ဒီရာသီချန်ပီယံလိဂ်ထိပ်တန်းဂိုးသွင်းရှင်စာရင်းကို ဦးဆောင်နေတဲ့ နော်ဝေဆယ်ကျော်သက်လေး

photo-gettyimages

photo-gettyimages

အုပ်စုပွဲစဉ်-၃ အပြီး ဒီရာသီချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းထားသူစာရင်းကို ကြည့်လိုက်မယ်ဆိုရင် ဆယ်ကျော်သက်တိုက်စစ်မှုးလေးတစ်ယောက်က ဦးဆောင်နေတာကို တွေ့ရပါလိမ့်မယ်။ သြစတြီးယားကလပ်ဆဲလ်ဘတ်မှာကစားနေတဲ့ နော်ဝေသားလေးအာလင်းဟာလန်းပါ။ စုစုပေါင်းသွင်းဂိုး ၆ ဂိုးနဲ့ ၅ ဂိုးသွင်းထားတဲ့ ဘိုင်ယန်တိုက်စစ်မှုးလီဝန်ဒေါစကီးရဲ့အထက်မှာ ရပ်တည်နေတာပါ။

photo-gettyimages

မနေ့ညက နာပိုလီကို ၃-၂ ဂိုးနဲ့ကပ်ရှုံးခဲ့ပေမယ့် ဆဲလ်ဘတ်ရခဲ့တဲ့ ၂ ဂိုးစလုံးကို သူကပဲသွင်းပေးခဲ့တာပါ။ ဟာလန်းဟာ လီဗာပူးကို ၄-၃ ဂိုးနဲ့ကပ်ရှုံးခဲ့တဲ့ အန်ဖီးလ်ကပွဲတုန်းကလည်း ၁ ဂိုးသွင်းပေးခဲ့ပါသေးတယ်။ ဂျန့်ခ်ကို ၆-၂ နဲ့အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲတုန်းကတော့ ဟက်ထရစ်တောင် ရယူနိုင်ခဲ့တာပါ။ ဒါကြောင့်လည်း ဟာလန်းဟာ အုပ်စုတွင်း ၃ ပွဲမှာ ၃၆ မိနစ်တိုင်း ၁ ဂိုးနှုန်းသွင်းနိုင်နေတာပါ။ အခုဆိုရင် ဆဲလ်ဘတ်အတွက် သူ့ရဲ့ဒီရာသီသွင်းဂိုးအရေအတွက်က ဂိုး ၂၀ ရှိသွားခဲ့ပါပြီ။

photo-gettyimages

ဒီရာသီ ကစားခဲ့တဲ့ ၁၃ ပွဲမှာ သူမဂိုးသွင်းနိုင်တာဆိုလို့ ၂ ပွဲသာရှိခဲ့ပြီး ဂိုးဖန်တီးမှုလည်း ၅ ကြိမ်ရှိထားပါတယ်။ သြစတတြီးယားလိဂ်မှာ သူဟာ ၁၁ ဂိုးသွင်းထားတာပါ။ သြစတြီးယားရှုံးထွက်ဖလားမှာ ကစားရတဲ့ ၁ ပွဲမှာ ဟက်ထရစ်ရထားပါတယ်။ ၁၉ နှစ်အရွယ် ကစားသမားလေးတစ်ယောက်ရဲ့ဒီရာသီဂိုးသွင်းခြေစွမ်းဟာ အံ့မခန်းလိလိပါပဲ။ ဒီကောင်လေးဟာ ပရီးမီးယားလိဂ်မှာကစားဖူးတဲ့ လိဒ်နဲ့မန်စီးတီးနောက်ခံလူဟောင်း အက်ဖ်အင်ဂီဟာလန်းရဲ့သားပါ။ ဒါကြောာင့် တစ်ချိန်မှာ သူဖခင်လိုပဲ ပရီးမီးယားလိဂ်ကိုရောက်လာနိုင်တဲ့သူဖြစ်ပါတယ်။

[Zawgyi]

ဒီရာသီခ်န္ပီယံလိဂ္ထိပ္တန္းဂိုးသြင္းရွင္စာရင္းကို ဦးေဆာင္ေနတဲ့ ေနာ္ေ၀ဆယ္ေက်ာ္သက္ေလး

