ဒီဘားလားေတာင္းဆုိထားတဲ့အတုိင္း တစ္ႏွစ္လုပ္ခ ေပါင္ ၁၀သန္းေပးဖို႔ ယူႏိုက္တက္အသင့္ရွိေနဟုဆို

Photo Credit

Photo Credit ; Getty Images

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္အသင္းဟာ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဒီဘားလားကို ေခၚယူႏုိင္ေရးအတြက္ အဲဒီကစားသမားေတာင္းဆုိထားတဲ့ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၀သန္းေပးေခ်ဖို႔ ျပင္ဆင္လ်က္ရွိေၾကာင္း သိရပါတယ္။ ယူႏိုက္တက္ဟာ လက္ရွိအခ်ိန္မွာ အာဂ်င္တီးနားလက္ေရြးစင္ ဒီဘားလားကို အလဲအထပ္နဲ႔ေခၚယူႏိုင္ေရးအတြက္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ေဆြးေႏြးမႈေတြျပဳလုပ္ေနၿပီး အျပန္အလွန္အားျဖင့္ တိုက္စစ္မွဴး လူကာကူက တူရင္အေျခစုိက္အသင္းကုိ ေရာက္ရွိမွာျဖစ္ပါတယ္။

Photo Credit ; Getty Images

ဒီဘားလားကေတာ့ အခုခ်ိန္အထိသူ႕အနာဂတ္ကို မဆုံးျဖတ္ရေသးဘဲ အားလပ္ရက္အနားယူရာကေန ယခုတစ္ပတ္အေစာပိုင္းက တူရင္ၿမိဳ႕ကို ျပန္ေရာက္လာၿပီးေနာက္ သူ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ ဂ်ဴဗင္တပ္စ္နည္းျပသစ္ ဆာရီနဲ႔ ေတြ႕ဆုံေဆြးေႏြးမွာျဖစ္ပါတယ္။ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ဖို႔ အသင္းေဖာ္ၾကယ္ပြင့္တုိက္စစ္မွဴး ေရာ္နယ္ဒိုရဲ႕တိုက္တြန္းခံထားရတဲ့ ဒီဘားလားဟာ တကယ္လုိ႔ ဂ်ဴဗင္တပ္စ္မွာ ပုံမွန္ကစားခြင့္အတြက္ လုံေလာက္တဲ့အာမခံခ်က္ရရွိရင္ တူရင္အေျခစိုက္အသင္းကေန ထြက္ခြာဖြယ္မရွိေၾကာင္းသိရပါတယ္။

Photo Credit

အသက္ ၂၅ႏွစ္အရြယ္ရွိ ဒီဘားလားရဲ႕ကိုယ္စားလွယ္ေတြက ယူႏုိက္တက္အေနနဲ႔ ဒီဘားလားကို ေခၚယူလုိရင္ တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀ အထိ ေပးေခ်ရလိမ့္မယ္လုိ႔ အေၾကာင္းၾကားထားပါတယ္။ အီတလီသတင္းစာ Corriere Dello Sport ရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္က ဒီဘားလားရဲ႕ေတာင္းဆုိခ်က္ေတြကို လုိက္ေလ်ာဖို႔ အသင့္ရွိေနၿပီး အပိုဆုေၾကးမပါ တစ္ႏွစ္လုပ္ခ ေပါင္ ၁၀သန္းနဲ႔ ကမ္းလွမ္းဖြယ္ရွိေနေၾကာင္း သိရပါတယ္။ အဲဒီသတင္းစာကပဲ ယူႏုိက္တက္ဟာ ဒီဘားလားရဲ႕အေျပာင္းအေရႊ႕ကို အတတ္ႏိုင္ဆုံးျမန္ျမန္အၿပီးသတ္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနေပမယ့္ ကစားသမားဘက္က တုံ႔ျပန္မႈကို ေစာင့္ဆုိင္းေနရဆဲျဖစ္ေၾကာင္း ေရးသားခဲ့ပါတယ္။

Photo Credit ; Getty Images

ယူႏိုက္တက္ဟာ ဒီဘားလားရဲ႕ဂ်ဴဗင္တပ္စ္အသင္းေဖာ္တုိက္စစ္မွဴး မန္ဇူကစ္ကိုလည္း ေခၚယူဖို႔ ေပါင္ ၁၅သန္းနဲ႔ ကမ္းလွမ္းထားတယ္လုိ႔ သိရၿပီး တနလၤာေန႔မွာ အေျပာင္းအေရႊ႕ျဖစ္ေပၚလိမ့္မယ္လုိ႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။ ယေန႔ညကစားရမယ့္ ေအစီမီလန္နဲ႔ပြဲအတြက္ အသင္းရဲ႕လူစာရင္းမွာ ပါ၀င္မလာတဲ့ ယူႏုိက္တက္တုိက္စစ္မွဴး လူကာကူကလည္း ဂ်ဴဗင္တပ္စ္ကို ေရာက္ရွိဖို႔ အေတာ္ေလးနီးစပ္ေနၿပီး ဂ်ဴဗင္တပ္စ္နဲ႔ ပုဂၢိဳလ္ေရးဆုိင္ရာသေဘာတူညီခ်က္ေတြေတာင္ ရယူထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။

