ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်သေးတဲ့ မာရှယ်ရဲ့ခြေစွမ်းအတွက် စိုးရိမ်မိတယ်လို့ ဒက်ချမ့်စ်ပြောပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က တိုက်စစ်မှူး မာရှယ်ရဲ့လက်ရှိခြေစွမ်းနဲ့ ပတ်သက်လို့စိုးရိမ်မိတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။

အသက် ၂၄ နှစ်ရှိတဲ့ မာရှယ်ဟာ ၂၀၁၅ ကမိုနာကိုကနေ မန်ယူကိုပြောင်းရွှေ့ခဲ့သူဖြစ်ပြီး သူ့အတွက် မန်ယူရဲ့စုစုပေါင်းကုန်ကျစရိတ်က ပေါင် ၅၄ သန်းအထိရှိခဲ့ပါတယ်။

သူဟာမန်ယူအတွက် ပြိုင်ပွဲအရပ်ရပ် ၂၂၉ ပွဲကစားခဲ့ပေမယ့် ၇၃ ဂိုးသာသွင်းယူနိုင်သေးတာပါ။ ဖန်တီးမှုနဲ့ ပါဝင်ပတ်သက်မှုပါပေါင်းမယ်ဆိုရင်တော့ မာရှယ်ဟာ မန်ယူအတွက် ၁၁၇ ဂိုးအထိပတ်သက်ခဲ့ပါတယ်။ သူဟာမန်ယူအတွက် ခြေစွမ်းပုံမှန်ပြသနိုင်ခြင်းမရှိသလို ဒီရာသီပရီးမီးယားလိဂ်မှာလည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပါဘူး။

သူဟာ စပါးနဲ့ပွဲမှာတိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့အတွက် ၄ ပွဲသာကစားရသေးတာကလည်း ခြေစွမ်းကိုထိခိုက်စေခဲ့ပါတယ်။

သူဟာနိုင်ငံတကာပွဲတွေကာလမှာ ပြင်သစ်အသင်းအတွက်ရွေးချယ်ခံခဲ့ရပြီး ပေါ်တူဂီနဲ့ပွဲမှာပါဝင်ခဲ့ပေမယ့် ဂိုးရဖို့ရုန်းကန်ခဲ့ရပြီးနောက် ဒက်ချမ့်စ်က မာရှယ်ရဲ့ခြေစွမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်ခဲ့တာဖြစ်ပါတယ်။

ဒက်ချမ့်စ်က”မာရှယ်ဟာ အဆုံးသတ်ပိုင်းအားနည်းနေပါတယ်။ သူ့ရဲ့အဆုံးသတ်တွေဟာ ကိုးယိုးကားယားနိုင်ပါတယ်။ ရိုးသားစွာပြောရမယ်ဆိုရင်တော့ အရမ်းတော့မဆိုးသေးဘူးပေါ့။ သူဟာပြင်သစ်အသင်းနဲ့ ပူးပေါင်းခဲ့ပေမယ့် အရွေးမခံရတာကြာခဲ့တာကိုတော့ သိထားရမှာပါ။

ဒါပေမယ့် ဒီမှာ(ပြင်သစ်)သူတိုးတက်ခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှသူပိုရင့်ကျက်လာမှာဖြစ်သလို ဆုံးဖြတ်ချက်လည်းပို ပြီးကောင်းလာမှာပါ။ သူ့မှာအရည်အသွေးလည်း ရှိထားပြီးသားဖြစ်ပါတယ်။

လောလောဆယ်မှ သူကံမကောင်းဘူးလို့ ဆိုရမှာဖြစ်ပေမယ့် လက်ရှိပုံစံနဲ့ ရေရှည်ဆက်သွားဖို့တော့မဖြစ်နိုင်ပါဘူး”လို့ ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီရာသီပရီးမီးယားလိဂ္မွာ ဂိုးမသြင္းႏိုင္ေသးတဲ့ မာရွယ္ရဲ႕ေျခစြမ္းအတြက္ စိုးရိမ္မိတယ္လို႔ ဒက္ခ်မ့္စ္ေျပာၿပီ

