ဒီရာသီအသင်းရဲ့အဆိုးရွားဆုံးကစားသမားအဖြစ် ဂါရတ်ဘေးလ်ကို ရီးရဲလ်ပရိသတ်တွေမဲပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘာနေဗျူးက သူ့ရဲ့အနာဂါတ်အတွက် မသေချာမရေရာမှုတွေမြင့်တက်နေချိန်မှာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဂါရတ်ဘေးလ်ဟာ ဒီရာသီ အသင်းရဲ့အဆိုးရွားဆုံးကစားသမားအဖြစ် မဲပေးခြင်းခံလိုက်ရပါတယ်။ အသက် ၃၁ နှစ်အရွယ် အဲဒီဝေးလ်တောင်ပံကစားသမားနဲ့ လက်ရှိနည်းပြဇီဒန်းတို့ကြားက ဆက်ဆံရေးဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ပြိုကွဲနေခဲ့တာဖြစ်ပြီး အသင်းကနေ ထွက်ခွာနိုင်တယ်လို့ အဲဒီကတည်းက သူ့ကို ပြောထားတာပါ။

photo-credit

၂၀၁၃ မှာ ရီးရဲလ်ကိုစတင်ရောက်ရှိလာတဲ့ ဘေးလ်ဟာ ကြားထဲမှာ တရုတ်စူပါလိဂ်ကိုပြောင်းဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့် ပျက်ပြယ်သွားခဲ့ရပါတယ်။ မကြာသေးခင်ပွဲတွေမှာလည်း ဘေးလ်ဟာ ရီးရဲလ်အရန်ခုံတန်းမှာ ထိုင်ရင်းနဲ့ မျက်နှာကို အုပ်ပြီး အိပ်နေပုံတွေ၊ မှန်ဘီလူးပုံစံလုပ်ပြီး အဝေးကိုကြည့်နေပုံတွေလုပ်ကာ သူကစားခွင့်မရတာနဲ့ပတ်သက်လို့ ဂရုမစိုက်တဲ့ပုံတွေပြုလုပ်ခဲ့ပါတယ်။

photo-credit

ဒ့ါအပြင် ဘေးလ်ဟာ လာလီဂါချန်ပီယံဆုအတွက် အသင်းဖော်တွေရဲ့အောင်ပွဲခံမှုမှာလည်း စိတ်မဝင်စားတဲ့ပုံရှိခဲ့ပါတယ်။ သူဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ ပွဲ ၂၀ သာကစားခွင့်ရခဲ့ပြီး ၃ ဂိုးသွင်း၊ ၂ ဂိုးသာဖန်တီးနိုင်ခဲ့တာပါ။

photo-credit

နာမည်ကြီးစပိန်အားကစားသတင်းစာဖြစ်တဲ့မာကာက အခုရာသီ ရီးရဲလ်ကစားသမားတွေရဲ့စွမ်းဆောင်မှုအလိုက်မူတည်ပြီး အသင်းပရိသတ်တွေကို အဆင့်စီခိုင်းရာမှာ ဂါရတ်ဘေးလ်ဟာ ပထမကစားသမား ၂၅ ဦးစာရင်းမှာ မဲပေးမှုရဲ့အောက်ဆုံးကို ရောက်ရှိနေတာပါ။ ပရိသတ်တွေရဲ့မဲပေးမှုမှာ အသင်းခေါင်းဆောင်ရာမို့စ်က ထိပ်ဆုံးကရှိပြီး ဂါရတ်ဘေးလ်ပြီးဆိုရင် အဆိုးဆုံးက သူ့လိုပဲ ကစားခွင့်မရဖြစ်နေတဲ့ ကွင်းလယ်လူဂျိမ်းစ်ရိုဒရီဂွက်ဇ်ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

ဒီရာသီအသင္းရဲ႕အဆုိးရြားဆုံးကစားသမားအျဖစ္ ဂါရတ္ေဘးလ္ကို ရီးရဲလ္ပရိသတ္ေတြမဲေပး

ဘာေနဗ်ဴးက သူ႔ရဲ႕အနာဂါတ္အတြက္ မေသခ်ာမေရရာမႈေတြျမင့္တက္ေနခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ဂါရတ္ေဘးလ္ဟာ ဒီရာသီ အသင္းရဲ႕အဆိုးရြားဆုံးကစားသမားအျဖစ္ မဲေပးျခင္းခံလုိက္ရပါတယ္။ အသက္ ၃၁ ႏွစ္အရြယ္ အဲဒီေ၀းလ္ေတာင္ပံကစားသမားနဲ႔ လက္ရွိနည္းျပဇီဒန္းတို႔ၾကားက ဆက္ဆံေရးဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ၿပိဳကြဲေနခဲ့တာျဖစ္ၿပီး အသင္းကေန ထြက္ခြာႏိုင္တယ္လို႔ အဲဒီကတည္းက သူ႔ကို ေျပာထားတာပါ။

၂၀၁၃ မွာ ရီးရဲလ္ကိုစတင္ေရာက္္ရွိလာတဲ့ ေဘးလ္ဟာ ၾကားထဲမွာ တရုတ္စူပါလိဂ္ကိုေျပာင္းဖို႔ အနီးစပ္ဆုံးျဖစ္ခဲ့ေပမယ့္ ပ်က္ျပယ္သြားခဲ့ရပါတယ္။ မၾကာေသးခင္ပြဲေတြမွာလည္း ေဘးလ္ဟာ ရီးရဲလ္အရန္ခုံတန္းမွာ ထိုင္ရင္းနဲ႔ မ်က္ႏွာကို အုပ္ၿပီး အိပ္ေနပုံေတြ၊ မွန္ဘီလူးပုံစံလုပ္ၿပီး အေ၀းကိုၾကည့္ေနပုံေတြလုပ္ကာ သူကစားခြင့္မရတာနဲ႔ပတ္သက္လုိ႔ ဂရုမစိုက္တဲ့ပုံေတြျပဳလုပ္ခဲ့ပါတယ္။

ဒ့ါအျပင္ ေဘးလ္ဟာ လာလီဂါခ်န္ပီယံဆုအတြက္ အသင္းေဖာ္ေတြရဲ႕ေအာင္ပြဲခံမႈမွာလည္း စိတ္မ၀င္စားတဲ့ပုံရွိခဲ့ပါတယ္။ သူဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ ပြဲ ၂၀ သာကစားခြင့္ရခဲ့ၿပီး ၃ ဂိုးသြင္း၊ ၂ ဂိုးသာဖန္တီးႏိုင္ခဲ့တာပါ။

နာမည္ႀကီးစပိန္အားကစားသတင္းစာျဖစ္တဲ့မာကာက အခုရာသီ ရီးရဲလ္ကစားသမားေတြရဲ႕စြမ္းေဆာင္မႈအလိုက္မူတည္ၿပီး အသင္းပရိသတ္ေတြကို အဆင့္စီခိုင္းရာမွာ ဂါရတ္ေဘးလ္ဟာ ပထမကစားသမား ၂၅ ဦးစာရင္းမွာ မဲေပးမႈရဲ႕ေအာက္ဆုံးကို ေရာက္ရွိေနတာပါ။ ပရိသတ္ေတြရဲ႕မဲေပးမႈမွာ အသင္းေခါင္းေဆာင္ရာမို႔စ္က ထိပ္ဆုံးကရွိၿပီး ဂါရတ္ေဘးလ္ၿပီးဆိုရင္ အဆုိုးဆုံးက သူ႔လုိပဲ ကစားခြင့္မရျဖစ္ေနတဲ့ ကြင္းလယ္လူဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ျဖစ္ပါတယ္။