ဒီရာသီဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ သွင်းဂိုးစျေးဦးမပေါက်သေးတဲ့ နာမည်ကျော်တိုက်စစ်ကစားသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပထိပ်သီးကလပ်တွေမှာ ရုန်းကန်နေရတဲ့နာမည်ကျော်ကစားသမားတွေဟာ အခု နိုင်ငံတကာပွဲတွေကြောင့် ကလပ်အသင်းပွဲစဉ်တွေခဏရပ်နားထားချိန်မှာ ကိုယ့်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့ ပြန်လည်သုံးသပ်ခွင့်ရှိနေပြီး

ကလပ်ပွဲတွေပြန်စရင် ကိုယ့်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ဖို့ပြင်ဆင်ခွင့်ရနေတာဖြစ်ပါတယ်။

အခုဆိုရင် ဥရောပထိပ်သီးလိဂ်တွေမှာကစားနေကြတဲ့ နာမည်ကျော်ဘောလုံးသမားတချို့ဟာ အသင်းအတွက်အကောင်းဆုံးပုံစံမပြသနိုင်သေးဘဲ တချို့ဆိုရင် လိဂ်ပြိုင်ပွဲမှာ ဂိုးတောင်စျေးဦးမပေါက်ဘဲဖြစ်နေတာပါ။

အဲဒီထဲမှာ အဆိုးရွားဆုံးဖြစ်နေတာက စပါးအသင်းရဲ့အင်္ဂလန်နာမည်ကျော်တိုက်စစ်မှူးဟယ်ရီကိန်းပါပဲ။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးရွှေဖိနပ်ဆု၊ ဂိုးဖန်တီးမှုအများဆုံးဆုတွေသိမ်းကြုံးရယူခဲ့တဲ့ ဟယ်ရီကိန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်(၆)ပွဲကစားပြီးချိန်မှာ သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိဘဲ ၂၀၁၅-၁၆ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရာသီအစနဲ့ရင်ဆိုင်နေရပါပြီ။

ဒါပေမဲ့ ဟယ်ရီကိန်းဟာ ပြိုင်ပွဲစုံ(၁၀)ပွဲမှာ (၆)ဂိုး(Europa Conference League – ၅ ဂိုး၊ လိဂ်ဖလား -၁ဂိုး)သွင်းယူထားတာကြောင့် ပရီးမီးယားလိဂ်မှာပဲဂိုးရဖို့ရုန်းကန်နေရတဲ့အတွက် နိုင်ငံတကာပွဲတွေအပြီးပြန်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၈)မှာတော့ ဒီရာသီပထမဆုံးဂိုးသွင်းယူနိုင်ဖို့မျှော်လင့်ရမှာပါ။

ဟယ်ရီကိန်းလိုပဲ လိဂ်ပြိုင်ပွဲမှာ ကိုယ့်အသင်းအတွက်တစ်ဂိုးမှမသွင်းနိုင်သေးတဲ့ နောက်ထပ်နာမည်ကျော်ကစားသမားကတော့ PSG အသင်းတိုက်စစ်ကစားသမားမက်ဆီပဲဖြစ်ပါတယ်။

နွေရာသီတုန်းက ဘာစီလိုနာအသင်းနဲ့ရုတ်တရက်လမ်းခွဲပြီး PSG အသင်းဆီမထင်မှတ်ဘဲပြောင်းရွှေ့ခဲ့တဲ့မက်ဆီဟာ အခုလောလောဆယ် PSG အသင်းအတွက် ပြိုင်ပွဲစုံ(၅)ပွဲကစား၊ (၁)ဂိုးသွင်းယူခဲ့ပေမယ့် ပြင်သစ်လီဂူးမှာတော့ တစ်ဂိုးမှမသွင်းနိုင်သေးပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့တစ်ပတ်က ပြင်သစ်လီဂူးပွဲမှာလည်း ရန်းစ်အသင်းကို (၂-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါသေးတယ်။

တစ်ခုရှိတာက မက်ဆီဟာ ပြင်သစ်လီဂူးမှာ(၃)ပွဲသာကစားရသေးသလို နေမာ၊ ဘာပေတို့လိုကမ္ဘာ့အဆင့်တိုက်စစ်ကစားသမားတွေရှိနေတာကြောင့် သူ့ရဲ့ပထမဆုံးပြင်သစ်လီဂူးသွင်းဂိုးကို မကြာခင်သွင်းယူနိုင်ဖို့က မခက်ခဲပါဘူး။

ဒေ့ါမွန်အသင်းမှာ အံ့အားသင့်စရာကောင်းလောက်အောင်ခြေစွမ်းပြကစားခဲ့ပြီး ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင်(၇၃)သန်းနဲ့ရောက်ရှိခဲ့တဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့်ဆန်ချိုဟာလည်း ပရီးမီးယားလိဂ်မြေမှာခြေစွမ်းပြဖို့ရုန်းကန်နေရဆဲပါပဲ။

