ဒီရာသီမွာ ၇၁မိနစ္ပဲကစားရေသးေပမယ့္ အမ္မရီကေတာ့ အိုေဇးလ္ကို အနားေပးဖုိ႔ လိုအပ္ေနသတဲ့…

Photo Credit

Photo Credit ; Getty Images

အာဆင္နယ္အသင္းနည္းျပ အမ္မရီက ယခုရာသီမွာ စုစုေပါင္း ၇၁မိနစ္ပဲကစားရေသးတဲ့ကြင္းလယ္လူ အိုေဇးလ္အေနနဲ႔ အနားယူဖို႔ လိုအပ္ေနတယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

Photo Credit ; Getty Images

အုိေဇးလ္ဟာ ၾကာသပေတးေန႔က ယူ႐ိုပါလိဂ္ပြဲစဥ္အျဖစ္ ဖရန္႔ဖတ္နဲ႔ကစားရမယ့္အေ၀းကြင္းပြဲစဥ္အတြက္ ကစားသမား ၁၉ဦးပါ လူစာရင္းကေန အံ့အားသင့္ဖြယ္ခ်န္လွပ္ခံခဲ့ရၿပီး ဆိုကရာတစ္လည္း ခ်န္လွပ္ခံခဲ့ရေပမယ့္ အဲဒီေနာက္ခံလူကေတာ့ ဒီရာသီပြဲတုိင္းပြဲခ်ိန္ျပည့္ကစားထားရလုိ႔ သူ႕ကို အနားေပးတာက ျဖစ္သင့္တဲ့ကိစၥပါ။

Photo Credit

ဒါေပမဲ့ အုိေဇးလ္ကေတာ့ ယခုရာသီပထမဆုံးပဲြအျဖစ္ တနဂၤေႏြေန႔က ၀က္ဖုိ႔ဒ္နဲ႔ပြဲေရာက္မွ ကစားခြင့္ရရွိခဲ့ၿပီး အဲဒီပြဲမွာ ပြဲၿပီးဖို႔ ၁၉မိနစ္အလိုမွာ လူစားလဲခံခဲ့ရပါတယ္။ ”အခုဆိုရင္ ကၽြန္ေတာ္တု႔ိဟာ ပြဲေတြအမ်ားႀကီးကစားေနရတာျဖစ္ၿပီး ကစားသမားေတြကို အလွည့္က်ထုတ္သုံးဖို႔ ရည္ရြယ္ထားပါတယ္”

Photo Credit

”ယူ႐ုိပါလိဂ္ပဲြအတြက္လည္း ပြဲထြက္စာရင္းကို အေျပာင္းအလဲျပဳလုပ္သြားမွာျဖစ္ၿပီး ဆုိကရာတစ္နဲ႔ အိုေဇးလ္တုိ႔က အနားယူဖို႔ လိုအပ္ေနပါတယ္။ ကၽြန္ေတာ္ကေတာ့ ၀က္ဖို႔ဒ္နဲ႔ပဲြအၿပီးမွာ အိုေဇးလ္ကို ေလ့က်င့္ခန္းဆင္း၊ အနားယူေစၿပီး တနဂၤေႏြေန႔မွာ ကစားရမယ့္ဗီလာနဲ႔ပဲြအတြက္ အဆင္သင့္ျဖစ္ေစခ်င္ပါတယ္”လုိ႔ အမ္မရီက ေျပာပါတယ္။

Photo Credit

အိုေဇးလ္ဟာ အေသးစားဒဏ္ရာျပႆနာနဲ႔ မၾကာခဏဖ်ားနာေနျခင္းတုိ႔ေၾကာင့္ မကစားႏုိင္တဲ့ပြဲေတြ မ်ားျပားေနၿပီး ယမန္ႏွစ္ကလည္း အိုေဇးလ္အေနနဲ႔ ပြဲကစားဖို႔ လုံေလာက္တဲ့ႀကံ့ခိုင္မႈမရွိဘူးဆိုကာ အမ္မရီက သူ႕ကို ပြဲအမ်ားစုမွာ ထုတ္မသုံးခဲ့ပါဘူး။

