ဒီရာသီဥရောပရဲ့အလိမ်ခေါက်နိုင်ဆုံးစာရင်းထဲမှာ ထရာအိုရီထိပ်ဆုံးဖြစ်ပြီး မက်ဆီမပါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝုဗ်က ထရာအိုရီ၊ နယူးကာဆယ်က စိန့်မက်ဆီမင်နဲ့ ပီအက်စ်ဂျီက နေမာနဲ့ အမ်ဘက်ပီတို့ဟာ ဒီရာသီဥရောပဘောလုံးရပ်ဝန်းရဲ့အလိမ်အခေါက်အကောင်းဆုံးကစားသမားတွေဖြစ်ကြောင်း စစ်တမ်းသစ်တစ်ရပ်အရ သိရပါတယ်။

ဒါပေမဲ့ မက်ဆီကတော့ အဲဒီစာရင်းမှာ ထိပ်ဆုံး ၅၀ ဦးထဲတောင် မပါဝင်ဖြစ်နေပါတယ်။

နောက်ဆုံးလေ့လာဆန်းစစ်မှုအရ ဝုဗ်ကြယ်ပွင့်ထရာအိုရီဟာ ဂိုးသွင်းဖို့ရုန်းကန်နေရတယ်ဆိုရင်တောင် ဥရောပရဲ့အလိမ်အခေါက်နိုင်ဆုံးကစားသမားဖြစ်နေပြီး

အဲဒါဟာ ဇန်နဝါရီအပြောင်းအရွှေ့မတိုင်ခင်မှာ အဲဒီဝုဗ်တောင်ပံကစားသမားကို စိတ်ဝင်စားစရာအချက်ဖြစ်စေမှာပါ။

ဒီလေ့လာမှုကို ဘောလုံးအချက်အလက်သုသေတနလုပ်တဲ့ CIES က လုပ်ခဲ့တာဖြစ်ပြီး ထရာအိုရီဟာ ကစားရတဲ့မိနစ် ၁၀၀ တိုင်းမှာ အောင်မြင်တဲ့လိမ်ခေါက်နိုင်မှု ၁၁.၂ ကြိမ်လုပ်နိုင်ခဲ့တာပါ။

အဲဒီနေရာမှာ သူ့ရဲ့အနီးကပ်ဆုံးပြိုင်ဘက်ကတော့ အေစီမီလန်က ပေါ်တူဂီတိုက်စစ်ကစားသမားရာဖေးလ်လီယာအိုဖြစ်ပြီး ၇.၂ ကြိမ်ရှိခဲ့တာပါ။

ဒီရာသီဥရောပဘောလုံးရပ်ဝန်းရဲ့တတိယအလိမ်ခေါက်နိုင်ဆုံးကတော့ နယူးကာဆယ်ရဲ့စိန့်မက်ဆီမင်ဖြစ်ပြီး မိနစ် ၁၀၀ တိုင်းမှာ ၇.၀၂ ကြိမ်အောင်မြင်ခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်ရဲ့စူပါစတားတွေထဲမှာ မက်ဆီက ၆.၂၈ နဲ့ အဆင့် ၅ ချိတ်ခဲ့ပြီး အမ်ဘက်ပီကလည်း ၅.၃၃ နဲ့ အဆင့် ၁၀ ရခဲ့ပါတယ်။

ဒါပေမဲ့ အံ့သြစရာကောင်းလောက်အောင်ပဲ အင်အားအကြီးဆုံးဥရောပလိဂ် ၅ ရပ်ရဲ့အလိမ်အခေါက်နိုင်ဆုံးစာရင်းမှာ သူတို့ရဲ့ပီအက်စ်ဂျီအသင်းဖော်ဖြစ်တဲ့မက်ဆီဟာ ထိပ်ဆုံး ၅၀ ထဲတောင် မပါခဲ့ပါဘူး။

အဲဒီ Ballon d’Or ၆ ဆုရှင်ဟာ သမိုင်းတစ်လျှောက် အလိမ်ခေါက်နိုင်ဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတာပါ။

ဒါပေမဲ့လည်း အသင်းသစ်ဖြစ်တဲ့ ပီအက်စ်ဂျီမှာ မျှော်လင့်ထားသလောက် မစွမ်းဆောင်နိုင်ဖြစ်နေပြီး အထူးသဖြင့် လီဂူးမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဘာစီလိုနာမှာရှိခဲ့တဲ့ပြီးခဲ့တဲ့ရာသီကဆိုရင် မက်ဆီဟာ မိနစ် ၁၀၀ တိုင်း အောင်မြင်တဲ့လိမ်ခေါက်မှု ၄.၉ ရှိခဲ့ပြီး ဒီရာသီပီအက်စ်ဂျီမှာတော့ လက်ရှိအချိန်ထိ ၂.၇ သာ ရှိခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီရာသီဥေရာပရဲ႕အလိမ္ေခါက္ႏိုင္ဆုံးစာရင္းထဲမွာ ထရာအိုရီထိပ္ဆုံးျဖစ္ၿပီး မက္ဆီမပါ

