ဒီရာသီမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့အတွက် စိတ်ပျက်မိတယ်လို့ ဗာနာဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းတိုက်စစ်ကစားသမားဗာနာက ဒီရာသီမှာအသင်းအတွက်ပုံမှန်ကစားခွင့်မရတာကြောင့် စိတ်ပျက်မိတယ်လို့ဝန်ခံခဲ့ပေမယ့် အသင်းကနေထွက်ခွာဖို့ဆန္ဒမရှိဘူးလို့ဆိုခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျာမနီလက်ရွေးစင်ကစားသမားဗာနာဟာ ဒီရာသီပရီးမီးယားလိဂ်(၇)ပွဲကစားပြီးချိန်မှာ အသင်းအတွက် (၃)ပွဲသာကစားခွင့်ရခဲ့ပြီး ဆောက်သမ်တန်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒီရာသီသူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးကစားသမားဘဝတစ်လျှောက် ပွဲပေါင်း(၆၀)ကစားပြီးချိန်မှာ (၁၄)ဂိုးသာသွင်းယူနိုင်ခဲ့လို့ ဗာနာရဲ့စွမ်းဆောင်ရည်အပေါ်ဝေဖန်မှုတွေထွက်ပေါ်နေပေမယ့် ဗာနာအတွက် ကံမကောင်းတာက သူသွင်းယူခဲ့တဲ့(၁၆)ဂိုးက VAR ရဲ့ဆုံးဖြတ်ချက်ကြောင့် ငြင်းဆန်ခံခဲ့ရတာပဲဖြစ်ပါတယ်။

ချယ်လ်ဆီးနည်းပြတူချယ်လ်ဟာ အခုလောလောဆယ် အသင်းတိုက်စစ်မှာ လူကာကူနဲ့ဟာဗတ်ဇ်ကိုသာ အဓိကဦးစားပေးအဖြစ်အသုံးပြုနေတာကြောင့် ဗာနာအတွက် ပွဲထွက်ခွင့်မရဖြစ်နေပြီး

ဗာနာကတော့ လာမယ့်ခရစ္စမတ်ကာလအထိ သူ့အခြေအနေက အခုအတိုင်းဆက်သွားနေမယ်ဆိုရင်တောင် အသင်းနဲ့လမ်းခွဲမှာမဟုတ်သေးဘူးလို့ဆိုခဲ့ပါတယ်။

ဗာနာက “ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကတော့ ကျွန်တော့်ရဲ့ချယ်လ်ဆီးကစားသမားဘဝမှာ အခက်ခဲဆုံးအချိန်တွေလို့ပဲပြောရမှာပါ။

နှစ်တော်တော်ကြာပြီးတဲ့နောက် ကျွန်တော်က ဦးစားပေးကစားသမားတစ်ယောက်မဟုတ်တော့ဘဲ ပွဲထွက်ခွင့်ရအောင် ပြန်ကြိုးစားရမယ့်အနေအထားနဲ့ရင်ဆိုင်နေရပါပြီ။

ဘောလုံးသမားဘဝဆိုတာက အနိမ့်အမြင့်အတက်အကျတွေနဲ့ရင်ဆိုင်ရစမြဲဖြစ်ပြီး အမြဲတမ်းထိပ်ဆုံးမှာရှိနေဖို့ဆိုတာ မလွယ်ပါဘူး။

ဒါပေမဲ့ အဲဒါကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့တော့လိုပါတယ်။

ပွဲကစားခွင့်မရရင် ကျွန်တော် စိတ်ပျက်မိပြီး အသင်းကြီးတစ်သင်းမှာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်ရဖို့ဆိုတာက ကျွန်တော့်ဆန္ဒပါပဲ။

ဒါပေမဲ့ လာမယ့်ခရစ္စမတ်ကာလမတိုင်ခင် အသင်းအတွက် (၁၀)ပွဲ၊ (၁၅)ပွဲလောက်မှပွဲထွက်ခွင့်မရရင် ချယ်လ်ဆီးနဲ့လမ်းခွဲမယ်ဆိုပြီးတော့ ကျွန်တော်တောင်းဆိုသွားမှာမဟုတ်ပါဘူး။ ဘောလုံးလောကမှာ အရာအားလုံးက လျင်လျင်မြန်မြန်ပဲပြောင်းလဲနေတာမျိုးဖြစ်ပါတယ်”လို့ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီရာသီမွာ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနတဲ့အတြက္ စိတ္ပ်က္မိတယ္လို႔ ဗာနာဝန္ခံ

