M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒီရာသီ မန်ယူအသင်းရဲ့ အဓိကကစားသမားအဖြစ် ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်နဲ့ မက်ဂွိုင်းယားတို့ကိုပဲ ပရိသတ်အများစုက မြင်ကြမှာဖြစ်ပေမယ့်
နောက်တန်းဘယ်နောက်ခံလူနေရာကို အပိုင်သိမ်းထားတဲ့ လုခ်ရှောကို မေ့နေကြပါတယ်။
လုခ်ရှောအနေနဲ့ ဘယ်လောက်တောင် ခြေစွမ်းပြပြီး ပုံမှန်နေရာကို သိမ်းပိုင်ထားသလဲဆိုရင် ပေါ်တိုကနေ ပြောင်းလာတဲ့ တယ်လက်စ်က
အသင်းပြန်ပြောင်းတော့မယ့် သတင်းတွေထွက်နေသလို ငယ်မွေခြံပေါက် ဘရက်ဒလေဝီလီယံလည်း ငုတ်တုတ်မေ့နေတာပါ။
လုခ်ရှောတစ်ယောက် အခုလို အသင်းမှာ နေရာပြန်ရပြီး ခြေစွမ်းပြနေနိုင်တာက သူနဲ့ နည်းပြဆိုးလ်ရှားတို့အကြားမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်ပြီး ဖေးကူခဲ့ကြတာကြောင့်လည်းဖြစ်ပါတယ်။
လုခ်ရှောက သူ့ကိုတိုးတက်လာအောင ်ကူညီပေးခဲ့တဲ့ နည်းပြဆိုးရှားကို ချီးကျူးစကားဆိုခဲ့ပြီး သူ့ရဲ့ကစားသမားဘဝ အထောက်အပံ့ဖြစ်စေတဲ့ အပြောင်းအလဲအကြောင်းပြောခဲ့ပါတယ်။
လုခ်ရှောက’ကျွန်တော့်ရဲ့ အနေအထား ပြောင်းလဲသွားစေခဲ့တဲ့ အကြောင်းအရာတွေအများကြီးပါပဲ။ နည်းပြကဒါတွေထဲကတစ်ခုပါ။ သူကကျွန်တော့်ဘေးနားမှာ ထိုင်နေရုံတင်မကပါဘူး။ ကျွန်တော့်ကိုယ် ကျွန်တော်
ပိုယုံကြည်ခဲ့ပါတယ်။ အရေးကြီးဆုံးကတော့ ကျွန်တော်ဘောလုံးကစားရတာက ိုပိုပျော်လာတာပါပဲ။
အသင်းက လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး ကျွန်တော်ကလဲ အသင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လိုတဲ့အတွက် ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ခဲ့ပါတယ်။ အသင်းမှာနေရာတစ်နေရာအတွက ်အပြိုင်အဆိုင်ကြိုးစားရပါတယ်။ ကျွန်တော့်အနေနဲ့ ကောင်းသထက်ကောင်းအောင ်ကြိုးစားပြီးအသင်းအတွက ်ဆုဖလားတွေယူဆောင်လာပေးချင်ပါတယ်’လို့ပြောခဲ့ပါတယ်။
လုခ်ရှောဟာ အရင်နည်းပြမော်ရင်ဟို လက်ထက်မှာ အပယ်ခံဖြစ်ခဲ့တဲ့အပြင် ဖလားဗိုလ်လုပွဲတွေနဲ့ ကံမစပ်တဲ့သူတစ်ဦးလို့ ဆိုနိုင်ပါတယ်။ ၂၀၁၅ခုနှစ်တုန်းက ပီအက်ဗွီနဲ့ပွဲမှာ ခြေထောက်ကျိုးခဲ့ပြီး ကာလအတော်ကြာအနားယူခဲ့သလို ၂၀၁၆ အက်ဖ်အေဖလားဗိုလ်လုပွဲ တုန်းကလည်း မပါနိုင်ခဲ့ပါဘူး။
၂၀၁၇ လိဂ်ဖလားဗိုလ်လုပွဲမှာတုန်းက မော်ရင်ဟိုက မသုံးခဲပသလို ၂၀၁၇ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အသင်းဖော်တွေ ဖလားမြှောက်နေတဲ့အချိန်မှာလည်း ဂျိုင်းထောင့်နဲ့ ကြည့်နေခဲ့ရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဒီရာသီမှာ မန်ယူအတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ အမေ့ခံ ဘယ်နောက်ခံလူ လုခ်ရှော