ဒီရာသီမှာ ချဲလ်ဆီးကြယ်ပွင့်ဟောင်းထက် အပြတ်အသတ်ကိုသာနေတဲ့ ချဲလ်ဆီးကြယ်ပွင့်သစ်

photo-givemesport

photo-gettyimages

ချဲလ်ဆီးရဲ့ကပ္ပတိန်အမေရိကလို့ ချစ်စနိုးနဲ့နာမည်ပြောင်ပေးခံထားရတဲ့ ပူလီဆစ်ဟာ အသင်းသစ်မှာ အခုမှ တကယ်ကို လုပ်ပြနိုင်နေတာပါ။ သူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဒေ့ါမန်ကနေ ပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ နဲ့ရောက်လာခဲ့ပေမယ့် လန်ဒန်အခြေစိုက်အသင်းကြီးမှာ မျှော်လင့်ထားသလို တာထွက်မလှခဲ့ပါဘူး။ ပုံမှန်အောက်ရောက်နေတဲ့ခြေစွမ်းအချို့ကြောင့် ၃၊ ၄ ပွဲဆက်တိုက် ကစားခွင့်မရခဲ့ဘဲ နေရာရဖု့ိ ပိုကြိုးစားဖို့လိုတယ်လို့တောင် နည်းပြလမ်းပတ်က သတိပေးရတဲ့အထိပါပဲ။

photo-gettyimages

ဒါပေမဲ့ လမ်းပတ်ရဲ့ကစားသမားကိုင်တွယ်မှုပုံစံဟာ အလုပ်ဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ပူလီဆစ် အခုချိန်မှာ ကမ္ဘာ့ဘောလုံးလောကရဲ့လက်ရှိခြေစွမ်းအပြနိုင်ဆုံးတောင်ပံကစားသမားတွေထဲက တစ်ယောက်ဖြစ်လာလို့ပါ။ နောက်ဆုံးကစားခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲက သွင်းဂိုးကြောင့်လည်း ဒီရာသီပရီးမီးယားလိဂ်မှာ သူ့ရဲ့ ၅ ဂိုးမြောက်ရရှိသွားခဲ့ပြီး သူ့အနေနဲ့ နောက်ဆုံး ၃ ပွဲမှာ ၅ ဂိုးသွင်းနိုင်ခဲ့တာပါ။ ဒါ့အပြင် အဲဒီအမေရိကန်သားဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာလည်း ၅ ဂိုးဖန်တီးပေးထားပါသေးတယ်။

photo-gettyimages

ဒီအချိန်မှာ ချဲလ်ဆီးကြယ်ပွင့်ဟောင်းဖြစ်တဲ့ ဟာဇတ်ဟာလည်း အသင်းသစ်ရီးရဲလ်မှာ တဖြည်းဖြည်းနဲ့အထိုင်ကျလာပေမယ့် ချဲလ်ဆီးကြယ်ပွင့်သစ်ဖြစ်တဲ့ပူလီဆစ်လောက်တော့ မစွမ်းဆောင်နိုင်သေးပါဘူး။ ဟာဇတ်ဟာ ရီးရဲလ်အတွက် ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲမှာ ၁ ဂိုးသာသွင်းနိုင်သေးပြီး ဂိုးဖန်တီးမှုကလည်း ၂ ကြိမ်သာရှိသေးတာပါ။ ပူလီဆစ်ကတော့ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၅ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးထားတာ ဖြစ်ပါတယ်။

[Zawgyi]

ဒီရာသီမွာ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းထက္ အျပတ္အသတ္ကိုသာေနတဲ့ ခ်ဲလ္ဆီးၾကယ္ပြင့္သစ္

ခ်ဲလ္ဆီးရဲ႕ကပၸတိန္အေမရိကလုိ႔ ခ်စ္စႏိုးနဲ႔နာမည္ေျပာင္ေပးခံထားရတဲ့ ပူလီဆစ္ဟာ အသင္းသစ္မွာ အခုမွ တကယ္ကို လုပ္ျပႏိုင္ေနတာပါ။ သူဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ေဒ့ါမန္ကေန ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၆၀ နဲ႔ေရာက္လာခဲ့ေပမယ့္ လန္ဒန္အေျခစိုက္အသင္းႀကီးမွာ ေမွ်ာ္လင့္ထားသလို တာထြက္မလွခဲ့ပါဘူး။ ပုံမွန္ေအာက္ေရာက္ေနတဲ့ေျခစြမ္းအခ်ိဳ႕ေၾကာင့္ ၃၊ ၄ ပြဲဆက္တိုက္ ကစားခြင့္မရခဲ့ဘဲ ေနရာရဖု႔ိ ပိုႀကိဳးစားဖို႔လုိတယ္လို႔ေတာင္ နည္းျပလမ္းပတ္က သတိေပးရတဲ့အထိပါပဲ။

ဒါေပမဲ့ လမ္းပတ္ရဲ႕ကစားသမားကိုင္တြယ္မႈပုံစံဟာ အလုပ္ျဖစ္သြားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပူလီဆစ္ အခုခ်ိန္မွာ ကမာၻ႔ေဘာလုံးေလာကရဲ႕လက္ရွိေျခစြမ္းအျပႏိုင္ဆုံးေတာင္ပံကစားသမားေတြထဲက တစ္ေယာက္ျဖစ္လာလို႔ပါ။ ေနာက္ဆုံးကစားခဲ့တဲ့ ပဲေလ့စ္နဲ႔ပြဲက သြင္းဂိုးေၾကာင့္လည္း ဒီရာသီပရီးမီးယားလိဂ္မွာ သူ႔ရဲ႕ ၅ ဂိုးေျမာက္ရရွိသြားခဲ့ၿပီး သူ႔အေနနဲ႔ ေနာက္ဆုံး ၃ ပြဲမွာ ၅ ဂိုးသြင္းႏိုင္ခဲ့တာပါ။ ဒါ့အျပင္ အဲဒီအေမရိကန္သားဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာလည္း ၅ ဂိုးဖန္တီးေပးထားပါေသးတယ္။

ဒီအခ်ိန္မွာ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းျဖစ္တဲ့ ဟာဇတ္ဟာလည္း အသင္းသစ္ရီးရဲလ္မွာ တျဖည္းျဖည္းနဲ႔အထိုင္က်လာေပမယ့္ ခ်ဲလ္ဆီးၾကယ္ပြင့္သစ္ျဖစ္တဲ့ပူလီဆစ္ေလာက္ေတာ့ မစြမ္းေဆာင္ႏိုင္ေသးပါဘူး။ ဟာဇတ္ဟာ ရီးရဲလ္အတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၁၀ ပြဲမွာ ၁ ဂိုးသာသြင္းႏိုင္ေသးၿပီး ဂိုးဖန္တီးမႈကလည္း ၂ ႀကိမ္သာရွိေသးတာပါ။ ပူလီဆစ္ကေတာ့ ခ်ဲလ္ဆီးအတြက္ ၿပိဳ္င္ပြဲစုံ ၁၄ ပြဲမွာ ၅ ဂိုးသြင္း၊ ၅ ဂုိးဖန္တီးထားတာ ျဖစ္ပါတယ္။