ဒီရာသီမှာ ဗန်ဒစ်ဂျ်နဲ့မက်ဂွိုင်းယားတို့ထက် ပေးဂိုးမရှိပွဲပိုများတဲ့ အာဆင်နယ်ရဲ့မူစတာဖီ

photo-sportbible

photo-gettyimages

လီဗာပူးဗဟိုနောက်ခံလူဗန်ဒစ်ဂျ်ဆိုတာ ယူအီးအက်ဖ်အေတစ်နှစ်အကောင်းဆုံးဆုရှင်ဖြစ်ပြီး လက်ရှိမှာလည်း ကမ္ဘာ့အကောင်းဆုံးဆုဖြစ်တဲ့ Ballon’Or ဆုအတွက် နောက်ဆုံးဆန်ခါတင် ၃ ဦးထဲပါနေကာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဗဟိုနောက်ခံလူလည်း ဖြစ်ပါတယ်။ မက်ဂွိုင်းယားဆိုတာကလည်း လက်စတာကနေ မန်ယူကိုရောက်လာပြီးနောက် ကမ္ဘာ့တန်ကြေးအကြီးဆုံးနောက်ခံလူဖြစ်လာခဲ့တာပါ။ ဒီလိုကစားသမားတွေထက် အာဆင်နယ်မှာ နေရာမရဖြစ်နေတဲ့ ဗဟိုနောက်ခံလူမူစတာဖီက အခုရာသီမှာ ပေးဂိုးမရှိပွဲပိုများနေတယ်ဆိုတာကတော့ အံ့သြစရာပါပဲ။

photo-gettyimages

တကယ်လည်း အဲဒီဂျာမန်သားနောက်ခံလူဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ အာဆင်နယ်အတွက် ၃ ပွဲ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပြီး အဲဒီ ၃ ပွဲစလုံးဂိုးမပေးခဲ့ရတာပါ။ အင်္ဂလန်လိဂ်ဖလားမှာ သူပါဝင်တဲ့အာဆင်နယ်ဟာ နော်တင်ဟမ်ကို တိတ်ဆိတ်စေနိုင်ခဲ့ပြီး ယူရိုပါလိဂ်မှာလည်း သူပါဝင်တဲ့အာဆင်နယ်ဟာ ဖရန့်ဖတ်တိုက်စစ်ကို တားဆီးနိုင်ခဲ့ပါတယ်။ ဒီလိုပဲ နောက်ဆုံးကစားခဲ့တဲ့ စတန်းဒတ်လီဂီနဲ့ယူရိုပါလိဂ်ပွဲစဉ်မှာလည်း သူပါဝင်တဲ့အာဆင်နယ်ဟာ ပေးဂိုးမရှိကစားနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ လီဗာပူးရဲ့ဗန်ဒစ်ဂျ်နဲ့ မန်ယူရဲ့မက်ဂွိုင်းယားတို့ကတော့ အခုရာသီပြိုင်ပွဲအရပ်ရပ်မှာ ၂ ပွဲသာ ပေးဂိုးမရှိကစားနိုင်ပါသေးတယ်။

photo-gettyimages

မူစတာဖီဟာ အာဆင်နယ်အတွက် ပေးဂိုးမရှိ  ၃ ပွဲကစားပေးထားပေမယ့် အခုရာသီပရီးမီးယားလိဂ်မှာတော့ တစ်ပွဲမှာ ပါဝင်ရခြင်း မရှိသေးပါဘူး။ မကြာခဏဆိုသလိုပဲ သူဟာ ပရိသတ်တွေရဲ့ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရကာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာကတည်းက နည်းပြအမ်မရီက အသင်းကနေ ထွက်နိုင်တယ်လို့ ပြောခံထားရသူဖြစ်ပါတယ်။ လက်ရှိအာဆင်နယ်ဗဟိုခံစစ်မှာ ဆိုကရာတစ်နဲ့ဒေးဗစ်လုဇ်တို့ကသာ အမ်မရီရဲ့ဦးစားပေးတွေပါ။ ဒါပေမဲ့ မူစတာဖီရဲ့လက်ရှိစွမ်းဆောင်ရည်က တနင်္ဂနွေနေ့ကစားမယ့် ဘုန်းမောက်နဲ့ပွဲမတိုင်ခင်မှာ အမ်မရီအတွက် တွေးစရာလေးတော့ ဖြစ်သွားမှာပါ။

[Zawgyi]

ဒီရာသီမွာ ဗန္ဒစ္ဂ်္နဲ႔မက္ဂြိဳင္းယားတုိ႔ထက္ ေပးဂိုးမရွိပြဲပိုမ်ားတဲ့ အာဆင္နယ္ရဲ႕မူစတာဖီ