Photo Credit

အိုေဇးလ္အေနနဲ႔ အာဆင္နယ္ရဲ႕အုပ္စုတြင္းၿပိဳင္ဘက္ေတြအနက္ အခက္ခဲဆုံးျဖစ္လာႏိုင္တဲ့ဖရန္႔ဖတ္နဲ႔အေ၀းကြင္းပြဲမွာ ပါ၀င္လာႏိုင္တယ္လုိ႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းခဲ့ၾကေပမယ့္ အသင္းရဲ႕လူစာရင္းမွာေတာင္ ပါ၀င္မလာဘဲ အမ္မရီက သူ႕ကို ခ်န္လွပ္ခဲ့တာဟာ ႏုိင္ငံေရးကိစၥေတြေၾကာင့္မဟုတ္ေၾကာင္း အခုိင္အမာေျပာၾကားထားပါတယ္။

Photo Credit

အိုေဇးလ္ဟာ ဂ်ာမနီမွာေနာက္ဆုံးကစားခဲ့မႈအျဖစ္ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲအႀကိဳ ေျခစမ္းပြဲအျဖစ္ ၾသစႀတီးယားနဲ႔ပြဲမွာ ဂ်ာမနီအသင္းအတြက္ ပါ၀င္ကစားခဲ့ၿပီး ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္ေအာ္ဟစ္ျခင္းခံခဲ့ရသလို ေလဗာကူဆင္မွာကစားခ့ဲတဲ့ ေဆာ္ဒီနဲ႔ေျခစမ္းပြဲမွာလည္း ထပ္မံေလွာင္ေျပာင္ခံခဲ့ရပါတယ္။

Photo Credit

အိုေဇးလ္နဲ႔ ဂန္ဒိုဂန္တုိ႔ဟာ တူရကီသမၼတ အာဒိုဂန္နဲ႔အတူ ဓာတ္ပုံတြဲ႐ိုက္ခဲ့ၿပီးေနာက္ ေ၀ဖန္ခံခဲ့ရတာျဖစ္ၿပီး အိုေဇးလ္က ဂ်ာမန္အက္ဖ္ေအနဲ႔ ဂ်ာမန္မီဒီယာေတြရဲ႕တိုက္ခုိက္မႈေတြေၾကာင့္လုိ႔ဆိုကာ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲအၿပီးမွာ ဂ်ာမနီအသင္းကေန အနားယူခဲ့ပါတယ္။

Photo Credit

Unicode

ဒီရာသီမှာ ၇၁မိနစ်ပဲကစားရသေးပေမယ့် အမ်မရီကတော့ အိုဇေးလ်ကို အနားပေးဖို့ လိုအပ်နေသတဲ့…