ဒေ့ါမွန်အသင်းအတွက် စုစုပေါင်းသွင်းဂိုး(၅၀)၊ ဂိုးဖန်တီးမှု(၆၇)ကြိမ်အထိပြုလုပ်ခဲ့တဲ့ ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာတော့ ပရီးမီးယားလိဂ်(၆)ပွဲကစားအပြီးမှာ သွင်းဂိုး(၀)၊ ဂိုးဖန်တီးမှု(၀)ဆိုတဲ့မှတ်တမ်းပိုင်ဆိုင်နေပြီး သူ့ကစားသမားဘဝအဆိုးရွားဆုံးအနေအထားနဲ့ရင်ဆိုင်နေရတာပါ။

ကြွေးမြီပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းကနေ အသင်းဟောင်းအက်သလက်တီကိုဆီ အငှားနဲ့ပြောင်းရွှေ့ခဲ့သူဂရစ်ဇ်မန်းဟာလည်း တစ်ချိန်တုန်းက ခြေစွမ်းမျိုးပြသဖို့ခက်ခဲနေဆဲဖြစ်ပြီး

လာလီဂါ(၅)ပွဲကစားပြီးချိန်မှာ သွင်းဂိုးစျေးဦးမပေါက်သေးပေမယ့် ပြိုင်ပွဲစုံမှာတော့ (၇)ပွဲကစား၊(၁)ဂိုးသွင်းယူထားပါတယ်။

ဒီကစားသမားတွေအနေနဲ့ အခုလောလောဆယ် ကိုယ့်အသင်းအတွက်ခြေစွမ်းပြဖို့ရုန်းကန်နေတယ်ဆိုပေမယ့် အရည်အသွေးမြင့်ကစားသမားတွေဖြစ်သလို တချို့ကလည်း

အသင်းသစ်မှာအသားကျဖို့အချိန်ယူရဦးမှာဖြစ်တာကြောင့် မကြာခင်ကာလမှာတော့ သူတို့ရဲ့ပုံစံကောင်းတွေ ပြန်လည်ပြသနိုင်မယ်လို့ မျှော်လင့်ရမှာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီရာသီဥေရာပထိပ္တန္းလိဂ္ၿပိဳင္ပြဲေတြမွာ သြင္းဂိုးေစ်းဦးမေပါက္ေသးတဲ့ နာမည္ေက်ာ္တိုက္စစ္ကစားသမားမ်ား

ဥေရာပထိပ္သီးကလပ္ေတြမွာ ႐ုန္းကန္ေနရတဲ့နာမည္ေက်ာ္ကစားသမားေတြဟာ အခု ႏိုင္ငံတကာပြဲေတြေၾကာင့္ ကလပ္အသင္းပြဲစဥ္ေတြခဏရပ္နားထားခ်ိန္မွာ ကိုယ့္ရဲ႕ေျခစြမ္းနဲ႔ပတ္သက္ၿပီးေတာ့ ျပန္လည္သုံးသပ္ခြင့္ရွိေနၿပီး ကလပ္ပြဲေတြျပန္စရင္ ကိုယ့္အသင္းအတြက္ ေျခစြမ္းျပကစားႏိုင္ဖို႔ျပင္ဆင္ခြင့္ရေနတာျဖစ္ပါတယ္။ အခုဆိုရင္ ဥေရာပထိပ္သီးလိဂ္ေတြမွာကစားေနၾကတဲ့ နာမည္ေက်ာ္ေဘာလုံးသမားတခ်ိဳ႕ဟာ အသင္းအတြက္အေကာင္းဆုံးပုံစံမျပသႏိုင္ေသးဘဲ တခ်ိဳ႕ဆိုရင္ လိဂ္ၿပိဳင္ပြဲမွာ ဂိုးေတာင္ေစ်းဦးမေပါက္ဘဲျဖစ္ေနတာပါ။

အဲဒီထဲမွာ အဆိုး႐ြားဆုံးျဖစ္ေနတာက စပါးအသင္းရဲ႕အဂၤလန္နာမည္ေက်ာ္တိုက္စစ္မႉးဟယ္ရီကိန္းပါပဲ။ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆု၊ ဂိုးဖန္တီးမႈအမ်ားဆုံးဆုေတြသိမ္းႀကဳံးရယူခဲ့တဲ့ ဟယ္ရီကိန္းဟာ ဒီရာသီ ပရီးမီးယားလိဂ္(၆)ပြဲကစားၿပီးခ်ိန္မွာ သြင္းဂိုးမရွိ၊ ဂိုးဖန္တီးမႈမရွိဘဲ ၂၀၁၅-၁၆ ရာသီေနာက္ပိုင္း အဆိုး႐ြားဆုံးရာသီအစနဲ႔ရင္ဆိုင္ေနရပါၿပီ။ ဒါေပမဲ့ ဟယ္ရီကိန္းဟာ ၿပိဳင္ပြဲစုံ(၁၀)ပြဲမွာ (၆)ဂိုး(Europa Conference League – ၅ ဂိုး၊ လိဂ္ဖလား -၁ဂိုး)သြင္းယူထားတာေၾကာင့္ ပရီးမီးယားလိဂ္မွာပဲဂိုးရဖို႔႐ုန္းကန္ေနရတဲ့အတြက္ ႏိုင္ငံတကာပြဲေတြအၿပီးျပန္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္(၈)မွာေတာ့ ဒီရာသီပထမဆုံးဂိုးသြင္းယူႏိုင္ဖို႔ေမွ်ာ္လင့္ရမွာပါ။ ဟယ္ရီကိန္းလိုပဲ လိဂ္ၿပိဳင္ပြဲမွာ ကိုယ့္အသင္းအတြက္တစ္ဂိုးမွမသြင္းႏိုင္ေသးတဲ့ ေနာက္ထပ္နာမည္ေက်ာ္ကစားသမားကေတာ့ PSG အသင္းတိုက္စစ္ကစားသမားမက္ဆီပဲျဖစ္ပါတယ္။

