
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဒါရင်းဘန့်က ချယ်လ်ဆီး အသင်းတိုက်စစ်မှုး လူကာကူ ဟာ အခုရာသီမှာ ယူနိုက်တက် အသင်းတိုက်စစ်ကစားသမား ရော်နယ်ဒိုထက် ဂိုးပိုသွင်းနိုင်မယ်လို့ ပြောလိုက်ပါတယ်။
ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲမှာ လူကာကူထက် (၅)ဂိုးအသာနဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဒါရင်းဘန့် ကတော့ လူကာကူ က ရော်နယ်ဒိုထက် အခုရာသီမှာ ဂိုးပိုများမယ်ဆိုတာကို ယုံကြည်နေတာဖြစ်ပါတယ်။
ဒါရင်းဘန့် က “ခင်ဗျားတို့အနေနဲ့ ချယ်လ်ဆီးရတဲ့ဂိုးတွေကို ကြည့်လိုက်မယ်ဆိုရင် တော်တော်များများက လူကာကူ ကပဲ သွင်းယူလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
ရော်နယ်ဒို ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော်တို့သိပါတယ်။
ဒါပေမယ့် ဂရင်းဝုဒ်ကလည်း အခြားသူတွေနဲ့တွဲပြီးဂိုးရပါလိမ့်မယ်။
ဘရူနို၊ရက်ရှ်ဖိုဒ့်နဲ့ ကာဗာနီတို့ကလည်း ဂိုးတွေသွင်းဦးမှာပါပဲ”
“ရော်နယ်ဒို အနေနဲ့ ပွဲတိုင်းကစားလို့ရချင်မှရမှာဖြစ်ပေမယ့် လူကာကူကတော့ ကြံ့ခိုင်မှုပြည့်ဝရင် ပွဲတိုင်းကစားလို့ရပါတယ်။
ချယ်လ်ဆီး အသင်းက လူကာကူ ကို အသုံးပြုဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကို ဝယ်ယူခဲ့တာပါ။
ချယ်လ်ဆီးအတွက်လူကာကူကတကယ်လိုအပ်နေတဲ့သူပါ။
ရော်နယ်ဒိုဂိုးတွေ သွင်းလာမယ်ဆိုပေမယ့်လူကာကူကဂိုးပိုသွင်းလိမ့်မယ်”လို့ပြောကြားသွားပါတယ်။
လူကာကူဟာချယ်လ်ဆီးအတွက်ဒုတိယမြောက်ကစားတဲ့အာဆင်နယ်နှင့်ပွဲစဉ်မှာဂိုးစတင်သွင်းယူနိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာယခုအပတ်နယူးကာဆယ်နှင့်ပွဲတွင်ယူနိုက်တက်အတွက်ပထမဆုံးပွဲကိုကစားလာဖို့ရှိပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဒီရာသီမှာ ရော်နယ်ဒိုထက် လူကာကူ ဂိုးပိုသွင်းနိုင်