အာဆင်နယ်အသင်းနည်းပြ အမ်မရီက ယခုရာသီမှာ စုစုပေါင်း ၇၁မိနစ်ပဲကစားရသေးတဲ့ကွင်းလယ်လူ အိုဇေးလ်အနေနဲ့ အနားယူဖို့ လိုအပ်နေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အိုဇေးလ်ဟာ ကြာသပတေးနေ့က ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဖရန့်ဖတ်နဲ့ကစားရမယ့်အဝေးကွင်းပွဲစဉ်အတွက် ကစားသမား ၁၉ဦးပါ လူစာရင်းကနေ အံ့အားသင့်ဖွယ်ချန်လှပ်ခံခဲ့ရပြီး ဆိုကရာတစ်လည်း ချန်လှပ်ခံခဲ့ရပေမယ့် အဲဒီနောက်ခံလူကတော့ ဒီရာသီပွဲတိုင်းပွဲချိန်ပြည့်ကစားထားရလို့ သူ့ကို အနားပေးတာက ဖြစ်သင့်တဲ့ကိစ္စပါ။
ဒါပေမဲ့ အိုဇေးလ်ကတော့ ယခုရာသီပထမဆုံးပွဲအဖြစ် တနင်္ဂနွေနေ့က ဝက်ဖို့ဒ်နဲ့ပွဲရောက်မှ ကစားခွင့်ရရှိခဲ့ပြီး အဲဒီပွဲမှာ ပွဲပြီးဖို့ ၁၉မိနစ်အလိုမှာ လူစားလဲခံခဲ့ရပါတယ်။ ”အခုဆိုရင် ကျွန်တော်တု့ိဟာ ပွဲတွေအများကြီးကစားနေရတာဖြစ်ပြီး ကစားသမားတွေကို အလှည့်ကျထုတ်သုံးဖို့ ရည်ရွယ်ထားပါတယ်”
”ယူရိုပါလိဂ်ပွဲအတွက်လည်း ပွဲထွက်စာရင်းကို အပြောင်းအလဲပြုလုပ်သွားမှာဖြစ်ပြီး ဆိုကရာတစ်နဲ့ အိုဇေးလ်တို့က အနားယူဖို့ လိုအပ်နေပါတယ်။ ကျွန်တော်ကတော့ ဝက်ဖို့ဒ်နဲ့ပွဲအပြီးမှာ အိုဇေးလ်ကို လေ့ကျင့်ခန်းဆင်း၊ အနားယူစေပြီး တနင်္ဂနွေနေ့မှာ ကစားရမယ့်ဗီလာနဲ့ပွဲအတွက် အဆင်သင့်ဖြစ်စေချင်ပါတယ်”လို့ အမ်မရီက ပြောပါတယ်။
အိုဇေးလ်ဟာ အသေးစားဒဏ်ရာပြဿနာနဲ့ မကြာခဏဖျားနာနေခြင်းတို့ကြောင့် မကစားနိုင်တဲ့ပွဲတွေ များပြားနေပြီး ယမန်နှစ်ကလည်း အိုဇေးလ်အနေနဲ့ ပွဲကစားဖို့ လုံလောက်တဲ့ကြံ့ခိုင်မှုမရှိဘူးဆိုကာ အမ်မရီက သူ့ကို ပွဲအများစုမှာ ထုတ်မသုံးခဲ့ပါဘူး။
အိုဇေးလ်အနေနဲ့ အာဆင်နယ်ရဲ့အုပ်စုတွင်းပြိုင်ဘက်တွေအနက် အခက်ခဲဆုံးဖြစ်လာနိုင်တဲ့ဖရန့်ဖတ်နဲ့အဝေးကွင်းပွဲမှာ ပါဝင်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ကြပေမယ့် အသင်းရဲ့လူစာရင်းမှာတောင် ပါဝင်မလာဘဲ အမ်မရီက သူ့ကို ချန်လှပ်ခဲ့တာဟာ နိုင်ငံရေးကိစ္စတွေကြောင့်မဟုတ်ကြောင်း အခိုင်အမာပြောကြားထားပါတယ်။
အိုဇေးလ်ဟာ ဂျာမနီမှာနောက်ဆုံးကစားခဲ့မှုအဖြစ် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ခြေစမ်းပွဲအဖြစ် သြစတြီးယားနဲ့ပွဲမှာ ဂျာမနီအသင်းအတွက် ပါဝင်ကစားခဲ့ပြီး ပရိသတ်တွေရဲ့လှောင်ပြောင်အော်ဟစ်ခြင်းခံခဲ့ရသလို လေဗာကူဆင်မှာကစားခဲ့တဲ့ ဆော်ဒီနဲ့ခြေစမ်းပွဲမှာလည်း ထပ်မံလှောင်ပြောင်ခံခဲ့ရပါတယ်။
အိုဇေးလ်နဲ့ ဂန်ဒိုဂန်တို့ဟာ တူရကီသမ္မတ အာဒိုဂန်နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပြီးနောက် ဝေဖန်ခံခဲ့ရတာဖြစ်ပြီး အိုဇေးလ်က ဂျာမန်အက်ဖ်အေနဲ့ ဂျာမန်မီဒီယာတွေရဲ့တိုက်ခိုက်မှုတွေကြောင့်လို့ဆိုကာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဂျာမနီအသင်းကနေ အနားယူခဲ့ပါတယ်။