ဒီရာသီမှာ မန်ယူ၊အေစီမီလန်နဲ့တီကိုတို့ထက်တောင် လိဂ်သွင်းဂိုးပိုများနေတဲ့လီဝန်ဒေါစကီး

photo-gettyimages

photo-EPA

ဘိုင်ယန်မြူးနစ်တိုက်စစ်မှုးလီဝန်ဒေါစကီးရဲ့ဒီရာသီဂိုးသွင်းအားကတော့ တကယ့်ကိုကြောက်စရာကောင်းလှပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ဒေါ့မန်နဲ့ပွဲက သွင်းဂိုး ၂ ဂိုးအပြင် ဒီရာသီပွဲတိုင်းမှာ သွင်းခဲ့တဲ့ဂိုးတွေကြောင့်လည်း အဲဒီပိုလန်သားဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးနံပါတ် ၉ ကစားသမားဆိုတာ မေးခွန်းထုတ်စရာမလိုအောင်ပါပဲ။ ဒေ့ါမန်နဲ့ပွဲက သွင်းဂိုးတွေကြောင့် ဒီရာသီ ပြိုင်ပွဲအရပ်ရပ်က သူ့ရဲ့သွင်းဂိုးအရေအတွက်ဟာ ၂၂ ဂိုးဖြစ်လာပါတယ်။ ရာသီ ၃ ပုံ ၁ ပုံလောက်နဲ့တင် အဲဒီလောက်သွင်းထားတာပါ။

photo-gettyimages

၃၁ နှစ်အရွယ် လီဝန်ဒေါစကီးဟာ ဒီရာသီဘွန်ဒက်စ်လီဂါအဖွင့် ၁၁ ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့ကာ စုစုပေါင်း ၁၆ ဂိုးရခဲ့တာပါ။ လွန်ခဲ့တဲ့ ၅၁ နှစ်က ဂျာမနီဂန္ထဝင်ဂတ်မူလာရဲ့အဖွင့် ၁၁ ပွဲက ၁၅ ဂိုးစံချိန်ကို ချိုးနိုင်ခဲ့တာပါ။ တကယ်တော့ သူဟာ ဒီရာသီဘွန်ဒက်စ်လီဂါနဲ့ ချန်ပီယံလိဂ်ပွဲတိုင်းမှာ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုပြီး အံ့သြစရာကောင်းတာက သူ့ရဲ့လိဂ်သွင်းဂိုးအရေအတွက်ဟာ ဒီရာသီဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲက အသင်းကြီးအချို့ထက်တောင် ပိုများနေတာပါပဲ။

photo-gettyimages

မန်ယူ၊အက်သလက်တီကို၊အေစီမီလန်နဲ့မာဆေးတို့ဟာ ဒီရာသီမှာ လိဂ်သွင်းဂိုးအရေအတွက်မှာ လီဝန်ဒေါစကီးထက်တောင် နည်းနေကြတာပါ။ လီဝန်ဒေါစကီးက ဘွန်ဒက်စ်လီဂါ ၁၆ ဂိုးသွင်းထားချိန် မန်ယူကတော့ ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးသာရပါသေးတယ်။ အက်သလက်တီကိုကလည်း လာလီဂါမှာ ၁၂ ဂိုးသာရထားသေးတာပါ။ အေစီမီလန်ကတော့ အံ့သြစရာမရှိလောက်အောင် စီးရီးအေမှာ ၁၁ ဂိုးသာသွင်းထားသေးတယ်။ ဒီလိုပဲ မာဆေးကလည်း ပြင်သစ်လီဂူးမှာ ၁၄ ဂိုးသာရှိထားတာပါ။

[Zawgyi]

ဒီရာသီမွာ မန္ယူ၊ေအစီမီလန္နဲ႔တီကိုတို႔ထက္ေတာင္ လိဂ္သြင္းဂိုးပိုမ်ားေနတဲ့လီ၀န္ေဒါစကီး

ဘိုင္ယန္ျမဴးနစ္တုိက္စစ္မႈးလီ၀န္ေဒါစကီးရဲ႕ဒီရာသီဂိုးသြင္းအားကေတာ့ တကယ့္ကိုေၾကာက္စရာေကာင္းလွပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ေဒါ့မန္နဲ႔ပြဲက သြင္းဂိုး ၂ ဂိုးအျပင္ ဒီရာသီပြဲတိုင္းမွာ သြငး္ခဲ့တဲ့ဂိုးေတြေၾကာင့္လည္း အဲဒီပုိလန္သားဟာ လက္ရွိကမာၻ႔အေကာင္းဆုံးနံပါတ္ ၉ ကစားသမားဆုိတာ ေမးခြန္းထုတ္စရာမလိုေအာင္ပါပဲ။ ေဒ့ါမန္နဲ႔ပြဲက သြင္းဂိုးေတြေၾကာင့္ ဒီရာသီ ၿပိဳ္င္ပြဲအရပ္ရပ္က သူ႔ရဲ႕သြင္းဂိုးအေရအတြက္ဟာ ၂၂ ဂိုးျဖစ္လာပါတယ္။ ရာသီ ၃ ပုံ ၁ ပုံေလာက္နဲ႔တင္ အဲဒီေလာက္သြင္းထားတာပါ။

၃၁ ႏွစ္အရြယ္ လီ၀န္ေဒါစကီးဟာ ဒီရာသီဘြန္ဒက္စ္လီဂါအဖြင့္ ၁၁ ပြဲစလုံးမွာ ဂိုးသြင္းႏိုင္ခဲ့ကာ စုစုေပါင္း ၁၆ ဂိုးရခဲ့တာပါ။ လြန္ခဲ့တဲ့ ၅၁ ႏွစ္က ဂ်ာမနီဂႏၳ၀င္ဂတ္မူလာရဲ႕အဖြင့္ ၁၁ ပြဲက ၁၅ ဂိုးစံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့တာပါ။ တကယ္ေတာ့ သူဟာ ဒီရာသီဘြန္ဒက္စ္လီဂါနဲ႔ ခ်န္ပီယံလိဂ္ပြဲတိုင္းမွာ ဂိုးသြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ပိုၿပီး အံ့ၾသစရာေကာင္းတာက သူ႔ရဲ႕လိဂ္သြင္းဂိုးအေရအတြက္ဟာ ဒီရာသီဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲက အသင္းႀကီးအခ်ိဳ႕ထက္ေတာင္ ပိုမ်ားေနတာပါပဲ။

မန္ယူ၊အက္သလက္တီကုိ၊ေအစီမီလန္နဲ႔မာေဆးတို႔ဟာ ဒီရာသီမွာ လိဂ္သြင္းဂိုးအေရအတြက္မွာ လီ၀န္ေဒါစကီးထက္ေတာင္ နည္းေနၾကတာပါ။ လီ၀န္ေဒါစကီးက ဘြန္ဒက္စ္လီဂါ ၁၆ ဂိုးသြင္းထားခ်ိန္ မန္ယူကေတာ့ ပရီးမီးယားလိဂ္မွာ ၁၃ ဂိုးသာရပါေသးတယ္။ အက္သလက္တီကိုကလည္း လာလီဂါမွာ ၁၂ ဂိုးသာရထားေသးတာပါ။ ေအစီမီလန္ကေတာ့ အ့ံၾသစရာမရွိေလာက္ေအာင္ စီးရီးေအမွာ ၁၁ ဂိုးသာသြင္းထားေသးတယ္။ ဒီလုိပဲ မာေဆးကလည္း ျပင္သစ္လီဂူးမွာ ၁၄ ဂိုးသာရွိထားတာပါ။