ဒီရာသီရတဲ့ဟက်ထရစ်ဘောလုံး ၅ လုံးကို အိပ်ယာထဲထည့်ပြီးအိပ်တဲ့ ကြယ်ပွင့်သစ်ဟာလန်း

photo-espn

photo-br football

ဒီရာသီမှာ အံ့သြစရာကောင်းလောက်အောင် သွင်းဂိုးတွေနဲ့ ဥရောပဘောလုံးစင်မြင့်ထက်ကို တိုးထွက်လာတဲ့ လူငယ်ကြယ်ပွင့်သစ်ကတော့ သြစတြီးယားကလပ်ဆဲလ်ဘတ်မှာ ကစားနေတဲ့ တိုက်စစ်မှုးလေးအာလင်းဟာလန်းပါပဲ။ ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ အဲဒီနော်ဝေသားလေးဟာ သွင်းဂိုး ၇ ဂိုးနဲ့ ဒီရာသီချန်ပီယံလိဂ်ရဲ့ဂိုးအများဆုံးသွင်းသူစာရင်းကို ဦးဆောင်နေတာပါ။ အဲဒီထဲမှာ ဂျန့်ခ်နဲ့ပွဲက ဟက်ထရစ်ဂိုးတွေလည်း ပါဝင်ပါတယ်။

photo-gettyimages

မကြာသေးခင်ရက်ပိုင်းကလည်း ဟာလန်းဟာ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ ဝုဖ်ဘာဂါနဲ့ပွဲမှာ ၃-၀ ဂိုးနဲ့အနိုင်ရတော့ ဆဲလ်ဘတ်ရတဲ့ ၃ ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် ဒီရာသီသူ့ရဲ့ ၅ ကြိမ်မြောက်ဟက်ထရစ်ဖြစ်လာပါတယ်။ ဒါကြောင့်လည်း အခုရာသီကလပ်အတွက် ပြိုင်ပွဲအရပ်ရပ် ၁၈ ပွဲတည်းနဲ့တင် သူ့ရဲ့သွင်းဂိုးအရေအတွက်ဟာ ၂၆ ဂိုးရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲ ၁၂ ပွဲမှာ ၁၅ ဂိုးသွင်းထားပြီး ချန်ပီယံလိဂ် ၄ ပွဲမှာ ၇ ဂိုးသွင်းထားတာပါ။ ဒါကြောင့်မို့လည်း ဟာလန်းဟာ ဥရောပထိပ်တန်းအသင်းကြီးတွေကြားမှာ ပျိုတိုင်းကြိုက်နှင်းဆီခိုင်လို ဖြစ်နေတာပါ။

photo-gettyimages

ဒီအချိန်မှာ ဟာလန်းကလည်း အခုရာသီသူရတဲ့ဟက်ထရစ်ဘောလုံး ၅ လုံးကို အိပ်ယာထဲထည့်ပြီး အိပ်တဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ဖွင့်ဟလိုက်ပါတယ်။ ”ကျွန်တော်ရတဲ့ဟက်ထရစ်ဘောလုံး ၅ လုံးကို အိပ်ယာထဲထားပြီး အိပ်ပါတယ်။ သူတို့နဲ့ဆို ကျွန်တော်ကောင်းကောင်းအိပ်ပျော်ပါတယ်။ သူတို့ဟာ ကျွန်တော့်ရဲ့ချစ်သူတွေပါ။ သူတို့အားလုံးကို ကျွန်တော်ချစ်ပါတယ်”လို့ ဟာလန်းက ဆိုခဲ့တာပါ။ ဒါဟာ ဘောလုံးအပေါ်မှာ သူဘယ်လောက်ရူးသွပ်တယ်ဆိုတာကို ဖော်ပြရာရောက်ပါတယ်။ အောင်မြင်ပါစေ ဟာလန်း။

[Zawgyi]