ေႏြရာသီတုန္းက ဘာစီလိုနာအသင္းနဲ႔႐ုတ္တရက္လမ္းခြဲၿပီး PSG အသင္းဆီမထင္မွတ္ဘဲေျပာင္းေ႐ႊ႕ခဲ့တဲ့မက္ဆီဟာ အခုေလာေလာဆယ္ PSG အသင္းအတြက္ ၿပိဳင္ပြဲစုံ(၅)ပြဲကစား၊ (၁)ဂိုးသြင္းယူခဲ့ေပမယ့္ ျပင္သစ္လီဂူးမွာေတာ့ တစ္ဂိုးမွမသြင္းႏိုင္ေသးပါဘူး။ ဒါ့အျပင္ ၿပီးခဲ့တဲ့တစ္ပတ္က ျပင္သစ္လီဂူးပြဲမွာလည္း ရန္းစ္အသင္းကို (၂-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါေသးတယ္။ တစ္ခုရွိတာက မက္ဆီဟာ ျပင္သစ္လီဂူးမွာ(၃)ပြဲသာကစားရေသးသလို ေနမာ၊ ဘာေပတို႔လိုကမာၻ႔အဆင့္တိုက္စစ္ကစားသမားေတြရွိေနတာေၾကာင့္ သူ႔ရဲ႕ပထမဆုံးျပင္သစ္လီဂူးသြင္းဂိုးကို မၾကာခင္သြင္းယူႏိုင္ဖို႔က မခက္ခဲပါဘူး။

ေဒ့ါမြန္အသင္းမွာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ေျခစြမ္းျပကစားခဲ့ၿပီး ဒီရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေပါင္(၇၃)သန္းနဲ႔ေရာက္ရွိခဲ့တဲ့ အဂၤလန္လူငယ္ၾကယ္ပြင့္ဆန္ခ်ိဳဟာလည္း ပရီးမီးယားလိဂ္ေျမမွာေျခစြမ္းျပဖို႔႐ုန္းကန္ေနရဆဲပါပဲ။ ေဒ့ါမြန္အသင္းအတြက္ စုစုေပါင္းသြင္းဂိုး(၅၀)၊ ဂိုးဖန္တီးမႈ(၆၇)ႀကိမ္အထိျပဳလုပ္ခဲ့တဲ့ ဆန္ခ်ိဳဟာ ယူႏိုက္တက္အသင္းမွာေတာ့ ပရီးမီးယားလိဂ္(၆)ပြဲကစားအၿပီးမွာ သြင္းဂိုး(၀)၊ ဂိုးဖန္တီးမႈ(၀)ဆိုတဲ့မွတ္တမ္းပိုင္ဆိုင္ေနၿပီး သူ႔ကစားသမားဘဝအဆိုး႐ြားဆုံးအေနအထားနဲ႔ရင္ဆိုင္ေနရတာပါ။

ေႂကြးၿမီျပႆနာေတြနဲ႔ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာအသင္းကေန အသင္းေဟာင္းအက္သလက္တီကိုဆီ အငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူဂရစ္ဇ္မန္းဟာလည္း တစ္ခ်ိန္တုန္းက ေျခစြမ္းမ်ိဳးျပသဖို႔ခက္ခဲေနဆဲျဖစ္ၿပီး လာလီဂါ(၅)ပြဲကစားၿပီးခ်ိန္မွာ သြင္းဂိုးေစ်းဦးမေပါက္ေသးေပမယ့္ ၿပိဳင္ပြဲစုံမွာေတာ့ (၇)ပြဲကစား၊(၁)ဂိုးသြင္းယူထားပါတယ္။ ဒီကစားသမားေတြအေနနဲ႔ အခုေလာေလာဆယ္ ကိုယ့္အသင္းအတြက္ေျခစြမ္းျပဖို႔႐ုန္းကန္ေနတယ္ဆိုေပမယ့္ အရည္အေသြးျမင့္ကစားသမားေတြျဖစ္သလို တခ်ိဳ႕ကလည္း အသင္းသစ္မွာအသားက်ဖို႔အခ်ိန္ယူရဦးမွာျဖစ္တာေၾကာင့္ မၾကာခင္ကာလမွာေတာ့ သူတို႔ရဲ႕ပုံစံေကာင္းေတြ ျပန္လည္ျပသႏိုင္မယ္လို႔ ေမွ်ာ္လင့္ရမွာလည္းျဖစ္ပါတယ္။