ခ်ယ္လ္ဆီးအသင္းတိုက္စစ္ကစားသမားဗာနာက ဒီရာသီမွာအသင္းအတြက္ပုံမွန္ကစားခြင့္မရတာေၾကာင့္ စိတ္ပ်က္မိတယ္လို႔ဝန္ခံခဲ့ေပမယ့္ အသင္းကေနထြက္ခြာဖို႔ဆႏၵမရွိဘူးလို႔ဆိုခဲ့ပါတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂ်ာမနီလက္ေ႐ြးစင္ကစားသမားဗာနာဟာ ဒီရာသီပရီးမီးယားလိဂ္(၇)ပြဲကစားၿပီးခ်ိန္မွာ အသင္းအတြက္ (၃)ပြဲသာကစားခြင့္ရခဲ့ၿပီး ေဆာက္သမ္တန္အသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဒီရာသီသူ႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးကစားသမားဘဝတစ္ေလွ်ာက္ ပြဲေပါင္း(၆၀)ကစားၿပီးခ်ိန္မွာ (၁၄)ဂိုးသာသြင္းယူႏိုင္ခဲ့လို႔ ဗာနာရဲ႕စြမ္းေဆာင္ရည္အေပၚေဝဖန္မႈေတြထြက္ေပၚေနေပမယ့္ ဗာနာအတြက္ ကံမေကာင္းတာက သူသြင္းယူခဲ့တဲ့(၁၆)ဂိုးက VAR ရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ ျငင္းဆန္ခံခဲ့ရတာပဲျဖစ္ပါတယ္။ ခ်ယ္လ္ဆီးနည္းျပတူခ်ယ္လ္ဟာ အခုေလာေလာဆယ္ အသင္းတိုက္စစ္မွာ လူကာကူနဲ႔ဟာဗတ္ဇ္ကိုသာ အဓိကဦးစားေပးအျဖစ္အသုံးျပဳေနတာေၾကာင့္ ဗာနာအတြက္ ပြဲထြက္ခြင့္မရျဖစ္ေနၿပီး ဗာနာကေတာ့ လာမယ့္ခရစၥမတ္ကာလအထိ သူ႔အေျခအေနက အခုအတိုင္းဆက္သြားေနမယ္ဆိုရင္ေတာင္ အသင္းနဲ႔လမ္းခြဲမွာမဟုတ္ေသးဘူးလို႔ဆိုခဲ့ပါတယ္။

ဗာနာက “ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြကေတာ့ ကြၽန္ေတာ့္ရဲ႕ခ်ယ္လ္ဆီးကစားသမားဘဝမွာ အခက္ခဲဆုံးအခ်ိန္ေတြလို႔ပဲေျပာရမွာပါ။ ႏွစ္ေတာ္ေတာ္ၾကာၿပီးတဲ့ေနာက္ ကြၽန္ေတာ္က ဦးစားေပးကစားသမားတစ္ေယာက္မဟုတ္ေတာ့ဘဲ ပြဲထြက္ခြင့္ရေအာင္ ျပန္ႀကိဳးစားရမယ့္အေနအထားနဲ႔ရင္ဆိုင္ေနရပါၿပီ။ ေဘာလုံးသမားဘဝဆိုတာက အနိမ့္အျမင့္အတက္အက်ေတြနဲ႔ရင္ဆိုင္ရစၿမဲျဖစ္ၿပီး အၿမဲတမ္းထိပ္ဆုံးမွာရွိေနဖို႔ဆိုတာ မလြယ္ပါဘူး။

ဒါေပမဲ့ အဲဒါကို အေကာင္းဆုံးရင္ဆိုင္ႏိုင္ဖို႔ေတာ့လိုပါတယ္။ ပြဲကစားခြင့္မရရင္ ကြၽန္ေတာ္ စိတ္ပ်က္မိၿပီး အသင္းႀကီးတစ္သင္းမွာ ပြဲထြက္ကစားသမားအျဖစ္ပါဝင္ခြင့္ရဖို႔ဆိုတာက ကြၽန္ေတာ့္ဆႏၵပါပဲ။ ဒါေပမဲ့ လာမယ့္ခရစၥမတ္ကာလမတိုင္ခင္ အသင္းအတြက္ (၁၀)ပြဲ၊ (၁၅)ပြဲေလာက္မွပြဲထြက္ခြင့္မရရင္ ခ်ယ္လ္ဆီးနဲ႔လမ္းခြဲမယ္ဆိုၿပီးေတာ့ ကြၽန္ေတာ္ေတာင္းဆိုသြားမွာမဟုတ္ပါဘူး။ ေဘာလုံးေလာကမွာ အရာအားလုံးက လ်င္လ်င္ျမန္ျမန္ပဲေျပာင္းလဲေနတာမ်ိဳးျဖစ္ပါတယ္”လို႔ဆိုခဲ့ပါတယ္။