
Photo Credit
Photo Credit
ဂ်ဴဗင္တပ္စ္က စေနညမွာ စပယ္ကို အိမ္ကြင္းမွာ ဂိုးျပတ္အႏုိင္ယူၿပီး အမွတ္ေပးဇယားထိပ္ဆုံးက အင္တာမီလန္ကို ဆက္လက္ဖိအားေပးႏိုင္တာက သိပ္ထူးဆန္းတဲ့အေၾကာင္းအရာမဟုတ္ပါဘူး။ အဲဒီမွာ ေျပာစရာျဖစ္လာတာက ေရာ္နယ္ဒိုရဲ႕အဆုံးသတ္ဂိုးပါ။
Photo Credit
ေရာ္နယ္ဒိုရဲ႕ေခါင္းတုိက္သြင္းဂိုးက ခပ္လွမ္းလွမ္းသြင္းသြားတာျဖစ္ေပမယ့္ ေရာ္နယ္ဒိုက နဂုိကတည္းက ေခါင္းတုိက္စြမ္းရည္ေကာင္းမြန္ၿပီးသားဆုိေတာ့ အဲဒီအေၾကာင္းကလည္း ေျပာစရာသိပ္မရွိဘူး။ အဓိကေျပာခ်င္တာက အဲဒီဂိုးကို ပူးေပါင္းဖန္တီးခဲ့ၾကတဲ့ ဂ်ဴဗင္တပ္စ္အသင္းသားေတြရဲ႕ Team Goal အေၾကာင္းပါ။
Photo Credit
ေနာက္ၿပီး ဒီဂုိးမွာ မျဖစ္မေနအသိအမွတ္ျပဳရမွာက ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဒီဘားလားျဖစ္ၿပီး အဲဒီဂိုးအတြက္ Build-up လုပ္ရာမွာ သူက စတင္အသက္သြင္းတာျဖစ္သလို ေရာ္နယ္ဒိုထံ တိက်တဲ့ျဖတ္တင္ေဘာေပးပု႔ိခဲ့တာလည္း သူပါပဲ။
Photo Credit
ပြဲခ်ိန္ ၇၈မိနစ္မွာ ကြင္းလယ္ဘယ္ဘယ္နားမွာ ၿပိဳင္ဘက္ကစားသမား ၂ဦးၾကားကေန ေဘာလုံးရယူကာ ျပန္လည္ေပးပို႔ရင္း လြတ္ေနတဲ့ဘယ္ေတာင္ပံတစ္ေလွ်ာက္ ေျပးကာ ကြင္းလယ္က ျပန္ထုိးေပးတာကေန ေရာ္နယ္ဒိုအတြက္ တိက်တဲ့ျဖတ္တင္ေဘာ ေပးပို႔ခဲ့တာျဖစ္ပါတယ္။
Photo Credit
ဂ်ဴဗင္တပ္စ္ဟာ ပထမပိုင္းမွာကတည္းက ကြင္းလယ္လူ ပယန္နစ္ရဲ႕ဂိုးနဲ႔အတူ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ပယန္နစ္ရဲ႕ဂိုးကလည္း သူ႕ရဲ႕တစ္ဦးခ်င္းအရည္အေသြးကို ထင္ဟပ္ေစခဲ့ပါတယ္။ ဂိုးဧရိယာထိပ္ကေန ေျခခုံနဲ႔ half-volley ကန္သြင္းသြားတာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေလဗာကူဆင္ဘက္ကို ဇီဒန္းသြင္းယူခဲ့တ့ဲဂိုးနဲ႔ေတာင္ နည္းနည္းတူပါတယ္။
Photo Credit
ဒီဘားလားဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း အသင္းေျပာင္းေရႊ႕ဖုိ႔ သတင္းေတြထြက္ေပၚခဲ့သူျဖစ္ၿပီး ရာသီအေစာပိုင္းမွာလည္း ပြဲထြက္ခြင့္ဆုံး႐ံႈးခဲ့ရပါတယ္။ ဒါေပမဲ့ သူဟာ ဒီပြဲမွာ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္ခြင့္ရခဲ့ၿပီးေနာက္ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ပရိသတ္ေတြကလည္း သူနဲ႔ ေရာ္နယ္တုိ႔ၾကား နားလည္မႈအျပည့္ရွိမႈကို လူမႈမီဒီယာမွာ အသီးသီးခ်ီးက်ဴးခဲ့ၾကပါတယ္။