အုပ္စုပြဲစဥ္-၃ အၿပီး ဒီရာသီခ်န္ပီယံလိဂ္ဂိုးအမ်ားဆုံးသြင္းထားသူစာရင္းကို ၾကည့္လုိက္မယ္ဆိုရင္ ဆယ္ေက်ာ္သက္တိုက္စစ္မႈးေလးတစ္ေယာက္က ဦးေဆာင္ေနတာကို ေတြ႕ရပါလိမ့္မယ္။ ၾသစႀတီးယားကလပ္ဆဲလ္ဘတ္မွာကစားေနတဲ့ ေနာ္ေ၀သားေလးအာလင္းဟာလန္းပါ။ စုစုေပါင္းသြင္းဂိုး ၆ ဂိုးနဲ႔ ၅ ဂိုးသြငး္ထားတဲ့ ဘိုင္ယန္တုိက္စစ္မႈးလီ၀န္ေဒါစကီးရဲ႕အထက္မွာ ရပ္တည္ေနတာပါ။

မေန႔ညက နာပိုလီကို ၃-၂ ဂိုးနဲ႔ကပ္ရႈံးခဲ့ေပမယ့္ ဆဲလ္ဘတ္ရခဲ့တဲ့ ၂ ဂိုးစလုံးကို သူကပဲသြင္းေပးခဲ့တာပါ။ ဟာလန္းဟာ လီဗာပူးကို ၄-၃ ဂိုးနဲ႔ကပ္ရႈံးခဲ့တဲ့ အန္ဖီးလ္ကပြဲတုန္းကလည္း ၁ ဂိုးသြင္းေပးခဲ့ပါေသးတယ္။ ဂ်န္႔ခ္ကို ၆-၂ နဲ႔အႏိုင္ရခဲ့တဲ့ အုပ္စုအဖြင့္ပြဲတုန္းကေတာ့ ဟက္ထရစ္ေတာင္ ရယူႏိုင္ခဲ့တာပါ။ ဒါေၾကာင့္လည္း ဟာလန္းဟာ အုပ္စုတြင္း ၃ ပြဲမွာ ၃၆ မိနစ္တိုင္း ၁ ဂိုးႏႈန္းသြင္းႏိုင္ေနတာပါ။ အခုဆိုရင္ ဆဲလ္ဘတ္အတြက္ သူ႔ရဲ႕ဒီရာသီသြင္းဂိုးအေရအတြက္က ဂိုး ၂၀ ရွိသြားခဲ့ပါၿပီ။

ဒီရာသီ ကစားခဲ့တဲ့ ၁၃ ပြဲမွာ သူမဂိုးသြင္းႏိုင္တာဆုိလို႔ ၂ ပြဲသာရွိခဲ့ၿပီး ဂိုးဖန္တီးမႈလည္း ၅ ႀကိမ္ရွိထားပါတယ္။ ၾသစတႀတီးယားလိဂ္မွာ သူဟာ ၁၁ ဂိုးသြင္းထားတာပါ။ ၾသစႀတီးယားရႈံးထြက္ဖလားမွာ ကစားရတဲ့ ၁ ပြဲမွာ ဟက္ထရစ္ရထားပါတယ္။ ၁၉ ႏွစ္အရြယ္ ကစားသမားေလးတစ္ေယာက္ရဲ႕ဒီရာသီဂိုးသြင္းေျခစြမ္းဟာ အံ့မခန္းလိလိပါပဲ။ ဒီေကာင္ေလးဟာ ပရီးမီးယားလိဂ္မွာကစားဖူးတဲ့ လိဒ္နဲ႔မန္စီးတီးေနာက္ခံလူေဟာင္း အက္ဖ္အင္ဂီဟာလန္းရဲ႕သားပါ။ ဒါေၾကာာင့္ တစ္ခ်ိန္မွာ သူဖခင္လုိပဲ ပရီးမီးယားလိဂ္ကိုေရာက္လာႏိုင္တဲ့သူျဖစ္ပါတယ္။