ဒီရာသီမှာ စပါးအသင်းမှာပဲဆက်ကစားမယ်လို့ အတည်ပြုလိုက်ပြီဖြစ်တဲ့ ဟယ်ရီကိန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အနာဂတ်နဲ့ပတ်သက်ပြီး လှုပ်ခတ်နေတဲ့ စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းဟာ ဒီရာသီမှာ စပါးအသင်းမှာပဲဆက်ကစားမယ်လို့အတည်ပြုလိုက်ပြီဖြစ်တာကြောင့် မန်စီးတီးအသင်းနဲ့အပြောင်းအရွှေ့ဇာတ်လမ်းက အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ ဆုဖလားအောင်မြင်မှုတွေရယူလိုတဲ့အတွက် စပါးအသင်းနဲ့လမ်းခွဲပြီး အသင်းကြီးတစ်သင်းဆီပြောင်းရွှေ့မယ့်လို့ အခုနွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင်ကတည်းက ဖွင့်ဟပြောဆိုခဲ့ပြီး သူ့ကိုခေါ်ယူဖို့ မန်စီးတီးအသင်းက ရေပန်းစားခဲ့တာဖြစ်ပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟယ်ရီကိန်းဟာ စပါးအသင်းမှာကစားတဲ့(၁၂)ရာသီအတွင်း ဆုဖလားတစ်ခုမှ မရသေးဘဲ အမြင့်ဆုံးအောင်မြင်မှုက ပြီးခဲ့တဲ့ရာသီလိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်တက်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် စပါးအသင်းက သူတို့ရဲ့အဓိကတိုက်စစ်မှူးကို လက်လွှတ်မခံလိုဘဲ ပေါင်သန်း(၁၅၀)အထိရမှရောင်းမယ်လို့ဆိုခဲ့တာကြောင့် အခက်တွေ့ခဲ့ရပြီး

ဟယ်ရီကိန်းကလည်း မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေတဲ့အတွက် ပရိသတ်တွေရဲ့ဝေဖန်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

မန်စီးတီးအသင်းဟာ ၀ါရင့်တိုက်စစ်မှူးအဂွဲရိုးနဲ့လမ်းခွဲခဲ့ပြီးနောက်ပိုင်း ဦးစားပေးပစ်မှတ်အဖြစ် ဟယ်ရီကိန်းကို ကြိုးပမ်းခဲ့ပြီး ဇွန်လတုန်းက ပေါင်သန်း(၁၀၀)နဲ့ကမ်းလှမ်းခဲ့ပေမယ့် စပါးအသင်းက ပယ်ချခဲ့ပါတယ်။

ဟယ်ရီကိန်းနဲ့စပါးအသင်းတို့ရဲ့လက်ရှိစာချုပ်သက်တမ်းက (၃)နှစ်အထိကျန်ရှိနေသလို အခု ဟယ်ရီကိန်းကိုယ်တိုင်ကလည်း ဒီရာသီမှာ စပါးအသင်းမှာပဲဆက်ကစားမယ်လို့ တရားဝင်အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကိန်းက သူ့ရဲ့ Twitter မှာ “ပြီးခဲ့တဲ့တနင်္ဂနွေနေ့ပွဲတုန်းက အသင်းပရိသတ်တွေရဲ့အားပေးမှုက တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။ ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း ပရိသတ်တွေဆီက ကျွန်တော့်ကို အားပေးတဲ့မက်ဆေ့ချ်တွေ လက်ခံရရှိခဲ့ပါတယ်။

ဒီနွေရာသီမှာ စပါးအသင်းမှာပဲ ဆက်ကစားသွားမှာဖြစ်ပြီး အောင်မြင်မှုတွေရဖို့ အသင်းအတွက်(၁၀၀%)ပေးဆပ်ကစားသွားမှာပါ”လို့ ရေးသားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ကြံ့ခိုင်မှုမပြည့်ဝသေးလို့ မန်စီးတီး၊ ပါကို့စ်ဒီဖာရဲရားတို့နဲ့ကစားခဲ့တဲ့ပွဲတွေကို လွဲချော်ခဲ့ပြီး ဝုလ်ဗ်အသင်းနဲ့ပွဲမှာ ပွဲပြီးခါနီးမိနစ်(၂၀)လောက်မှာလူစားဝင်ကစားခဲ့ပြီး အခုတစ်ပတ်တနင်္ဂနွေကျရင် ဝက်ဖို့ဒ်နဲ့ကစားမယ့်အိမ်ကွင်းပွဲမှာတော့ ပွဲထွက်ကစားနိုင်ဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီရာသီမွာ စပါးအသင္းမွာပဲဆက္ကစားမယ္လို႔ အတည္ျပဳလိုက္ၿပီျဖစ္တဲ့ ဟယ္ရီကိန္း