ျပင္သစ္အသင္းနည္းျပ ဒက္ခ်မ့္စ္က တိုက္စစ္မႉး မာရွယ္ရဲ႕လက္ရွိေျခစြမ္းနဲ႔ ပတ္သက္လို႔စိုးရိမ္မိတဲ့အေၾကာင္း ေျပာၾကားလိုက္ပါတယ္။ အသက္ ၂၄ ႏွစ္ရွိတဲ့ မာရွယ္ဟာ ၂၀၁၅ ကမိုနာကိုကေန မန္ယူကိုေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး သူ႔အတြက္ မန္ယူရဲ႕စုစုေပါင္းကုန္က်စရိတ္က ေပါင္ ၅၄ သန္းအထိရွိခဲ့ပါတယ္။

သူဟာမန္ယူအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၂၂၉ ပြဲကစားခဲ့ေပမယ့္ ၇၃ ဂိုးသာသြင္းယူႏိုင္ေသးတာပါ။ ဖန္တီးမႈနဲ႔ ပါဝင္ပတ္သက္မႈပါေပါင္းမယ္ဆိုရင္ေတာ့ မာရွယ္ဟာ မန္ယူအတြက္ ၁၁၇ ဂိုးအထိပတ္သက္ခဲ့ပါတယ္။ သူဟာမန္ယူအတြက္ ေျခစြမ္းပုံမွန္ျပသႏိုင္ျခင္းမရွိသလို ဒီရာသီပရီးမီးယားလိဂ္မွာလည္း ဂိုးသြင္းယူႏိုင္ျခင္းမရွိေသးပါဘူး။

သူဟာ စပါးနဲ႔ပြဲမွာတိုက္႐ိုက္အနီကတ္ျပထုတ္ပယ္ခံခဲ့ရတဲ့အတြက္ ၄ ပြဲသာကစားရေသးတာကလည္း ေျခစြမ္းကိုထိခိုက္ေစခဲ့ပါတယ္။ သူဟာႏိုင္ငံတကာပြဲေတြကာလမွာ ျပင္သစ္အသင္းအတြက္ေ႐ြးခ်ယ္ခံခဲ့ရၿပီး ေပၚတူဂီနဲ႔ပြဲမွာပါဝင္ခဲ့ေပမယ့္ ဂိုးရဖို႔႐ုန္းကန္ခဲ့ရၿပီးေနာက္ ဒက္ခ်မ့္စ္က မာရွယ္ရဲ႕ေျခစြမ္းနဲ႔ ပတ္သက္ၿပီး စိုးရိမ္ခဲ့တာျဖစ္ပါတယ္။

ဒက္ခ်မ့္စ္က”မာရွယ္ဟာ အဆုံးသတ္ပိုင္းအားနည္းေနပါတယ္။ သူ႔ရဲ႕အဆုံးသတ္ေတြဟာ ကိုးယိုးကားယားႏိုင္ပါတယ္။ ႐ိုးသားစြာေျပာရမယ္ဆိုရင္ေတာ့ အရမ္းေတာ့မဆိုးေသးဘူးေပါ့။ သူဟာျပင္သစ္အသင္းနဲ႔ ပူးေပါင္းခဲ့ေပမယ့္ အေ႐ြးမခံရတာၾကာခဲ့တာကိုေတာ့ သိထားရမွာပါ။

ဒါေပမယ့္ ဒီမွာ(ျပင္သစ္)သူတိုးတက္ခဲ့ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ်သူပိုရင့္က်က္လာမွာျဖစ္သလို ဆုံးျဖတ္ခ်က္လည္းပိုၿပီးေကာင္းလာမွာပါ။ သူ႔မွာအရည္အေသြးလည္း ရွိထားၿပီးသားျဖစ္ပါတယ္။ ေလာေလာဆယ္မွာသူကံမေကာင္းဘူးလို႔ ဆိုရမွာျဖစ္ေပမယ့္ လက္ရွိပုံစံနဲ႔ ေရရွည္ဆက္သြားဖို႔ေတာ့မျဖစ္ႏိုင္ပါဘူး”လို႔ ေျပာသြားပါတယ္။