသီတာထြက္ပိုင္ဆိုင္ထားတဲ့ အယ္ကာဆာ

photo-gettyimages

photo-gettyimages

လက္ရွိ ၂၀၁၉-၂၀ ေဘာလုံးရာသီမွာ တိုက္စစ္မႈးအယ္ကာဆာေလာက္ ဘယ္ကစားသမားကမွ တာထြက္ေကာင္းႏိုင္မွာ မဟုတ္ပါဘူး။ ေဒါ့မန္မွာ ကစားေနတဲ့အဲဒီစပိန္သားတိုက္စစ္မႈးဟာ ဖားရိုးကၽြန္းစုကို ၄ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ယူရိုေျခစစ္ပြဲတုန္းက လူစား၀င္၀င္လာၿပီးေနာက္ ပြဲၿပီးခါနီမွာ ၂ ဂိုးဆက္တိုက္သြင္းေပးႏိုင္ခဲ့ပါတယ္။ အဲဒီပြဲက သြင္းဂိုးေတြေၾကာင့္လည္း အယ္ကာဆာဟာ ကလပ္နဲ႔ႏိုင္ငံတို႔အတြက္ ဒီရာသီကစားခဲဲ့ရတဲ့ ပြဲတိုင္းမွာ ဂိုးသြင္းႏိုင္ေနတဲ့ သူ႔ရဲ႕စံႏႈန္းကို ဆက္ထိန္းႏုိင္ခဲ့ပါတယ္။

photo-gettyimages

အယ္ကာဆာဟာ ကလပ္နဲ႔ႏိုင္ငံအတြက္ ဒီရာသီကစားခဲ့ရတဲ့ ၇ ပြဲစလုံးမွာ ဂိုးသြင္းႏိုင္ခဲ့တာပါ။ အဲဒီ ၇ ပဲြမွာ ၉ ဂိုးသြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ပိုၿပီးအထင္ႀကီးစရာေကာင္းတာက သူဟာ ရာသီအစၿပိဳင္ပြဲ ၄ ရပ္စလုံးမွာကို ဂိုးသြင္းႏိုင္ခဲ့တာပါ။ ဘုိင္ယန္ျမဴးနစ္နဲ႔ ရာသီကန္႔လန္ကာအဖြင့္ ဂ်ာမန္စူပါဖလားမွာကတည္းက စတင္ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး ကလပ္အသင္းေဒါ့မန္အတြက္ ဘြန္ဒက္စ္လီဂါမွာေရာ ပိုကယ္ဖလားမွာပါ ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။ အခုလည္း ယူရိုေျခစစ္ပြဲမွာ စပိန္အတြက္ သူဂိုးသြင္းေပးခ့ဲတာပါ။ ေနာက္တစ္ပတ္စတင္ေတာ့မယ့္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ဂိုးသြင္းဖို႔ပဲ က်န္ပါေတာ့တယ္။

photo-gettyimages

စပိန္အသင္းက သူ႔ရဲ႕ဂိုးသြင္းကိန္းဂဏန္းေတြကလည္း မွတ္မွတ္ရရျဖစ္ခ်င္စရာပါပဲ။ စပိန္အတြက္ ၁၇ ပြဲမွာ ၁၂ ဂိုးသြင္းေပးထားတာပါ။ ကလပ္အသင္းေဒါ့မန္မွာလည္း ကစားေပးခဲ့တဲ့ ၃၇ ပြဲမွာ ၂၅ ဂိုးရရွိထားပါတယ္။ အယ္ကာဆာဟာ ဂ်ာမနီကိုေျပာင္းသြားၿပီးကတည္းက တစ္ျဖည္းျဖည္းနဲ႔ ေျခစြမ္းျပန္တက္လာခဲ့ၿပီး အခုဆုိရင္ ရပ္တန္႔လို႔မရေသးတဲ့ ဂိုးသြင္းစက္တစ္ေယာက္ျဖစ္ေနတာပါ။

[Unicode]

လက်ရှိ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ တိုက်စစ်မှုးအယ်ကာဆာလောက် ဘယ်ကစားသမားကမှ တာထွက်ကောင်းနိုင်မှာ မဟုတ်ပါဘူး။ ဒေါ့မန်မှာ ကစားနေတဲ့အဲဒီစပိန်သားတိုက်စစ်မှုးဟာ ဖားရိုးကျွန်းစုကို ၄ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ယူရိုခြေစစ်ပွဲတုန်းက လူစားဝင်ဝင်လာပြီးနောက် ပွဲပြီးခါနီမှာ ၂ ဂိုးဆက်တိုက်သွင်းပေးနိုင်ခဲ့ပါတယ်။ အဲဒီပွဲက သွင်းဂိုးတွေကြောင့်လည်း အယ်ကာဆာဟာ ကလပ်နဲ့နိုင်ငံတို့အတွက် ဒီရာသီကစားခဲ့ရတဲ့ ပွဲတိုင်းမှာ ဂိုးသွင်းနိုင်နေတဲ့ သူ့ရဲ့စံနှုန်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

အယ်ကာဆာဟာ ကလပ်နဲ့နိုင်ငံအတွက် ဒီရာသီကစားခဲ့ရတဲ့ ၇ ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့တာပါ။ အဲဒီ ၇ ပွဲမှာ ၉ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုပြီးအထင်ကြီးစရာကောင်းတာက သူဟာ ရာသီအစပြိုင်ပွဲ ၄ ရပ်စလုံးမှာကို ဂိုးသွင်းနိုင်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ်နဲ့ ရာသီကန့်လန်ကာအဖွင့် ဂျာမန်စူပါဖလားမှာကတည်းက စတင်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ကလပ်အသင်းဒေါ့မန်အတွက် ဘွန်ဒက်စ်လီဂါမှာရော ပိုကယ်ဖလားမှာပါ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ အခုလည်း ယူရိုခြေစစ်ပွဲမှာ စပိန်အတွက် သူဂိုးသွင်းပေးခဲ့တာပါ။ နောက်တစ်ပတ်စတင်တော့မယ့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဂိုးသွင်းဖို့ပဲ ကျန်ပါတော့တယ်။

စပိန်အသင်းက သူ့ရဲ့ဂိုးသွင်းကိန်းဂဏန်းတွေကလည်း မှတ်မှတ်ရရဖြစ်ချင်စရာပါပဲ။ စပိန်အတွက် ၁၇ ပွဲမှာ ၁၂ ဂိုးသွင်းပေးထားတာပါ။ ကလပ်အသင်းဒေါ့မန်မှာလည်း ကစားပေးခဲ့တဲ့ ၃၇ ပွဲမှာ ၂၅ ဂိုးရရှိထားပါတယ်။ အယ်ကာဆာဟာ ဂျာမနီကိုပြောင်းသွားပြီးကတည်းက တစ်ဖြည်းဖြည်းနဲ့ ခြေစွမ်းပြန်တက်လာခဲ့ပြီး အခုဆိုရင် ရပ်တန့်လို့မရသေးတဲ့ ဂိုးသွင်းစက်တစ်ယောက်ဖြစ်နေတာပါ။