ဝုဗ္က ထရာအိုရီ၊ နယူးကာဆယ္က စိန႔္မက္ဆီမင္နဲ႔ ပီအက္စ္ဂ်ီက ေနမာနဲ႔ အမ္ဘက္ပီတို႔ဟာ ဒီရာသီဥေရာပေဘာလုံးရပ္ဝန္းရဲ႕အလိမ္အေခါက္အေကာင္းဆုံးကစားသမားေတြျဖစ္ေၾကာင္း စစ္တမ္းသစ္တစ္ရပ္အရ သိရပါတယ္။

ဒါေပမဲ့ မက္ဆီကေတာ့ အဲဒီစာရင္းမွာ ထိပ္ဆုံး ၅၀ ဦးထဲေတာင္ မပါဝင္ျဖစ္ေနပါတယ္။ ေနာက္ဆုံးေလ့လာဆန္းစစ္မႈအရ ဝုဗ္ၾကယ္ပြင့္ထရာအိုရီဟာ ဂိုးသြင္းဖို႔႐ုန္းကန္ေနရတယ္ဆိုရင္ေတာင္ ဥေရာပရဲ႕အလိမ္အေခါက္ႏိုင္ဆုံးကစားသမားျဖစ္ေနၿပီး အဲဒါဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မတိုင္ခင္မွာ အဲဒီဝုဗ္ေတာင္ပံကစားသမားကို စိတ္ဝင္စားစရာအခ်က္ျဖစ္ေစမွာပါ။

ဒီေလ့လာမႈကို ေဘာလုံးအခ်က္အလက္သုေသတနလုပ္တဲ့ CIES က လုပ္ခဲ့တာျဖစ္ၿပီး ထရာအိုရီဟာ ကစားရတဲ့မိနစ္ ၁၀၀ တိုင္းမွာ ေအာင္ျမင္တဲ့လိမ္ေခါက္ႏိုင္မႈ ၁၁.၂ ႀကိမ္လုပ္ႏိုင္ခဲ့တာပါ။ အဲဒီေနရာမွာ သူ႔ရဲ႕အနီးကပ္ဆုံးၿပိဳင္ဘက္ကေတာ့ ေအစီမီလန္က ေပၚတူဂီတိုက္စစ္ကစားသမားရာေဖးလ္လီယာအိုျဖစ္ၿပီး ၇.၂ ႀကိမ္ရွိခဲ့တာပါ။

ဒီရာသီဥေရာပေဘာလုံးရပ္ဝန္းရဲ႕တတိယအလိမ္ေခါက္ႏိုင္ဆုံးကေတာ့ နယူးကာဆယ္ရဲ႕စိန႔္မက္ဆီမင္ျဖစ္ၿပီး မိနစ္ ၁၀၀ တိုင္းမွာ ၇.၀၂ ႀကိမ္ေအာင္ျမင္ခဲ့တာပါ။ ပီအက္စ္ဂ်ီတိုက္စစ္ရဲ႕စူပါစတားေတြထဲမွာ မက္ဆီက ၆.၂၈ နဲ႔ အဆင့္ ၅ ခ်ိတ္ခဲ့ၿပီး အမ္ဘက္ပီကလည္း ၅.၃၃ နဲ႔ အဆင့္ ၁၀ ရခဲ့ပါတယ္။

ဒါေပမဲ့ အံ့ၾသစရာေကာင္းေလာက္ေအာင္ပဲ အင္အားအႀကီးဆုံးဥေရာပလိဂ္ ၅ ရပ္ရဲ႕အလိမ္အေခါက္ႏိုင္ဆုံးစာရင္းမွာ သူတို႔ရဲ႕ပီအက္စ္ဂ်ီအသင္းေဖာ္ျဖစ္တဲ့မက္ဆီဟာ ထိပ္ဆုံး ၅၀ ထဲေတာင္ မပါခဲ့ပါဘူး။ အဲဒီ Ballon d’Or ၆ ဆုရွင္ဟာ သမိုင္းတစ္ေလွ်ာက္ အလိမ္ေခါက္ႏိုင္ဆုံးကစားသမားေတြထဲက တစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရတာပါ။

ဒါေပမဲ့လည္း အသင္းသစ္ျဖစ္တဲ့ ပီအက္စ္ဂ်ီမွာ ေမွ်ာ္လင့္ထားသေလာက္ မစြမ္းေဆာင္ႏိုင္ျဖစ္ေနၿပီး အထူးသျဖင့္ လီဂူးမွာ ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတာ ျဖစ္ပါတယ္။ ဘာစီလိုနာမွာရွိခဲ့တဲ့ၿပီးခဲ့တဲ့ရာသီကဆိုရင္ မက္ဆီဟာ မိနစ္ ၁၀၀ တိုင္း ေအာင္ျမင္တဲ့လိမ္ေခါက္မႈ ၄.၉ ရွိခဲ့ၿပီး ဒီရာသီပီအက္စ္ဂ်ီမွာေတာ့ လက္ရွိအခ်ိန္ထိ ၂.၇ သာ ရွိခဲ့တာပါ။