Photo Credit

Unicode

ဒီဘားလားတောင်းဆိုထားတဲ့အတိုင်း တစ်နှစ်လုပ်ခ ပေါင် ၁၀သန်းပေးဖို့ ယူနိုက်တက်အသင့်ရှိနေဟုဆို

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားကို ခေါ်ယူနိုင်ရေးအတွက် အဲဒီကစားသမားတောင်းဆိုထားတဲ့ တစ်နှစ်လုပ်ခလစာ ပေါင် ၁၀သန်းပေးချေဖို့ ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ အာဂျင်တီးနားလက်ရွေးစင် ဒီဘားလားကို အလဲအထပ်နဲ့ခေါ်ယူနိုင်ရေးအတွက် ဂျူဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး အပြန်အလှန်အားဖြင့် တိုက်စစ်မှူး လူကာကူက တူရင်အခြေစိုက်အသင်းကို ရောက်ရှိမှာဖြစ်ပါတယ်။
ဒီဘားလားကတော့ အခုချိန်အထိသူ့အနာဂတ်ကို မဆုံးဖြတ်ရသေးဘဲ အားလပ်ရက်အနားယူရာကနေ ယခုတစ်ပတ်အစောပိုင်းက တူရင်မြို့ကို ပြန်ရောက်လာပြီးနောက် သူ့အနာဂတ်နဲ့ပတ်သက်လို့ ဂျူဗင်တပ်စ်နည်းပြသစ် ဆာရီနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အသင်းဖော်ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့တိုက်တွန်းခံထားရတဲ့ ဒီဘားလားဟာ တကယ်လို့ ဂျူဗင်တပ်စ်မှာ ပုံမှန်ကစားခွင့်အတွက် လုံလောက်တဲ့အာမခံချက်ရရှိရင် တူရင်အခြေစိုက်အသင်းကနေ ထွက်ခွာဖွယ်မရှိကြောင်းသိရပါတယ်။
အသက် ၂၅နှစ်အရွယ်ရှိ ဒီဘားလားရဲ့ကိုယ်စားလှယ်တွေက ယူနိုက်တက်အနေနဲ့ ဒီဘားလားကို ခေါ်ယူလိုရင် တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ အထိ ပေးချေရလိမ့်မယ်လို့ အကြောင်းကြားထားပါတယ်။ အီတလီသတင်းစာ Corriere Dello Sport ရဲ့ဖော်ပြချက်အရ ယူနိုက်တက်က ဒီဘားလားရဲ့တောင်းဆိုချက်တွေကို လိုက်လျောဖို့ အသင့်ရှိနေပြီး အပိုဆုကြေးမပါ တစ်နှစ်လုပ်ခ ပေါင် ၁၀သန်းနဲ့ ကမ်းလှမ်းဖွယ်ရှိနေကြောင်း သိရပါတယ်။ အဲဒီသတင်းစာကပဲ ယူနိုက်တက်ဟာ ဒီဘားလားရဲ့အပြောင်းအရွှေ့ကို အတတ်နိုင်ဆုံးမြန်မြန်အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပေမယ့် ကစားသမားဘက်က တုံ့ပြန်မှုကို စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီဘားလားရဲ့ဂျူဗင်တပ်စ်အသင်းဖော်တိုက်စစ်မှူး မန်ဇူကစ်ကိုလည်း ခေါ်ယူဖို့ ပေါင် ၁၅သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပြီး တနင်္လာနေ့မှာ အပြောင်းအရွှေ့ဖြစ်ပေါ်လိမ့်မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ယနေ့ညကစားရမယ့် အေစီမီလန်နဲ့ပွဲအတွက် အသင်းရဲ့လူစာရင်းမှာ ပါဝင်မလာတဲ့ ယူနိုက်တက်တိုက်စစ်မှူး လူကာကူကလည်း ဂျူဗင်တပ်စ်ကို ရောက်ရှိဖို့ အတော်လေးနီးစပ်နေပြီး ဂျူဗင်တပ်စ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေတောင် ရယူထားပြီးဖြစ်ကြောင်း သိရပါတယ်။