လီဗာပူးဗဟုိေနာက္ခံလူဗန္ဒစ္ဂ်္ဆိုတာ ယူအီးအက္ဖ္ေအတစ္ႏွစ္အေကာင္းဆုံးဆုရွင္ျဖစ္ၿပီး လက္ရွိမွာလည္း ကမာၻ႔အေကာင္းဆုံးဆုျဖစ္တဲ့ Ballon’Or ဆုအတြက္ ေနာက္ဆုံးဆန္ခါတင္ ၃ ဦးထဲပါေနကာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးဗဟိုေနာက္ခံလူလည္း ျဖစ္ပါတယ္။ မက္ဂြိဳင္းယားဆုိတာကလည္း လက္စတာကေန မန္ယူကိုေရာက္လာၿပီးေနာက္ ကမာၻ႔တန္ေၾကးအႀကီးဆုံးေနာက္ခံလူျဖစ္လာခဲ့တာပါ။ ဒီလိုကစားသမားေတြထက္ အာဆင္နယ္မွာ ေနရာမရျဖစ္ေနတဲ့ ဗဟိုေနာက္ခံလူမူစတာဖီက အခုရာသီမွာ ေပးဂိုးမရွိပဲြပိုမ်ားေနတယ္ဆုိတာကေတာ့ အံ့ၾသစရာပါပဲ။

တကယ္လည္း အဲဒီဂ်ာမန္သားေနာက္ခံလူဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ အာဆင္နယ္အတြက္ ၃ ပြဲ ပြဲထြက္ပါ၀င္ခြင့္ရခဲ့ၿပီး အဲဒီ ၃ ပြဲစလုံးဂိုးမေပးခဲ့ရတာပါ။ အဂၤလန္လိဂ္ဖလားမွာ သူပါ၀င္တဲ့အာဆင္နယ္ဟာ ေနာ္တင္ဟမ္ကို တိတ္ဆိတ္ေစႏိုင္ခဲ့ၿပီး ယူရိုပါလိဂ္မွာလည္း သူပါ၀င္တဲ့အာဆင္နယ္ဟာ ဖရန္႔ဖတ္တိုက္စစ္ကို တားဆီးႏိုင္ခဲ့ပါတယ္။ ဒီလုိပဲ ေနာက္ဆုံးကစားခဲ့တဲ့ စတန္းဒတ္လီဂီနဲ႔ယူရိုပါလိဂ္ပြဲစဥ္မွာလည္း သူပါ၀င္တဲ့အာဆင္နယ္ဟာ ေပးဂိုးမရွိကစားႏိုင္ခဲ့ပါတယ္။ ဒီအခ်ိန္မွာ လီဗာပူးရဲ႕ဗန္ဒစ္ဂ်္နဲ႔ မန္ယူရဲ႕မက္ဂြိဳင္းယားတို႔ကေတာ့ အခုရာသီၿပိဳင္ပြဲအရပ္ရပ္မွာ ၂ ပြဲသာ ေပးဂိုးမရွိကစားႏိုင္ပါေသးတယ္။

မူစတာဖီဟာ အာဆင္နယ္အတြက္ ေပးဂိုးမရွိ  ၃ ပြဲကစားေပးထားေပမယ့္ အခုရာသီပရီးမီးယားလိဂ္မွာေတာ့ တစ္ပြဲမွာ ပါ၀င္ရျခင္း မရွိေသးပါဘူး။ မၾကာခဏဆိုသလိုပဲ သူဟာ ပရိသတ္ေတြရဲ႕ေ၀ဖန္မႈနဲ႔ ရင္ဆိုင္ခဲ့ရကာ ၿပီးခဲ့တ့ဲေႏြရာသီအေျပာင္းအေရႊ႕မွာကတည္းက နည္းျပအမ္မရီက အသင္းကေန ထြက္ႏို္င္တယ္လို႔ ေျပာခံထားရသူျဖစ္ပါတယ္။ လက္ရွိအာဆင္နယ္ဗဟိုခံစစ္မွာ ဆုိကရာတစ္နဲ႔ေဒးဗစ္လုဇ္တို႔ကသာ အမ္မရီရဲ႕ဦးစားေပးေတြပါ။ ဒါေပမ့ဲ မူစတာဖီရဲ႕လက္ရွိစြမ္းေဆာင္ရည္က တနဂၤေႏြေန႔ကစားမယ့္ ဘုန္းေမာက္နဲ႔ပြဲမတုိင္ခင္မွာ အမ္မရီအတြက္ ေတြးစရာေလးေတာ့ ျဖစ္သြားမွာပါ။