ဒီရာသီဥရောပရဲ့ခေါင်းတိုက်ဘောရှင်းထုတ်မှုအကောင်းဆုံးနောက်ခံလူအဖြစ် ဇူးမားရပ်တည်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းနောက်ခံလူ ဇူးမားဟာ ဒီရာသီဥရောပရဲ့ခေါင်းတိုက်ဘောရှင်းထုတ်မှုအကောင်းဆုံးကစားသမားအဖြစ် ၉၆.၃ % နဲ့ ရပ်တည်နေပါတယ်။ လမ်းပတ်ရဲ့ချဲလ်ဆီးအသင်းနောက်တန်းဟာ ရာသီသစ်အစကတည်းက ကောင်းမွန်လာခဲ့တာဖြစ်ပြီး ပြင်သစ်သားက ချဲလ်ဆီးနောက်တန်းရဲ့အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်နေတာဖြစ်ပါတယ်။

ဘောလုံးအချက်အလက်စုဆောင်းတဲ့အဖွဲ့အစည်းကတော ဥရောပလိဂ်က ကစားသမား အယောက် ၁၀၀ ကို စစ်တမ်းကောက်ယူပြီး ရာသီအစက နောက်တန်းမှာခေါင်းတိုက်ဘောရှင်းထုတ်မှုအကောင်းဆုံးကစားသမားကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဆိုပါစာရင်းမှာတော့ ချဲလ်ဆီးနောက်ခံလူ ဇူးမားက ခေါင်းတိုက်ဘော ၂၇ ကြိမ်မှာ ၂၆ ကြိမ်အထိ ရှင်းထုတ်နိုင်ခဲ့ပြီး ၉၆.၃ % နဲ့ အကောင်းဆုံးကစားသမားအဖြစ်ရပ်တည်ခဲ့ပါတယ်။

ဇူးမားရဲ့နောက်မှာတော့ အတ္တလန္တာနောက်ခံလူ ဒီဂျင်ဆီတီက ခေါင်းတိုက်ဘော ၂၃ ကြိမ်မှာ ၂၂ ကြိမ်ရှင်းထုတ်နိုင်ခဲ့ပြီး ၉၅.၇ % နဲ့ ရပ်တည်နေပါတယ်။

ယူနိုက်တက်နောက်ခံလူ မက်ဂွါရီကတော့ ခေါင်းတိုက်ဘော ၃၀ ကြိမ်မှာ ၂၇ ကြိမ်အထိ ရှင်းထုတ်နိုင်ပြီး ၉၀ % နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

မက်ဂွါရီရဲ့နောက်မှာ ရီးရဲလ်နောက်ခံလူ ဗာရာနီက ခေါင်းတိုက်ဘော ၂၅ ကြိမ်မှာ ၂၂ ကြိမ်အထိ ရှင်းထုတ်နိုင်ခဲ့ပြီး ၈၈ % နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

အဲဗာတန်နောက်ခံလူ မီလ်နာကတော့ ၈၆.၂ % နဲ့ အဆင့် ၁၀ နေရာမှာ ပါဝင်လာခဲ့ပါတယ်။

ဘန်လေနောက်ခံလူ တကောစကီး နဲ့ လက်စတာနောက်ခံလူ အီဗန်တို့က ထိပ်ဆုံး ၂၀ နေရာမှာ ပါဝင်လာကာ ဗီလာနောက်ခံလူ တိုင်ရွန်မင်းစ်က အဆင့် ၂၁ နေရာမှာ ပါဝငင်လာပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီရာသီဥေရာပရဲ႕ေခါင္းတိုက္ေဘာရွင္းထုတ္မႈအေကာင္းဆံုးေနာက္ခံလူအျဖစ္ ဇူးမားရပ္တည္ေန

ခ်ဲလ္ဆီးအသင္းေနာက္ခံလူ ဇူးမားဟာ ဒီရာသီဥေရာပရဲ႕ေခါင္းတိုက္ေဘာရွင္းထုတ္မႈအေကာင္းဆံုးကစားသမားအျဖစ္ ၉၆.၃ % နဲ႔ ရပ္တည္ေနပါတယ္။ လမ္းပတ္ရဲ႕ခ်ဲလ္ဆီးအသင္းေနာက္တန္းဟာ ရာသီသစ္အစကတည္းက ေကာင္းမြန္လာခဲ့တာျဖစ္ျပီး ျပင္သစ္သားက ခ်ဲလ္ဆီးေနာက္တန္းရဲ႕အဓိကကစားသမားတစ္ဦးအျဖစ္ ပါ၀င္ေနတာျဖစ္ပါတယ္။

ေဘာလံုးအခ်က္အလက္စုေဆာင္းတဲ့အဖြဲ႕အစည္းကေတာ ဥေရာပလိဂ္က ကစားသမား အေယာက္ ၁၀၀ ကို စစ္တမ္းေကာက္ယူျပီး ရာသီအစက ေနာက္တန္းမွာေခါင္းတိုက္ေဘာရွင္းထုတ္မႈအေကာင္းဆံုးကစားသမားကို ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

အဆိုပါစာရင္းမွာေတာ့ ခ်ဲလ္ဆီးေနာက္ခံလူ ဇူးမားက ေခါင္းတိုက္ေဘာ ၂၇ ၾကိမ္မွာ ၂၆ ၾကိမ္အထိ ရွင္းထုတ္ႏိုင္ခဲ့ျပီး ၉၆.၃ % နဲ႔ အေကာင္းဆံုးကစားသမားအျဖစ္ရပ္တည္ခဲ့ပါတယ္။ ဇူးမားရဲ႕ေနာက္မွာေတာ့ အတၱလႏၱာေနာက္ခံလူ ဒီဂ်င္ဆီတီက ေခါင္းတုိက္ေဘာ ၂၃ ၾကိမ္မွာ ၂၂ ၾကိမ္ရွင္းထုတ္ႏိုင္ခဲ့ျပီး ၉၅.၇ % နဲ႔ ရပ္တည္ေနပါတယ္။

ယူႏိုက္တက္ေနာက္ခံလူ မက္ဂြါရီကေတာ့ ေခါင္းတုိက္ေဘာ ၃၀ ၾကိမ္မွာ ၂၇ ၾကိမ္အထိ ရွင္းထုတ္ႏိုင္ျပီး ၉၀ % နဲ႔ တတိယေနရာမွာ ရပ္တည္ေနပါတယ္။ မက္ဂြါရီရဲ႕ေနာက္မွာ ရီးရဲလ္ေနာက္ခံလူ ဗာရာနီက ေခါင္းတိုက္ေဘာ ၂၅ ၾကိမ္မွာ ၂၂ ၾကိမ္အထိ ရွင္းထုတ္ႏိုင္ခဲ့ျပီး ၈၈ % နဲ႔ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနပါတယ္။

အဲဗာတန္ေနာက္ခံလူ မီလ္နာကေတာ့ ၈၆.၂ % နဲ႔ အဆင့္ ၁၀ ေနရာမွာ ပါ၀င္လာခဲ့ပါတယ္။ ဘန္ေလေနာက္ခံလူ တေကာစကီး နဲ႔ လက္စတာေနာက္ခံလူ အီဗန္တို႔က ထိပ္ဆံုး ၂၀ ေနရာမွာ ပါ၀င္လာကာ ဗီလာေနာက္ခံလူ တိုင္ရြန္မင္းစ္က အဆင့္ ၂၁ ေနရာမွာ ပါ၀ငင္လာပါတယ္။