ဒီမာရီယာဟာ အသင်းဟောင်းမန်ယူကို မုန်းနေသူလို့ ပီအက်စ်ဂျီဂိုးသမားဖွင့်ဟ

photo-daily mail

photo-AP

ပီအက်စ်ဂျီကွင်းလယ်လူဒီမာရီယာဟာ အသင်းဟောင်းမန်ယူကို မြင်တောင် မမြင်ချင်ပါဘူးတဲ့။ ဒါကြောင့်လည်း တီဗီမှာ မန်ယူနဲ့ပတ်သက်တာ လာတာနဲ့ တခြားချန်နယ်ကို သူပြောင်းလိုက်တယ်လို့ ပီအက်စ်ဂျီအသင်းဖော်ဖြစ်တဲ့ ဂိုးသမားဘူလ်ကာက ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲဒီအာဂျင်တီးနားကွင်းလယ်လူဟာ ၂၀၁၄ သြဂုတ်တုန်းက အဲဒီတုန်းက ကလပ်စံချိန်တင်ကြေးဖြစ်တဲ့ ပေါင် ၅၉.၇ သန်းနဲ့ ရီးရဲလ်ကနေ မန်ယူကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်နှစ်အကြာမှာပဲ ပီအက်စ်ဂျီကို ပြောင်းသွားခဲ့ရပါတယ်။

photo-Ian Hodgson

”ဒီမာရီယာဟာ မန်ယူကို မုန်းပါတယ်။ အဲဒီမှာ သူရှိခဲ့တဲ့အချိန်တွေက အမှတ်တရကောင်းတွေ မဟုတ်ခဲ့ပါဘူး။ အဲဒါကြောင့် တီဗီမှာ မန်ယူနဲ့ပတ်သက်တာ တစ်ခုခုလာတာနဲ့ တခြားချန်နယ်ကို သူအလျင်အမြန်ပဲ ပြောင်းလိုက်ပါတယ်”လို့ ပီအက်စ်ဂျီဂိုးသမားဘူလ်ကာက အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။

photo-gettyimages

အသက် ၃၂ နှစ်အရွယ် ဒီမာရီယာဟာ ရီးရဲလ်ကနေ သူရောက်လာတုန်းက ဂန္ထဝင်ကျောနံပါတ်ဖြစ်တဲ့ နံပါတ် ၇ သူ့ကို ပေးခဲ့တာနဲပတ်သက်ပြီးတော့လည်း မကြာသေးခင်တုန်းက အသင်းဟောင်းကို ဝေဖန်ပြစ်တင်မှု ပြုလုပ်ခဲ့ပါသေးတယ်။ သူအဆင်ဆင့်မဖြစ်သေးတဲ့ တာဝန်တစ်ခုကို ယူလိုက်ရတာလို့ ပြောခဲ့တာပါ။ အဲဒီတုန်းက မန်ယူမှာ သူလိုချင်တဲ့ နံပါတ် ၁၁ ဟာ ဂျာနူဇက်ဝတ်ဆင်နေတာဖြစ်လို့ နံပါတ် ၇ ယူဖို့ ဖိအားပေးခံခဲ့ရတယ်လို့ ဒီမာရီယာက ဆိုခဲ့တာပါ။

[Zawgyi]

ဒီမာရီယာဟာ အသင္းေဟာင္းမန္ယူကို မုန္းေနသူလို႔ ပီအက္စ္ဂ်ီဂိုးသမားဖြင့္ဟ

ပီအက္စ္ဂ်ီကြင္းလယ္လူဒီမာရီယာဟာ အသင္းေဟာင္းမန္ယူကို ျမင္ေတာင္ မျမင္ခ်င္ပါဘူးတဲ့။ ဒါေၾကာင့္လည္း တီဗီမွာ မန္ယူနဲ႔ပတ္သက္တာ လာတာနဲ႔ တျခားခ်န္နယ္ကို သူေျပာင္းလိုက္တယ္လို႔ ပီအက္စ္ဂ်ီအသင္းေဖာ္ျဖစ္တဲ့ ဂိုးသမားဘူလ္ကာက ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ အဲဒီအာဂ်င္တီးနားကြင္းလယ္လူဟာ ၂၀၁၄ ၾသဂုတ္တုန္းက အဲဒီတုန္းက ကလပ္စံခ်ိန္တင္ေၾကးျဖစ္တဲ့ ေပါင္ ၅၉.၇ သန္းနဲ႔ ရီးရဲလ္ကေန မန္ယူကုိ ေရာက္လာခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္တစ္ႏွစ္အၾကာမွာပဲ ပီအက္စ္ဂ်ီကို ေျပာင္းသြားခဲ့ရပါတယ္။

”ဒီမာရီယာဟာ မန္ယူကုိ မုန္းပါတယ္။ အဲဒီမွာ သူရွိခဲ့တဲ့အခ်ိန္ေတြက အမွတ္တရေကာင္းေတြ မဟုတ္ခဲ့ပါဘူး။ အဲဒါေၾကာင့္ တီဗီမွာ မန္ယူနဲ႔ပတ္သက္တာ တစ္ခုခုလာတာနဲ႔ တျခားခ်န္နယ္ကို သူအလ်င္အျမန္ပဲ ေျပာင္းလုိက္ပါတယ္”လို႔ ပီအက္စ္ဂ်ီဂိုးသမားဘူလ္ကာက အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့တာပါ။

အသက္ ၃၂ ႏွစ္အရြယ္ ဒီမာရီယာဟာ ရီးရဲလ္ကေန သူေရာက္လာတုန္းက ဂႏၳ၀င္ေက်ာနံပါတ္ျဖစ္တဲ့ နံပါတ္ ၇ သူ႔ကိို ေပးခဲ့တာနဲပတ္သက္ၿပီးေတာ့လည္း မၾကာေသးခင္တုန္းက အသင္းေဟာင္းကို ေ၀ဖန္ျပစ္တင္မႈ ျပဳလုပ္ခဲ့ပါေသးတယ္။ သူအဆင္ဆင့္မျဖစ္ေသးတဲ့ တာ၀န္တစ္ခုကို ယူလိုက္ရတာလို႔ ေျပာခဲ့တာပါ။ အဲဒီတုန္းက မန္ယူမွာ သူလိုခ်င္တဲ့ နံပါတ္ ၁၁ ဟာ ဂ်ာႏူဇက္၀တ္ဆင္ေနတာျဖစ္လုိ႔ နံပါတ္ ၇ ယူဖို႔ ဖိအားေပးခံခဲ့ရတယ္လို႔ ဒီမာရီယာက ဆိုခဲ့တာပါ။