ဒီယာလိုထက်ပိုပြီး အသင်းကြီးရောက်ဖို့နီးစပ်တဲ့ လူငယ်ရဲ့နာမည်ကို ဆိုးလ်ရှားဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အတ္တလန္တာကခေါ်ယူထားတဲ့ ဒီယာလိုထက်စာရင် အသင်းကြီးဆီရောက်ဖို့ ပိုမိုးနီးစပ်နေတဲ့ လူငယ်တစ်ဦးရဲ့အမည်ကိုထုတ်ပြောလိုက်ပါတယ်။ သူကတော့ အသက် ၁၇ နှစ်သာရှိသေး တဲ့ ဂျိုးဟက်ဂျိုးလ်ဆိုသူဖြစ်ပြီး လီဗာပူးကို ၆-၃ နဲ့နိုင်ခဲ့တဲ့ ယူ-၂၃ ပွဲစဥ်မှာ ၄ ဂိုးသွင်းယူကာခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။

အတ္တလန္တာကနေပေါင် ၃၆ သန်းနဲ့ရောက်လာတဲ့ ဒီယာလိုဟာလည်း လီဗာပူးနဲ့ပွဲမှာခြေစွမ်းပြပြီး ပင်နယ်တီတစ်ဂိုးအပါအဝင် ၂ ဂိုးသွင်းယူခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ဂိုးတွေနဲ့ မန်ယူဟာလည်း ပရီးမီးယားလိဂ်-၂ ပြိုင်ပွဲအဖြစ် ယှဥ်ပြိုင်တဲ့ အဲဒီပွဲစဥ်မှာ ဂိုးပြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းမှာ ဒီယာလိုနဲ့ ပတ်သက်ပြီး ဘဲ စိတ်ဝင်စားခဲ့ကြတာကြောင့် သူ ၂ ဂိုးသွင်းယူမှုကို မီဒီယာတွေက အသားပေးဖော်ပြခဲ့ကြတာပါ။

ဒါပေမယ့် အဲဒီပွဲမှာ မန်ယူစီနီယာအသင်းနည်းပြတွေရဲ့ အာရုံကိုတကယ်ဖမ်းစားသွားခဲ့သူကတော့ ဟက်ဂျိုးလ် ဘဲဖြစ်ပါတယ်။ မန်ယူပရိသတ်တွေကတော့ ဒီယာလိုကို စီနီယာအသင်းမှာအမြန်ဆုံးပါဝင်စေဖို့ အလိုရှိနေကြတာမှန်ပေမယ့် ဆိုးလ်ရှားကတော့ ဟက်ဂျိုးလ် ရဲ့ခြေစွမ်းကိုပိုပြီးသဘောကျခဲ့တာပါ။

သူက” ဒီယာလိုဟာ ခြေစွမ်းမြင့်မားပြီး အလားအလာရှိတာမှန်ပေမယ့် သူဟာအသားကျဖို့ အချိန်ယူဖို့လိုနေပါသေးတယ်။ လီဗာပူးနဲ့ပွဲက လူငယ်တွေအကြောင်းပြောရရင်တော့ ကျွန်တော်ကတော့ ဟက်ဂျိုးလ် ကိုရွေးရမှာဘဲ။ ၄ ဂိုးသွင်းခဲ့တဲ့ ဟက်ဂျိုးလ်ဟာ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ရဲ့အရည်အသွေးမျိုးလည်း ရှိနေပါတယ်။ သူ့တိုးတက်မှုကို ကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်သွားမှာပါ။

ဒီယာလိုဟာ ခြေစွမ်းပြနိုင်မှုနဲ့ ပွဲထွက်ခဲ့ပြီး ဟက်ဂေးလ်က သူ ၅ ဂိုးသွင်းယူတယ်ဆိုတဲ့ မှတ်တမ်းရမှာဖြစ်ပေမယ့် ပင်နယ်တီရတော့ ဒီယာလိုကို ဘာကြောင့်ပေးကန်ခဲ့သလဲဆိုတာ သူနဲ့တွေ့မှ ကျွန်တော်မေးရပါဦးမယ်” လို့ပြောသွားပါတယ်။ ဟက်ဂျိုးလ်ဟာ ယူ-၁၈ အသင်းကစားသမားသာဖြစ်ပေမယ့် ခြေစွမ်းတိုးတက်မှုမြန်လာတာကြောင့် ယူ-၂၃ အသင်းကြီးမှာ ပါဝင်လာတာဖြစ်ပြီး ဒီရာသီမှာ ယူ-၁၈ နဲ့ ယူ-၂၃ အသင်းတွေအတွက် ၁၄ ဂိုးသွင်းယူထားသူ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီယာလိုထက္ပိုၿပီး အသင္းႀကီးေရာက္ဖို႔နီးစပ္တဲ့ လူငယ္ရဲ႕နာမည္ကို ဆိုးလ္ရွားဖြင့္ဟ