အနာဂတ္နဲ႔ပတ္သက္ၿပီး လႈပ္ခတ္ေနတဲ့ စပါးအသင္းတိုက္စစ္မႉးဟယ္ရီကိန္းဟာ ဒီရာသီမွာ စပါးအသင္းမွာပဲဆက္ကစားမယ္လို႔အတည္ျပဳလိုက္ၿပီျဖစ္တာေၾကာင့္ မန္စီးတီးအသင္းနဲ႔အေျပာင္းအေ႐ႊ႕ဇာတ္လမ္းက အဆုံးသတ္သြားခဲ့ၿပီျဖစ္ပါတယ္။ ဟယ္ရီကိန္းဟာ ဆုဖလားေအာင္ျမင္မႈေတြရယူလိုတဲ့အတြက္ စပါးအသင္းနဲ႔လမ္းခြဲၿပီး အသင္းႀကီးတစ္သင္းဆီေျပာင္းေ႐ႊ႕မယ့္လို႔ အခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမတိုင္ခင္ကတည္းက ဖြင့္ဟေျပာဆိုခဲ့ၿပီး သူ႔ကိုေခၚယူဖို႔ မန္စီးတီးအသင္းက ေရပန္းစားခဲ့တာျဖစ္ပါတယ္။ အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟယ္ရီကိန္းဟာ စပါးအသင္းမွာကစားတဲ့(၁၂)ရာသီအတြင္း ဆုဖလားတစ္ခုမွ မရေသးဘဲ အျမင့္ဆုံးေအာင္ျမင္မႈက ၿပီးခဲ့တဲ့ရာသီလိဂ္ဖလားၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအဆင့္တက္ေရာက္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ မန္စီးတီးအသင္းအေနနဲ႔ ဟယ္ရီကိန္းကို ေခၚယူႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားခဲ့ေပမယ့္ စပါးအသင္းက သူတို႔ရဲ႕အဓိကတိုက္စစ္မႉးကို လက္လႊတ္မခံလိုဘဲ ေပါင္သန္း(၁၅၀)အထိရမွေရာင္းမယ္လို႔ဆိုခဲ့တာေၾကာင့္ အခက္ေတြ႕ခဲ့ရၿပီး ဟယ္ရီကိန္းကလည္း မန္စီးတီးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔စိတ္အားထက္သန္ေနတဲ့အတြက္ ပရိသတ္ေတြရဲ႕ေဝဖန္မႈနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။

မန္စီးတီးအသင္းဟာ ၀ါရင့္တိုက္စစ္မႉးအဂြဲ႐ိုးနဲ႔လမ္းခြဲခဲ့ၿပီးေနာက္ပိုင္း ဦးစားေပးပစ္မွတ္အျဖစ္ ဟယ္ရီကိန္းကို ႀကိဳးပမ္းခဲ့ၿပီး ဇြန္လတုန္းက ေပါင္သန္း(၁၀၀)နဲ႔ကမ္းလွမ္းခဲ့ေပမယ့္ စပါးအသင္းက ပယ္ခ်ခဲ့ပါတယ္။ ဟယ္ရီကိန္းနဲ႔စပါးအသင္းတို႔ရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက (၃)ႏွစ္အထိက်န္ရွိေနသလို အခု ဟယ္ရီကိန္းကိုယ္တိုင္ကလည္း ဒီရာသီမွာ စပါးအသင္းမွာပဲဆက္ကစားမယ္လို႔ တရားဝင္အတည္ျပဳခဲ့တာျဖစ္ပါတယ္။ ဟယ္ရီကိန္းက သူ႔ရဲ႕ Twitter မွာ “ၿပီးခဲ့တဲ့တနဂၤေႏြေန႔ပြဲတုန္းက အသင္းပရိသတ္ေတြရဲ႕အားေပးမႈက တကယ့္ကို မယုံႏိုင္ေလာက္ေအာင္ပါပဲ။ ၿပီးခဲ့တဲ့ရက္ေတြတုန္းကလည္း ပရိသတ္ေတြဆီက ကြၽန္ေတာ့္ကို အားေပးတဲ့မက္ေဆ့ခ်္ေတြ လက္ခံရရွိခဲ့ပါတယ္။ ဒီေႏြရာသီမွာ စပါးအသင္းမွာပဲ ဆက္ကစားသြားမွာျဖစ္ၿပီး ေအာင္ျမင္မႈေတြရဖို႔ အသင္းအတြက္(၁၀၀%)ေပးဆပ္ကစားသြားမွာပါ”လို႔ ေရးသားခဲ့ပါတယ္။ ဟယ္ရီကိန္းဟာ ႀကံ့ခိုင္မႈမျပည့္ဝေသးလို႔ မန္စီးတီး၊ ပါကို႔စ္ဒီဖာရဲရားတို႔နဲ႔ကစားခဲ့တဲ့ပြဲေတြကို လြဲေခ်ာ္ခဲ့ၿပီး ဝုလ္ဗ္အသင္းနဲ႔ပြဲမွာ ပြဲၿပီးခါနီးမိနစ္(၂၀)ေလာက္မွာလူစားဝင္ကစားခဲ့ၿပီး အခုတစ္ပတ္တနဂၤေႏြက်ရင္ ဝက္ဖို႔ဒ္နဲ႔ကစားမယ့္အိမ္ကြင္းပြဲမွာေတာ့ ပြဲထြက္ကစားႏိုင္ဖို႔ရွိေနပါၿပီ။