ဒီရာသီ ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်အကောင်းဆုံးဂိုးသမားက ဘယ်သူများလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဗြိတိန်နာမည်ကျော်သတင်းစာ Daily Mail က ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသင်းတစ်သင်းစီအလိုက် နံပါတ်(၁)ဂိုးသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြခဲ့ပြီး ဘန်လေအသင်းဂိုးသမား နစ်ပုပ်ဟာ တခြားနာမည်ကြီးဂိုးသမားတွေဖြစ်တဲ့ အီဒါဆန်၊ ဒီဂီယာ၊ အယ်လစ်ဆန်တို့ထက် စွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Daily Mail သတင်းစာဟာ ဂိုးသမားတစ်ဦးချင်းစီရဲ့ ပွဲထွက်ကစားခဲ့တဲ့အရေအတွက်၊ ဂိုးပေးရမှု၊ Clean Sheets ရရှိခဲ့တဲ့ပွဲစတဲ့အချက်တွေကို ထည့်သွင်းတွက်ချက်ပြီးမှ ဂိုးကာကွယ်မှုပြုလုပ်ခဲ့တဲ့ရာခိုင်နှုန်းကို သတ်မှတ်ဖော်ပြခဲ့တာဖြစ်ပြီး နစ်ပုပ်ရဲ့ ဂိုးပေါက်ကာကွယ်မှုပြုလုပ်ခဲ့တဲ့ ရာခိုင်နှုန်းက (၇၈.၅%)အထိရှိနေတာဖြစ်ပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ဂိုးသမား နစ်ပုပ်ဟာ ၂၀၁၆ ခုနှစ်မှာ ဘန်လေအသင်းကို ရောက်ရှိခဲ့ပြီး အခုအချိန်မှာတော့ အသင်းရဲ့အဓိကဂိုးသမားအဖြစ် ပါဝင်ခွင့်ရရှိနေသူပါ။ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နစ်ပုပ်ပါဝင်ကစားခဲ့တဲ့ပွဲအရေအတွက်က (၂၄)ပွဲရှိပြီး (၂၅)ဂိုးပေးခဲ့ရသလို Clean Sheets ရယူနိုင်တာက (၉)ပွဲအထိရှိခဲ့ပါတယ်။

သူ့ရဲ့ ကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ်ရာသီကတည်းက လက်စွမ်းပြနိုင်ခဲ့သူ နစ်ပုပ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၄)ပွဲကစားခဲ့ပြီး ဒီလက်စွမ်းကို ဆက်ထိန်းထားနိုင်ရင် လာမယ့်ယူရို-၂၀၂၀ပြိုင်ပွဲကျရင် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရနိုင်တဲ့အနေအထားပါပဲ။

မန်စီးတီးအသင်း အမှတ်ပေးဇယားထိပ်ဆုံးနေရာရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဂိုးသမားအီဒါဆန်ကတော့ (၂၄)ပွဲကစား၊ ပေးဂိုး(၁၄)ဂိုး၊ Clean Sheets (၁၅)ပွဲအထိရရှိခဲ့ပေမယ့် ဂိုးပေါက်ကာကွယ်နိုင်မှုရာခိုင်နှုန်းမှာတော့ (၇၃.၆%)သာရှိခဲ့ပါတယ်။

ဒီရာသီမှာ အမှားတချို့ရှိခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ ပရီးမီးယားလိဂ်(၂၃)ပွဲကစားပြီး ပေးဂိုးက (၂၉)ဂိုးအထိရှိခဲ့သလို Clean Sheets က (၈)ပွဲသာရှိခဲ့တဲ့အပြင် ဂိုးပေါက်ကာကွယ်နိုင်မှုရာခိုင်နှုန်းက (၆၂.၈%)အထိ ကျဆင်းသွားပါတယ်။

အရန်ဂိုးသမား ဟန်ဒါဆန်ကတောင် ဒီဂီယာထက် စွမ်းဆောင်ရည်ပိုကောင်းနေပြီး ဒီရာသီပရီးမီးယားလိဂ်မှာ (၃)ပွဲသာကစားခွင့်ရခဲ့ပေမယ့် (၃)ဂိုးအထိပေးခဲ့ရပေမယ့် ဂိုးပေါက်ကာကွယ်နိုင်မှုရာခိုင်နှုန်းက (၇၈.၆%)အထိရှိနေတာဖြစ်ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်အညံ့ဆုံးဂိုးသမားကတော့ ဆောက်သမ်တန်ဂိုးသမား အဲလက်စ်မက္ကာသီဖြစ်ပြီး ပေးဂိုး(၄၃)ဂိုး၊ Clean Sheets (၇)ပွဲ၊ ဂိုးပေါက်ကာကွယ်နိုင်မှုရာခိုင်နှုန်း (၆၀.၆%)သာရှိခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီရာသီ ပရီးမီးယားလိဂ္မွာ စြမ္းေဆာင္ရည္အေကာင္းဆုံးဂိုးသမားက ဘယ္သူမ်ားလဲ