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက အတၱလႏၲာကေခၚယူထားတဲ့ ဒီယာလိုထက္စာရင္ အသင္းႀကီးဆီေရာက္ဖို႔ ပိုမိုးနီးစပ္ေနတဲ့ လူငယ္တစ္ဦးရဲ႕အမည္ကိုထုတ္ေျပာလိုက္ပါတယ္။ သူကေတာ့ အသက္ ၁၇ ႏွစ္သာရွိေသး တဲ့ ဂ်ိဳးဟက္ဂ်ိဳးလ္ဆိုသူျဖစ္ၿပီး လီဗာပူးကို ၆-၃ နဲ႔ႏိုင္ခဲ့တဲ့ ယူ-၂၃ ပြဲစဥ္မွာ ၄ ဂိုးသြင္းယူကာေျခစြမ္းျပခဲ့သူ ျဖစ္ပါတယ္။

အတၱလႏၲာကေနေပါင္ ၃၆ သန္းနဲ႔ေရာက္လာတဲ့ ဒီယာလိုဟာလည္း လီဗာပူးနဲ႔ပြဲမွာေျခစြမ္းျပၿပီး ပင္နယ္တီတစ္ဂိုးအပါအဝင္ ၂ ဂိုးသြင္းယူခဲ့တာပါ။ သူတို႔ႏွစ္ဦးရဲ႕ဂိုးေတြနဲ႔ မန္ယူဟာလည္း ပရီးမီးယားလိဂ္-၂ ၿပိဳင္ပြဲအျဖစ္ ယွဥ္ၿပိဳင္တဲ့ အဲဒီပြဲစဥ္မွာ ဂိုးျပတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အေစာပိုင္းမွာ ဒီယာလိုနဲ႔ ပတ္သက္ၿပီး ဘဲ စိတ္ဝင္စားခဲ့ၾကတာေၾကာင့္ သူ ၂ ဂိုးသြင္းယူမႈကို မီဒီယာေတြက အသားေပးေဖာ္ျပခဲ့ၾကတာပါ။

ဒါေပမယ့္ အဲဒီပြဲမွာ မန္ယူစီနီယာအသင္းနည္းျပေတြရဲ႕ အာ႐ုံကိုတကယ္ဖမ္းစားသြားခဲ့သူကေတာ့ ဟက္ဂ်ိဳးလ္ ဘဲျဖစ္ပါတယ္။ မန္ယူပရိသတ္ေတြကေတာ့ ဒီယာလိုကို စီနီယာအသင္းမွာအျမန္ဆုံးပါဝင္ေစဖို႔ အလိုရွိေနၾကတာမွန္ေပမယ့္ ဆိုးလ္ရွားကေတာ့ ဟက္ဂ်ိဳးလ္ ရဲ႕ေျခစြမ္းကိုပိုၿပီးသေဘာက်ခဲ့တာပါ။ သူက” ဒီယာလိုဟာ ေျခစြမ္းျမင့္မားၿပီး အလားအလာရွိတာမွန္ေပမယ့္ သူဟာအသားက်ဖို႔ အခ်ိန္ယူဖို႔လိုေနပါေသးတယ္။ လီဗာပူးနဲ႔ပြဲက လူငယ္ေတြအေၾကာင္းေျပာရရင္ေတာ့ ကြၽန္ေတာ္ကေတာ့ ဟက္ဂ်ိဳးလ္ကိုေ႐ြးရမွာဘဲ။ ၄ ဂိုးသြင္းခဲ့တဲ့ ဟက္ဂ်ိဳးလ္ဟာ ထိပ္တန္းတိုက္စစ္မႉးတစ္ေယာက္ရဲ႕အရည္အေသြးမ်ိဳးလည္း ရွိေနပါတယ္။ သူ႔တိုးတက္မႈကို ကြၽန္ေတာ္တို႔ဆက္ၿပီးေစာင့္ၾကည့္သြားမွာပါ။ ဒီယာလိုဟာ ေျခစြမ္းျပႏိုင္မႈနဲ႔ ပြဲထြက္ခဲ့ၿပီး ဟက္ဂ်ိဳးလ္က သူ ၅ ဂိုးသြင္းယူတယ္ဆိုတဲ့ မွတ္တမ္းရမွာျဖစ္ေပမယ့္ ပင္နယ္တီရေတာ့ ဒီယာလိုကို ဘာေၾကာင့္ေပးကန္ခဲ့သလဲဆိုတာ သူနဲ႔ေတြ႕မွ ကြၽန္ေတာ္ေမးရပါဦးမယ္” လို႔ေျပာသြားပါတယ္။

ဟက္ဂ်ိဳးလ္ဟာ ယူ-၁၈ အသင္းကစားသမားသာျဖစ္ေပမယ့္ ေျခစြမ္းတိုးတက္မႈျမန္လာတာေၾကာင့္ ယူ-၂၃ အသင္းႀကီးမွာ ပါဝင္လာတာျဖစ္ၿပီး ဒီရာသီမွာ ယူ-၁၈ နဲ႔ ယူ-၂၃ အသင္းေတြအတြက္ ၁၄ ဂိုးသြင္းယူထားသူ ျဖစ္ပါတယ္။