ဒီရာသီ ပရီးမီးယားလိဂ်မှာအတိုးတက်ဆုံးအသင်းအဖြစ် ဘရိုက်တန်အသင်း သတ်မှတ်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲက ပွဲစဉ်(၇)ကစားပြီးသွားချိန်မှာ မနှစ်ကနဲ့ ဒီနှစ်အတွင်း ရလဒ်ပိုင်းအတိုးတက်ဆုံးအသင်းအဖြစ်

ဘရိုက်တန်အသင်းက ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့ပြီး ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာလည်း မနှစ်တုန်းကထက် အမှတ်ရရှိမှုပိုကောင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပွဲစဉ်(၇)အပြီးမှာ (၁)ပွဲသာအနိုင်ရခဲ့ပြီး၊ (၂)ပွဲသရေ၊ (၄)ပွဲအထိရှုံးခဲ့သလို စုစုပေါင်း(၅)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၆)နေရာမှာသာရပ်တည်နိုင်ခဲ့တဲ့ ဘရိုက်တန်အသင်းဟာ

ဒီရာသီမှာတော့ ခြေစွမ်းကောင်းတွေပြသနေတဲ့အပြင် (၄)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁)ပွဲရှုံး၊ (၁၄)မှတ်နဲ့ အဆင့်(၆)နေရာမှာရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဘရိုက်တန်အသင်းဟာ မနှစ်က ပွဲစဉ်(၇)အပြီးရရှိခဲ့ထက်အမှတ်ထက် (၉)မှတ်အထိ ပိုရအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အတိုးတက်ဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

အခုလောလောဆယ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချယ်လ်ဆီးအသင်းကလည်း မနှစ်ကထက် ပိုကောင်းတဲ့စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီး နည်းပြဟောင်းလမ်းပတ်လက်ထက်တုန်းက

(၃)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၁)ပွဲရှုံး၊ (၁၂)မှတ်နဲ့ အဆင့်(၈)နေရာသာရရှိခဲ့ပေမယ့် အခု တူချယ်လ်လက်ထက်မှာတော့ (၁)ပွဲသာရှုံးနိမ့်ခဲ့ပြီး စုစုပေါင်း(၁၆)မှတ်အထိရယူနိုင်တာကြောင့် မနှစ်ကထက် (၄)မှတ်ပိုသာခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ရလဒ်တွေယိမ်းယိုင်နေပေမယ့် ဆိုးလ်ရှားရဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီကထက် ရလဒ်ပိုကောင်းနေပြီး ၂၀၂၀-၂၁ ရာသီအစပိုင်းမှာ (၃)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲအထိရှုံးနိမ့်ခဲ့လို့ (၁၀)မှတ်နဲ့

အဆင့်(၁၃)နေရာရခဲ့ပေမယ့် ဒီရာသီမှာတော့ (၁၄)မှတ်အထိရယူနိုင်ခဲ့တဲ့အတွက် မနှစ်ကထက် (၄)မှတ်ပိုသာခဲ့သလို အဆင့်ရပ်တည်မှုလည်းပိုကောင်းခဲ့ပါတယ်။

ဝက်စ်ဟမ်း၊ မန်စီးတီး၊ ဘန်လေအသင်းတို့ဟာလည်း ပြီးခဲ့တဲ့ရာသီကထက် အမှတ်ရရှိမှုပိုများခဲ့ပေမယ့် လီဗာပူးလ်၊ အာဆင်နယ်၊ စပါးစတဲ့ ပရီးမီးယားလိဂ်ကြီး(၆)ကြီးစာရင်းဝင်အသင်းတွေကတော့ မနှစ်ကလောက် အမှတ်မရခဲ့ပါဘူး။

ဒီရာသီပရီးမီးယားလိဂ်အသင်းတွေထဲမှာ ရှုံးပွဲမရှိသေးတဲ့တစ်သင်းတည်းသောအသင်းအဖြစ်ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းဟာ

၂၀၂၀-၂၁ ရာသီပွဲစဉ်(၇)အပြီးမှာ (၁၆)မှတ်နဲ့အမှတ်ပေးဇယားထိပ်မှာရပ်တည်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ (၁၅)မှတ်သာရရှိခဲ့သလို ဒုတိယနေရာမှာသာရပ်တည်နေရတာပါ။

ရာသီအစပိုင်းတုန်းက (၃)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်အဆိုးရွားဆုံးရာသီအစရလဒ်နဲ့ရင်ဆိုင်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာလည်း ပြီးခဲ့တဲ့ရာသီက (၇)ပွဲကစားအပြီး (၁၂)မှတ်ရယူခဲ့ပေမယ့် ဒီရာသီမှာတော့ (၁၀)မှတ်သာနိုင်ယူခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီရာသီ ပရီးမီးယားလိဂ္မွာအတိုးတက္ဆုံးအသင္းအျဖစ္ ဘ႐ိုက္တန္အသင္း သတ္မွတ္ခံရ

၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲက ပြဲစဥ္(၇)ကစားၿပီးသြားခ်ိန္မွာ မႏွစ္ကနဲ႔ ဒီႏွစ္အတြင္း ရလဒ္ပိုင္းအတိုးတက္ဆုံးအသင္းအျဖစ္ ဘ႐ိုက္တန္အသင္းက ထိပ္ဆုံးမွာရပ္တည္ႏိုင္ခဲ့ၿပီး ခ်ယ္လ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ဟာလည္း မႏွစ္တုန္းကထက္ အမွတ္ရရွိမႈပိုေကာင္းခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ပြဲစဥ္(၇)အၿပီးမွာ (၁)ပြဲသာအႏိုင္ရခဲ့ၿပီး၊ (၂)ပြဲသေရ၊ (၄)ပြဲအထိရႈံးခဲ့သလို စုစုေပါင္း(၅)မွတ္နဲ႔ အမွတ္ေပးဇယားအဆင့္(၁၆)ေနရာမွာသာရပ္တည္ႏိုင္ခဲ့တဲ့ ဘ႐ိုက္တန္အသင္းဟာ ဒီရာသီမွာေတာ့ ေျခစြမ္းေကာင္းေတြျပသေနတဲ့အျပင္ (၄)ပြဲႏိုင္၊ (၂)ပြဲသေရ၊ (၁)ပြဲရႈံး၊ (၁၄)မွတ္နဲ႔ အဆင့္(၆)ေနရာမွာရွိေနတာျဖစ္ပါတယ္။

ဒါ့အျပင္ ဘ႐ိုက္တန္အသင္းဟာ မႏွစ္က ပြဲစဥ္(၇)အၿပီးရရွိခဲ့ထက္အမွတ္ထက္ (၉)မွတ္အထိ ပိုရေအာင္စြမ္းေဆာင္ႏိုင္ခဲ့တာေၾကာင့္ ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕အတိုးတက္ဆုံးအသင္းအျဖစ္ သတ္မွတ္ခံခဲ့ရတာပါ။ အခုေလာေလာဆယ္ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ခ်ယ္လ္ဆီးအသင္းကလည္း မႏွစ္ကထက္ ပိုေကာင္းတဲ့စြမ္းေဆာင္ရည္ျပသႏိုင္ခဲ့ၿပီး နည္းျပေဟာင္းလမ္းပတ္လက္ထက္တုန္းက (၃)ပြဲႏိုင္၊ (၃)ပြဲသေရ၊ (၁)ပြဲရႈံး၊ (၁၂)မွတ္နဲ႔ အဆင့္(၈)ေနရာသာရရွိခဲ့ေပမယ့္ အခု တူခ်ယ္လ္လက္ထက္မွာေတာ့ (၁)ပြဲသာရႈံးနိမ့္ခဲ့ၿပီး စုစုေပါင္း(၁၆)မွတ္အထိရယူႏိုင္တာေၾကာင့္ မႏွစ္ကထက္ (၄)မွတ္ပိုသာခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာ ရလဒ္ေတြယိမ္းယိုင္ေနေပမယ့္ ဆိုးလ္ရွားရဲ႕မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရာသီကထက္ ရလဒ္ပိုေကာင္းေနၿပီး ၂၀၂၀-၂၁ ရာသီအစပိုင္းမွာ (၃)ပြဲႏိုင္၊ (၁)ပြဲသေရ၊ (၃)ပြဲအထိရႈံးနိမ့္ခဲ့လို႔ (၁၀)မွတ္နဲ႔ အဆင့္(၁၃)ေနရာရခဲ့ေပမယ့္ ဒီရာသီမွာေတာ့ (၁၄)မွတ္အထိရယူႏိုင္ခဲ့တဲ့အတြက္ မႏွစ္ကထက္ (၄)မွတ္ပိုသာခဲ့သလို အဆင့္ရပ္တည္မႈလည္းပိုေကာင္းခဲ့ပါတယ္။ ဝက္စ္ဟမ္း၊ မန္စီးတီး၊ ဘန္ေလအသင္းတို႔ဟာလည္း ၿပီးခဲ့တဲ့ရာသီကထက္ အမွတ္ရရွိမႈပိုမ်ားခဲ့ေပမယ့္ လီဗာပူးလ္၊ အာဆင္နယ္၊ စပါးစတဲ့ ပရီးမီးယားလိဂ္ႀကီး(၆)ႀကီးစာရင္းဝင္အသင္းေတြကေတာ့ မႏွစ္ကေလာက္ အမွတ္မရခဲ့ပါဘူး။

ဒီရာသီပရီးမီးယားလိဂ္အသင္းေတြထဲမွာ ရႈံးပြဲမရွိေသးတဲ့တစ္သင္းတည္းေသာအသင္းအျဖစ္ရပ္တည္ေနတဲ့ လီဗာပူးလ္အသင္းဟာ ၂၀၂၀-၂၁ ရာသီပြဲစဥ္(၇)အၿပီးမွာ (၁၆)မွတ္နဲ႔အမွတ္ေပးဇယားထိပ္မွာရပ္တည္ႏိုင္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ (၁၅)မွတ္သာရရွိခဲ့သလို ဒုတိယေနရာမွာသာရပ္တည္ေနရတာပါ။ ရာသီအစပိုင္းတုန္းက (၃)ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္အဆိုး႐ြားဆုံးရာသီအစရလဒ္နဲ႔ရင္ဆိုင္ခဲ့ရတဲ့ အာဆင္နယ္အသင္းဟာလည္း ၿပီးခဲ့တဲ့ရာသီက (၇)ပြဲကစားအၿပီး (၁၂)မွတ္ရယူခဲ့ေပမယ့္ ဒီရာသီမွာေတာ့ (၁၀)မွတ္သာႏိုင္ယူခဲ့တာျဖစ္ပါတယ္။