ဒီရာသီရတဲ့ဟက္ထရစ္ေဘာလုံး ၅ လုံးကို အိပ္ယာထဲထည့္ၿပီးအိပ္တဲ့ ၾကယ္ပြင့္သစ္ဟာလန္း

ဒီရာသီမွာ အံ့ၾသစရာေကာင္းေလာက္ေအာင္ သြင္းဂိုးေတြနဲ႔ ဥေရာပေဘာလုံးစင္ျမင့္ထက္ကို တုိးထြက္လာတဲ့ လူငယ္ၾကယ္ပြင့္သစ္ကေတာ့ ၾသစႀတီးယားကလပ္ဆဲလ္ဘတ္မွာ ကစားေနတဲ့ တိုက္စစ္မႈးေလးအာလင္းဟာလန္းပါပဲ။ ဆယ္ေက်ာ္သက္အရြယ္သာရွိေသးတဲ့ အဲဒီေနာ္ေ၀သားေလးဟာ သြင္းဂိုး ၇ ဂိုးနဲ႔ ဒီရာသီခ်န္ပီယံလိဂ္ရဲ႕ဂိုးအမ်ားဆုံးသြင္းသူစာရင္းကို ဦးေဆာင္ေနတာပါ။ အဲဒီထဲမွာ ဂ်န္႔ခ္နဲ႔ပြဲက ဟက္ထရစ္ဂိုးေတြလညး္ ပါ၀င္ပါတယ္။

မၾကာေသးခင္ရက္ပိုင္းကလည္း ဟာလန္းဟာ ျပည္တြင္းအမွတ္ေပးၿပိဳင္ပြဲျဖစ္တဲ့ ၀ုဖ္ဘာဂါနဲ႔ပြဲမွာ ၃-၀ ဂိုးနဲ႔အႏိုင္ရေတာ့ ဆဲလ္ဘတ္ရတဲ့ ၃ ဂိုးစလုံးကို သြင္းယူေပးႏိုင္ခဲ့တာေၾကာင့္ ဒီရာသီသူ႔ရဲ႕ ၅ ႀကိမ္ေျမာက္ဟက္ထရစ္ျဖစ္လာပါတယ္။ ဒါေၾကာင့္လည္း အခုရာသီကလပ္အတြက္ ၿပဳိင္ပြဲအရပ္ရပ္ ၁၈ ပြဲတည္းနဲ႔တင္ သူ႔ရဲ႕သြင္းဂိုးအေရအတြက္ဟာ ၂၆ ဂိုးရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။ ျပည္တြင္းအမွတ္ေပးၿပိဳင္ပြဲ ၁၂ ပြဲမွာ ၁၅ ဂိုးသြင္းထားၿပီး ခ်န္ပီယံလိဂ္ ၄ ပဲြမွာ ၇ ဂိုးသြင္းထားတာပါ။ ဒါေၾကာင့္မို႔လည္း ဟာလန္းဟာ ဥေရာပထိပ္တန္းအသင္းႀကီးေတြၾကားမွာ ပ်ိဳတိုင္းႀကိဳက္ႏွင္းဆီခိုင္လို ျဖစ္ေနတာပါ။

ဒီအခ်ိန္မွာ ဟာလန္းကလည္း အခုရာသီသူရတဲ့ဟက္ထရစ္ေဘာလုံး ၅ လုံးကို အိပ္ယာထဲထည့္ၿပီး အိပ္တဲ့အေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ဖြင့္ဟလိုက္ပါတယ္။ ”ကၽြန္ေတာ္ရတဲ့ဟက္ထရစ္ေဘာလုံး ၅ လုံးကို အိပ္ယာထဲထားၿပီး အိပ္ပါတယ္။ သူတို႔နဲ႔ဆုိ ကၽြန္ေတာ္ေကာင္းေကာင္းအိပ္ေပ်ာ္ပါတယ္။ သူတို႔ဟာ ကၽြန္ေတာ့္ရဲ႕ခ်စ္သူေတြပါ။ သူတို႔အားလုံးကို ကၽြန္ေတာ္ခ်စ္ပါတယ္”လုိ႔ ဟာလန္းက ဆိုခဲ့တာပါ။ ဒါဟာ ေဘာလုံးအေပၚမွာ သူဘယ္ေလာက္ရူးသြပ္တယ္ဆိုတာကို ေဖာ္ျပရာေရာက္ပါတယ္။ ေအာင္ျမင္ပါေစ ဟာလန္း။