Photo Credit
Unicode
ဒီဘားလားနဲ့ ရော်နယ်ဒိုတို့ ပူးပေါင်းဖန်တီးခဲ့တဲ့ အံ့အားသင့်ဖွယ် Team Goal
ဂျူဗင်တပ်စ်က စနေညမှာ စပယ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးက အင်တာမီလန်ကို ဆက်လက်ဖိအားပေးနိုင်တာက သိပ်ထူးဆန်းတဲ့အကြောင်းအရာမဟုတ်ပါဘူး။ အဲဒီမှာ ပြောစရာဖြစ်လာတာက ရော်နယ်ဒိုရဲ့အဆုံးသတ်ဂိုးပါ။
ရော်နယ်ဒိုရဲ့ခေါင်းတိုက်သွင်းဂိုးက ခပ်လှမ်းလှမ်းသွင်းသွားတာဖြစ်ပေမယ့် ရော်နယ်ဒိုက နဂိုကတည်းက ခေါင်းတိုက်စွမ်းရည်ကောင်းမွန်ပြီးသားဆိုတော့ အဲဒီအကြောင်းကလည်း ပြောစရာသိပ်မရှိဘူး။ အဓိကပြောချင်တာက အဲဒီဂိုးကို ပူးပေါင်းဖန်တီးခဲ့ကြတဲ့ ဂျူဗင်တပ်စ်အသင်းသားတွေရဲ့ Team Goal အကြောင်းပါ။
နောက်ပြီး ဒီဂိုးမှာ မဖြစ်မနေအသိအမှတ်ပြုရမှာက ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားဖြစ်ပြီး အဲဒီဂိုးအတွက် Build-up လုပ်ရာမှာ သူက စတင်အသက်သွင်းတာဖြစ်သလို ရော်နယ်ဒိုထံ တိကျတဲ့ဖြတ်တင်ဘောပေးပု့ိခဲ့တာလည်း သူပါပဲ။
ပွဲချိန် ၇၈မိနစ်မှာ ကွင်းလယ်ဘယ်ဘယ်နားမှာ ပြိုင်ဘက်ကစားသမား ၂ဦးကြားကနေ ဘောလုံးရယူကာ ပြန်လည်ပေးပို့ရင်း လွတ်နေတဲ့ဘယ်တောင်ပံတစ်လျှောက် ပြေးကာ ကွင်းလယ်က ပြန်ထိုးပေးတာကနေ ရော်နယ်ဒိုအတွက် တိကျတဲ့ဖြတ်တင်ဘော ပေးပို့ခဲ့တာဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ဟာ ပထမပိုင်းမှာကတည်းက ကွင်းလယ်လူ ပယန်နစ်ရဲ့ဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ပယန်နစ်ရဲ့ဂိုးကလည်း သူ့ရဲ့တစ်ဦးချင်းအရည်အသွေးကို ထင်ဟပ်စေခဲ့ပါတယ်။ ဂိုးဧရိယာထိပ်ကနေ ခြေခုံနဲ့ half-volley ကန်သွင်းသွားတာဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လေဗာကူဆင်ဘက်ကို ဇီဒန်းသွင်းယူခဲ့တဲ့ဂိုးနဲ့တောင် နည်းနည်းတူပါတယ်။
ဒီဘားလားဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပြီး ရာသီအစောပိုင်းမှာလည်း ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ ဒီပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီးနောက် ခြေစွမ်းပြနိုင်ခဲ့ပြီး ပရိသတ်တွေကလည်း သူနဲ့ ရော်နယ်တို့ကြား နားလည်မှုအပြည့်ရှိမှုကို လူမှုမီဒီယာမှာ အသီးသီးချီးကျူးခဲ့ကြပါတယ်။