ၿဗိတိန္နာမည္ေက်ာ္သတင္းစာ Daily Mail က ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အသင္းတစ္သင္းစီအလိုက္ နံပါတ္(၁)ဂိုးသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို ေဖာ္ျပခဲ့ၿပီး ဘန္ေလအသင္းဂိုးသမား နစ္ပုပ္ဟာ တျခားနာမည္ႀကီးဂိုးသမားေတြျဖစ္တဲ့ အီဒါဆန္၊ ဒီဂီယာ၊ အယ္လစ္ဆန္တို႔ထက္ စြမ္းေဆာင္ရည္အေကာင္းဆုံးအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ Daily Mail သတင္းစာဟာ ဂိုးသမားတစ္ဦးခ်င္းစီရဲ႕ ပြဲထြက္ကစားခဲ့တဲ့အေရအတြက္၊ ဂိုးေပးရမႈ၊ Clean Sheets ရရွိခဲ့တဲ့ပြဲစတဲ့အခ်က္ေတြကို ထည့္သြင္းတြက္ခ်က္ၿပီးမွ ဂိုးကာကြယ္မႈျပဳလုပ္ခဲ့တဲ့ရာခိုင္ႏႈန္းကို သတ္မွတ္ေဖာ္ျပခဲ့တာျဖစ္ၿပီး နစ္ပုပ္ရဲ႕ ဂိုးေပါက္ကာကြယ္မႈျပဳလုပ္ခဲ့တဲ့ ရာခိုင္ႏႈန္းက (၇၈.၅%)အထိရွိေနတာျဖစ္ပါတယ္။

အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အဂၤလန္ဂိုးသမား နစ္ပုပ္ဟာ ၂၀၁၆ ခုႏွစ္မွာ ဘန္ေလအသင္းကို ေရာက္ရွိခဲ့ၿပီး အခုအခ်ိန္မွာေတာ့ အသင္းရဲ႕အဓိကဂိုးသမားအျဖစ္ ပါဝင္ခြင့္ရရွိေနသူပါ။ ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ နစ္ပုပ္ပါဝင္ကစားခဲ့တဲ့ပြဲအေရအတြက္က (၂၄)ပြဲရွိၿပီး (၂၅)ဂိုးေပးခဲ့ရသလို Clean Sheets ရယူႏိုင္တာက (၉)ပြဲအထိရွိခဲ့ပါတယ္။ သူ႔ရဲ႕ ကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ္ရာသီကတည္းက လက္စြမ္းျပႏိုင္ခဲ့သူ နစ္ပုပ္ဟာ အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ (၄)ပြဲကစားခဲ့ၿပီး ဒီလက္စြမ္းကို ဆက္ထိန္းထားႏိုင္ရင္ လာမယ့္ယူ႐ို-၂၀၂၀ၿပိဳင္ပြဲက်ရင္ လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံရႏိုင္တဲ့အေနအထားပါပဲ။ မန္စီးတီးအသင္း အမွတ္ေပးဇယားထိပ္ဆုံးေနရာေရာက္ရွိေအာင္ စြမ္းေဆာင္ေပးခဲ့သူေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္တဲ့ ဂိုးသမားအီဒါဆန္ကေတာ့ (၂၄)ပြဲကစား၊ ေပးဂိုး(၁၄)ဂိုး၊ Clean Sheets (၁၅)ပြဲအထိရရွိခဲ့ေပမယ့္ ဂိုးေပါက္ကာကြယ္ႏိုင္မႈရာခိုင္ႏႈန္းမွာေတာ့ (၇၃.၆%)သာရွိခဲ့ပါတယ္။

ဒီရာသီမွာ အမွားတခ်ိဳ႕ရွိခဲ့တာေၾကာင့္ ေဝဖန္ခံေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား ဒီဂီယာဟာ ပရီးမီးယားလိဂ္(၂၃)ပြဲကစားၿပီး ေပးဂိုးက (၂၉)ဂိုးအထိရွိခဲ့သလို Clean Sheets က (၈)ပြဲသာရွိခဲ့တဲ့အျပင္ ဂိုးေပါက္ကာကြယ္ႏိုင္မႈရာခိုင္ႏႈန္းက (၆၂.၈%)အထိ က်ဆင္းသြားပါတယ္။ အရန္ဂိုးသမား ဟန္ဒါဆန္ကေတာင္ ဒီဂီယာထက္ စြမ္းေဆာင္ရည္ပိုေကာင္းေနၿပီး ဒီရာသီပရီးမီးယားလိဂ္မွာ (၃)ပြဲသာကစားခြင့္ရခဲ့ေပမယ့္ (၃)ဂိုးအထိေပးခဲ့ရေပမယ့္ ဂိုးေပါက္ကာကြယ္ႏိုင္မႈရာခိုင္ႏႈန္းက (၇၈.၆%)အထိရွိေနတာျဖစ္ပါတယ္။ ဒီရာသီပရီးမီးယားလိဂ္မွာ စြမ္းေဆာင္ရည္အညံ့ဆုံးဂိုးသမားကေတာ့ ေဆာက္သမ္တန္ဂိုးသမား အဲလက္စ္မကၠာသီျဖစ္ၿပီး ေပးဂိုး(၄၃)ဂိုး၊ Clean Sheets (၇)ပြဲ၊ ဂိုးေပါက္ကာကြယ္ႏိုင္မႈရာခိုင္ႏႈန္း (၆၀.၆%)သာရွိခဲ့တာျဖစ္ပါတယ္။