
အာဆင်နယ်အသင်းကနေ ထွက်သွားတဲ့ ကွင်းလယ်လူ ဂရာနစ်ရှာကာဟာ
ဒီရာသီမှာ လက်ရှိကွင်းလယ်လူ ဒီကလန်ရိုက်ထက် ပိုကောင်းနေတယ်လို့ စစ်တမ်းတစ်ရပ်က ဖော်ပြပါတယ်။
၀က်စ်ဟမ်းကနေပြီး အာဆင်နယ်ကို ပေါင် ၁၀၅ သန်းနဲ့ ရောက်လာတဲ့ ဒီကလန်ရိုက်စ်ဟာ
ဂန်းနားတွေနဲ့အတူ အဓိက ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ်နဲ့ ခြေစွမ်းပြနိုင်ပေမဲ့ လည်း
အစားထိုးခံလိုက်ရတဲ့ ရှာကာကတော့ လေဗာကူဆင်အသင်းမှာ မတူညီတဲ့ ပုံစံမျိုးစုံနဲ့ ခြေစွမ်းပြနေတာကို
နည်းစနစ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေပြီး စစ်တမ်းတစ်ရပ်က စာရင်းအချက်အလက် ကောက်ယူ ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ရှာကာရဲ့နေရာမှာ ရိုက်စ်ကို အစားထိုး ခေါ်ယူခဲ့တာဖြစ်ပြီး
အသင်းကွင်းလယ်ပိုင်းရဲ့ လုပ်အားနှုန်းကို မြှင့်တင် နိုင်ဖို့ ကြိုးစားတာဖြစ်ပေမဲ့
လေဗာကူဆင်ကို ရောက်သွားတဲ့ ရှာကာက လုပ်အားနှုန်း ပိုကောင်းနေတာပါ။
ရှာကာဟာ ဒီရာသီ လေဗာကူဆင်ရဲ့ ဘွန်ဒက်စ်လီဂါ ၁၁ ပွဲစလုံးကို ၀င်ကစားပေးထားသူဖြစ်ပြီး
နည်းပြ ဇာဗီ အလွန်ဆိုရဲ့အသင်းဟာ လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာကို ရောက်နေပါတယ်။
ဒီနေရာမှာ ရှာကာဟာ ဒီကလန်ရိုက်စ် ထက် ပွဲကစားချိန်မိနစ် နည်းပါးနေပေမဲ့လည်း
ဆွစ်ဇာလန် လက်ရွေးစင် ကတော့ တစ်ပွဲချင်းအလိုက် ပျမ်းမျှ မိနစ်မှာတော့ ရိုက်စ်ထက် ပိုများနေ ပါတယ်။
ရှာကာဟာ ဒီရာသီမှာ ပျမ်းမျှ တစ်ပွဲ ကစားချိန် ၈၈ မိနစ်ရှိပြီး ရိုက်စ်ကတော့ ၈၅ မိနစ်ပဲ ရှိပါတယ်။
သူဟာ နည်းစနစ်ပိုင်းမှာလည်း ရိုက်စ်ထက် လုပ်ဆောင်ချက် ပိုကောင်းနေပြီး
ပေးပို့မှု ၁၀၉၇ ကြိမ် လုပ် ထားတာကြောင့် ၇၂၁ ကြိမ်ပဲရှိတဲ့ ရိုက်စ်ထက် ပိုများနေတာပါ။
နောက်ပြီး တိကျတဲ့ ပေးပို့မှုကလည်း ၉၃ ရာခိုင်နှုန်းရှိနေတာကြောင့် ရိုက်စ်ထက် ပို များနေတာဖြစ်ပါတယ်။
နောက်ပြီး ဘောလုံးပြန်ယူနိုင်မှု အကြိမ်ရေမှာ ရှာကာက ၇၂ ကြိမ် ဖြစ်နေပြီး ၆၀ ကြိမ်ပဲရှိတဲ့ ရိုက်စ်ထက် ပိုများနေပါ တယ်။
နောက်ပြီး ရှာကာဟာ ဖန်တီးမှု ၁၂ ကြိမ် လုပ်ထားတာဖြစ်တဲ့ အတွက် ၉ ကြိမ်ပဲ ဖန်တီးနိုင်ခဲ့တဲ့ ရိုက်စ်ထက် ၃ ကြိမ်ပိုသာနေပါတယ်။
ဒါ့အပြင် ရှာကာဟာ ပြစ်ဒဏ်ကျူးလွန်တာ ၂ ကြိမ်ပဲ ရှိသေးတဲ့အတွက် ၁၂ ကြိမ် ရှိထားပြီဖြစ်တဲ့ ဒီကလန်ရိုက်စ်ထက် ပိုနည်းနေပါတယ်။
တစ်ခုရှိတာ ကတော့ ရှာကာဟာ ဒီရာသီမှာ ဂျာမန်ကလပ်အတွက် တစ်ဂိုးမှ မသွင်း နိုင်သေးဘဲ
ဒီကလန်ရိုက်စ်ကတော့ လန်ဒန်ကလပ်အတွက် ၂ ဂိုး သွင်းပေး ထားနိုင်ပြီ ဖြစ်ပါတယ်။